ယေရမိ 19:3 - မြန်မာ့စံမီသမ္မာကျမ်း3 ‘အို ယုဒဘုရင်နှင့် ဂျေရုဆလင်မြို့သားတို့၊ ထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် ဤအရပ်၌ဘေးအန္တရာယ် ကျရောက်စေမည်။ ကြားရသူတိုင်း နားခါးလိမ့်မည်။ Ver CapítuloCommon Language Bible3 ထာဝရဘုရားက``ယုဒဘုရင်များနှင့် ယေရုရှလင်မြို့သားတို့၊ ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်၊ ငါ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် ကြလော့။ ငါသည်ကြားသိရသူတို့ထိတ်လန့် သည်တိုင်အောင်ဆိုးရွားသည့်ဘေးအန္တရာယ် ကိုဤအရပ်သို့သက်ရောက်စေတော်မူမည်။- Ver CapítuloGarrad Bible3 အို ယု ဒ ဘု ရင် များ နှင့် ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လေ ဟူ ၍ ကြော် ငြာ လော့။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ သည် မှာ၊ ကြား သူ တိုင်း နား အူ လောက် ဖွယ် ဘေး ကို၊ ဤ အ ရပ် ဒေ သ အ ပေါ် သို့ ငါ သင့် ရောက် စေ မည်။ Ver CapítuloJudson Bible3 အို ယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သားများတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။ Ver Capítulo |
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့သည် ငါမိန့်ဆိုသော်လည်း ငါ့စကားကို နားမထောင်ကြ၊ ငါခေါ်သော်လည်း သူတို့မထူးကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို သူတို့အပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။