မိက္ခာ 2:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထိုးဖောက်သွားမည့်သူသည် သူတို့ရှေ့မှကြွမည်။ သူတို့လည်း မြို့တံခါးကိုဖြိုဖျက်ပြီး ထိုတံခါးမှ ဖြတ်သွားကြမည်။ သူတို့၏ရှင်ဘုရင်သည် သူတို့ရှေ့မှကြွမည်။ ထာဝရဘုရားသည် သူတို့ကိုဦးဆောင်တော်မူမည်။” Ver CapítuloCommon Language Bible13 သူတို့အားပြည်နှင်ဒဏ်ခံရာမှလွတ် မြောက်ရန် ဘုရားသခင်ကိုယ်တော်တိုင်ရှေ့ ဆောင်လမ်းပြတော်မူမည်။ သူတို့သည်မြို့ တံခါးများကိုချိုးဖောက်၍လွတ်မြောက် လာကြမည်။ သူတို့၏ဘုရင်ထာဝရဘုရား ကိုယ်တော်တိုင်သူတို့ကိုထုတ်ဆောင်တော် မူမည်။ Ver CapítuloGarrad Bible13 မြို့ ရိုး ကို ဖောက် သော အ ရှင် ဦး တည်၍ ကြွ တော် မူ၏။ ရှိ သ မျှ တို့ သည် မြို့ တံ ခါး ဖြင့် ပေါက် လွတ် ထွက် သွား ကြ လေ ပြီ။ သူ တို့ ဘု ရင် ထာ ဝ ရ ဘု ရား သည်၊ ဦး တည် ရှေ့ ဆောင်၍ ချီ ကြွ တော် မူ လေ ပြီ။ Ver CapítuloJudson Bible13 အနိုင်အထက် ဖွင့်သောသူသည် သူတို့ရှေ့မှာသွား၏။ သူတို့သည်လည်း အနိုင်အထက်ဖွင့်၍ တံခါးဝဖြင့် လျှောက်သွားကြ၏။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့မှာသွား၍ ထာဝရဘုရားသည် လမ်းပြတော်မူ၏။ Ver Capítulo |
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။