ဟောရှေ 2:1 - မြန်မာ့စံမီသမ္မာကျမ်း1 သင်တို့၏ညီအစ်ကိုတို့ကို “ငါ့လူမျိုး”၊ သင်တို့၏နှမတို့ကို “ငါ့ချစ်သူ”ဟု ခေါ်ကြလော့။ Ver CapítuloCommon Language Bible1 သို့ဖြစ်၍သင်တို့သည်ဣသရေလနိုင်ငံ သားချင်းတို့အား``ဘုရားသခင်၏လူစု'' ဟူ၍လည်းကောင်း၊ ``ထာဝရဘုရားသနား ကြင်နာသူများ'' ဟူ၍လည်းကောင်းကင်ပွန်း တပ်ခေါ်ကြလော့။ Ver CapítuloGarrad Bible1 ညီ အစ် ကို တို့ ကို အ မ္မိ ဟူ၍ လည်း ကောင်း၊ ညီ အစ် မ တို့ ကို ရု ဟာ မာ ဟူ၍ လည်း ကောင်း တွင် ကြ လော့။ Ver CapítuloJudson Bible1 သင်တို့ညီအစ်ကိုများကို ငါ၏လူဟူ၍လည်းကောင်း၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီး ဟူ၍လည်းကောင်း တစ်ဖန် ခေါ်ကြလော့။ Ver Capítulo |
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။