လူမျိုးအပေါင်းတို့အတွက် အချက်ပြအလံလွှင့်ထူတော်မူမည်။ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးတို့ကို ပြန်စုဝေးစေတော်မူမည်။ ကွဲလွင့်နေသောယုဒအမျိုးတို့ကို မြေကြီးအရပ်လေးမျက်နှာမှ ခေါ်ယူစုစည်းတော်မူမည်။
ဟောရှေ 2:2 - မြန်မာ့စံမီသမ္မာကျမ်း “သင်တို့၏မိခင်ကို အပြစ်တင်ကြ။ သူသည် ငါ့မယားမဟုတ်။ ငါသည်လည်း သူ့ခင်ပွန်းမဟုတ်ကြောင်း ပြောပြကြလော့။ ပြည့်တန်ဆာလုပ်ရပ်တို့ကို ဖယ်ရှား၍ သူ့သားမြတ်နှင့် မှားယွင်းမှုပြုခြင်းကို ရပ်တန့်စေလော့။ Common Language Bible ငါ၏သားသမီးတို့သင်တို့၏မိခင်အားမေတ္တာ ရပ်ခံလော့။ သူသည်ငါ၏ဇနီးမဟုတ်တော့ ပြီ။ ငါသည်လည်းသူ၏ခင်ပွန်းမဟုတ်တော့ ပြီ၊ သို့ရာတွင်မျောက်မထားသောအကျင့် နှင့်ပြည့်တန်ဆာအလုပ်ကိုစွန့်ရန် သင်တို့ ၏မိခင်အားမေတ္တာရပ်ခံလော့။- Garrad Bible သင် တို့ အ မိ သည် ငါ့ မ ယား၊ ငါ လည်း သူ့ ခင် ပွန်း မ ဟုတ်။ မှား ယွင်း မှု၊ မျောက် မ ထား မှု များ ကို မျက် နှာ နှင့် သား မြတ် မှ ပယ် ရှား စေ ခြင်း ငှာ ဘက် ပြိုင် ကြ လော့။ Judson Bible သင်တို့အမိနှင့် ဆွေးနွေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွေးကြလော့။ ပြည့်တန်ဆာမျက်နှာကိုပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။ |
လူမျိုးအပေါင်းတို့အတွက် အချက်ပြအလံလွှင့်ထူတော်မူမည်။ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးတို့ကို ပြန်စုဝေးစေတော်မူမည်။ ကွဲလွင့်နေသောယုဒအမျိုးတို့ကို မြေကြီးအရပ်လေးမျက်နှာမှ ခေါ်ယူစုစည်းတော်မူမည်။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
ကျယ်လောင်စွာဟစ်ကြော်လော့။ ထိန်းချုပ်မထားနှင့်။ တံပိုးမှုတ်သံကဲ့သို့ သင်၏အသံကိုလွှင့်၍ ငါ့လူမျိုးတော်တို့အား သူတို့ကျူးလွန်သောအပြစ်ကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်အား သူတို့၏အပြစ်များကိုလည်းကောင်း ဖော်ပြလော့။
‘အို ယုဒဘုရင်နှင့် ဂျေရုဆလင်မြို့သားတို့၊ ထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် ဤအရပ်၌ဘေးအန္တရာယ် ကျရောက်စေမည်။ ကြားရသူတိုင်း နားခါးလိမ့်မည်။
“ဂျေရုဆလင်မြို့ကြားသိအောင်သွား၍ဟစ်အော်လော့။ ထာဝရဘုရားမိန့်တော်မူသည်မှာ ‘သင်ငယ်ရွယ်စဉ်က ငါ့အပေါ်မေတ္တာထားခဲ့သည်ကိုလည်းကောင်း၊ သတို့သမီးအချစ်နှင့် ချစ်ခဲ့သည်ကိုလည်းကောင်း၊ မြေရိုင်းမြေကောတောကန္တာရ၌ ငါ့နောက်လိုက်ခဲ့သည်ကိုလည်းကောင်း ငါအောက်မေ့၏။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်၏ဒုစရိုက်တို့ကို ဝန်ခံလော့။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုပုန်ကန်၍ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌ တစ်ပါးအမျိုးသားတို့နှင့် မွေ့လျော်၏။ ငါ့စကားကိုလည်း သင်နားမထောင်’ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုကာလ၌ ယုဒအမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ သွားလာကြလိမ့်မည်။ သူတို့သည် သင်တို့ဘိုးဘေးတို့အား ငါအမွေပေးသောပြည်သို့ မြောက်ဘက်အရပ်မှ အတူတကွလာကြလိမ့်မည်။
‘သင်သည် ပြည့်တန်ဆာပြုခြင်းဖြင့် မလုံလောက်သေး။ သင်မွေးလာသောသားသမီးတို့ကိုယူ၍ ထိုရုပ်တုတို့အား အစာအဖြစ် ပူဇော်၏။
လမ်းဆုံလမ်းခွတိုင်း၌ အထွတ်အမြတ်ထားရာနေရာကိုတည်၏။ သင်၏အလှကို စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်စေ၏။ သင်၏ခြေကိုကားပြီး ဖြတ်သန်းသွားသူအပေါင်းတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်း၏။
အချင်းလူသား၊ သင်စီရင်လော့။ သူတို့ကို သင်စီရင်လော့။ သူတို့ဘိုးဘေးတို့ပြုခဲ့သည့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သူတို့အား ပြောပြလော့။
ထိုအခါ ငါက ပြည့်တန်ဆာဝါရင့်နေသော ဤမိန်းမနှင့်ပတ်သက်၍ ‘ဤယောက်ျားတို့သည် ဤမိန်းမနှင့်ပင် ဖောက်ပြန်မှားယွင်းနေကြပေဦးမည်’ဟု ဆိုမိ၏။
သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူအသက်သတ်သောမိန်းမ ဖြစ်ကြသောကြောင့် အိမ်ထောင်ရေးဖောက်ပြန်သူ၊ လူအသက်ကိုသတ်သူတို့ကိုစီရင်သည့်အတိုင်း ဖြောင့်မတ်သောသူတို့က သူတို့ကို စီရင်လိမ့်မည်။
ဦးစွာဟောရှေအားဖြင့် ထာဝရဘုရားမိန့်ဆိုရာတွင် ထာဝရဘုရားက ဟောရှေအား “သင်သွား၍ ပြည့်တန်ဆာမိန်းမတစ်ဦးနှင့်စုံဖက်ပြီးလျှင် ပြည့်တန်ဆာသားသမီးတို့ကို မွေးဖွားလော့။ အကြောင်းမူကား ပြည်သည် အထပ်ထပ်ဖောက်ပြန်မှားယွင်းလျက် ထာဝရဘုရားထံမှ လမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။
သင်တို့၏ညီအစ်ကိုတို့ကို “ငါ့လူမျိုး”၊ သင်တို့၏နှမတို့ကို “ငါ့ချစ်သူ”ဟု ခေါ်ကြလော့။
သူတို့၏အမိသည် ပြည့်တန်ဆာလုပ်၏။ သူတို့ကိုကိုယ်ဝန်ဆောင်သောသူသည် ရှက်ဖွယ်သောအမှုကိုပြု၏။ အကြောင်းမူကား သူက ‘ငါ့အား မုန့်နှင့်ရေ၊ သိုးမွေးနှင့်ချည်ချော၊ ဆီနှင့်ဝိုင်ကို ပေးသောချစ်သူနောက်သို့ ငါလိုက်မည်’ဟု ဆိုတတ်၏။
သင်သည် နေ့အချိန်၌ ခလုတ်တိုက်လဲလိမ့်မည်။ ညအချိန်တွင် ပရောဖက်သည်လည်း သင်နှင့်အတူ ခလုတ်တိုက်လဲလိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
ထိုးဖောက်သွားမည့်သူသည် သူတို့ရှေ့မှကြွမည်။ သူတို့လည်း မြို့တံခါးကိုဖြိုဖျက်ပြီး ထိုတံခါးမှ ဖြတ်သွားကြမည်။ သူတို့၏ရှင်ဘုရင်သည် သူတို့ရှေ့မှကြွမည်။ ထာဝရဘုရားသည် သူတို့ကိုဦးဆောင်တော်မူမည်။”
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။