ယေရမိ 3:13 - မြန်မာ့စံမီသမ္မာကျမ်း13 သင်၏ဒုစရိုက်တို့ကို ဝန်ခံလော့။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုပုန်ကန်၍ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌ တစ်ပါးအမျိုးသားတို့နှင့် မွေ့လျော်၏။ ငါ့စကားကိုလည်း သင်နားမထောင်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ Ver CapítuloCommon Language Bible13 သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။ Ver CapítuloGarrad Bible13 ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပုန် ကန် လျက်၊ အ ရပ် ရပ် ရှိ စိမ်း လန်း သော သစ် ပင် အောက် တွင်၊ အ ခြား ဘု ရား များ နောက် အ ဝ ဝ လိုက်လျှောက် ၍၊ ငါ့ ဗျာ ဒိတ် ကို မ နာ ခံ ဘဲ နေ သော ကိုယ့် ဒု စ ရိုက် ပြစ် ကို ဝန် ခံ လော့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Ver CapítuloJudson Bible13 သင်သည် ငါ့စကားကို နားမထောင်။ သင်၏ ဘုရားသခင် ထာဝရဘုရားကိုပြစ်မှား၍၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌တွေ့သော ဧည့်သည်တို့နှင့် မှားယွင်းသောအပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။