ယေရမိ 50:40 - မြန်မာ့စံမီသမ္မာကျမ်း40 ထာဝရဘုရားက “ထိုပြည်သည် ဘုရားသခင်ဖျက်ဆီးပစ်သည့် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အိမ်နီးချင်းမြို့တို့ကဲ့သို့ ဖြစ်မည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။ Ver CapítuloCommon Language Bible40 သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။ Ver CapítuloGarrad Bible40 ငါ ဘု ရား သ ခင် ဖြို လှဲ ခဲ့ သော သော ဒုံ၊ ဂေါ မော ရ မှ စ၍၊ နီး စပ် သော မြို့ ရွာ များ နည်း တူ၊ ထို ပြည် တွင် နေ ထိုင် သူ လူ သ တ္တ ဝါ၊ တည်း ခို သူ လူ့ သား ရှိ တော့ မည် မ ဟုတ်။ Ver CapítuloJudson Bible40 သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ နီးစပ်သော မြို့များကို ဘုရားသခင် ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံသကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှ မနေရ၊ လူသားတစ်စုံတစ်ယောက်မျှ နေရာမကျရဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။