Biblia Todo Logo
La Biblia Online
- Anuncios -




ဟော​ရှေ 2:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “သင်​တို့​၏​မိခင်​ကို အပြစ်တင်​ကြ​။ သူ​သည် ငါ့​မယား​မ​ဟုတ်​။ ငါ​သည်​လည်း သူ့​ခင်ပွန်း​မ​ဟုတ်​ကြောင်း ပြောပြ​ကြ​လော့​။ ပြည့်တန်ဆာ​လုပ်ရပ်​တို့​ကို ဖယ်ရှား​၍ သူ့​သားမြတ်​နှင့် မှားယွင်းမှုပြု​ခြင်း​ကို ရပ်တန့်​စေ​လော့​။

Ver Capítulo Copiar

Common Language Bible

2 ငါ​၏​သား​သမီး​တို့​သင်​တို့​၏​မိ​ခင်​အား​မေတ္တာ ရပ်​ခံ​လော့။ သူ​သည်​ငါ​၏​ဇ​နီး​မ​ဟုတ်​တော့ ပြီ။ ငါ​သည်​လည်း​သူ​၏​ခင်​ပွန်း​မ​ဟုတ်​တော့ ပြီ၊ သို့​ရာ​တွင်​မျောက်​မ​ထား​သော​အ​ကျင့် နှင့်​ပြည့်​တန်​ဆာ​အ​လုပ်​ကို​စွန့်​ရန် သင်​တို့ ၏​မိ​ခင်​အား​မေတ္တာ​ရပ်​ခံ​လော့။-

Ver Capítulo Copiar

Garrad Bible

2 သင် တို့ အ မိ သည် ငါ့ မ ယား၊ ငါ လည်း သူ့ ခင် ပွန်း မ ဟုတ်။ မှား ယွင်း မှု၊ မျောက် မ ထား မှု များ ကို မျက် နှာ နှင့် သား မြတ် မှ ပယ် ရှား စေ ခြင်း ငှာ ဘက် ပြိုင် ကြ လော့။

Ver Capítulo Copiar

Judson Bible

2 သင်​တို့​အ​မိ​နှင့် ဆွေး​နွေး​ကြ​လော့။ သူ​သည် ငါ့​မ​ယား​မ​ဟုတ်၊ ငါ​သည်​လည်း သူ့​လင်​မ​ဟုတ်​ကြောင်း​ကို ဆွေး​နွေး​ကြ​လော့။ ပြည့်တန်​ဆာ​မျက်​နှာ​ကို​ပယ်၍ မှား​ယွင်း​ခြင်း​အ​မှု​ကို ရှောင်​စေ။

Ver Capítulo Copiar




ဟော​ရှေ 2:2
22 Referencias Cruzadas  

လူမျိုး​အပေါင်း​တို့​အတွက် အချက်ပြအလံ​လွှင့်ထူ​တော်မူ​မည်​။ နှင်ထုတ်​ခြင်း​ခံရ​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်​စုဝေး​စေ​တော်မူ​မည်​။ ကွဲလွင့်​နေ​သော​ယုဒ​အမျိုး​တို့​ကို မြေကြီး​အရပ်​လေး​မျက်နှာ​မှ ခေါ်ယူစုစည်း​တော်မူ​မည်​။


ထာဝရဘုရား​က “​သင်​တို့​မိခင်​ကို ငါ​အဝေး​သို့​နှင်ထုတ်​လိုက်​သောအခါ မည်သည့်​ကွာရှင်း​စာ ငါ​ပေး​သနည်း​။ မည်သည့်​အကြွေးရှင်​ထံ သင်​တို့​ကို ငါ​ရောင်းစား​ခဲ့​သနည်း​။ သင်​တို့​၏​အပြစ်​ကြောင့်​သာ သင်​တို့​ရောင်းစား​ခံရ​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​ကြောင့်​သာ သင်​တို့​မိခင်​သည် အဝေး​သို့​နှင်ထုတ်​ခံရ​၏​။


ကျယ်လောင်​စွာ​ဟစ်ကြော်​လော့​။ ထိန်းချုပ်​မ​ထား​နှင့်​။ တံပိုးမှုတ်သံ​ကဲ့သို့ သင်​၏​အသံ​ကို​လွှင့်​၍ ငါ့​လူမျိုး​တော်​တို့​အား သူ​တို့​ကျူးလွန်​သော​အပြစ်​ကို​လည်းကောင်း​၊ ယာကုပ်​အမျိုးအနွယ်​အား သူ​တို့​၏​အပြစ်​များ​ကို​လည်းကောင်း ဖော်ပြ​လော့​။


‘အို ယုဒ​ဘုရင်​နှင့် ဂျေရုဆလင်​မြို့သား​တို့​၊ ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို​နားထောင်​ကြ​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် ဤ​အရပ်​၌​ဘေးအန္တရာယ် ကျရောက်​စေ​မည်​။ ကြား​ရ​သူ​တိုင်း နားခါး​လိမ့်မည်​။


“​ဂျေရုဆလင်​မြို့​ကြားသိ​အောင်​သွား​၍​ဟစ်အော်​လော့​။ ထာဝရဘုရား​မိန့်​တော်မူ​သည်​မှာ ‘သင်​ငယ်ရွယ်​စဉ်က ငါ့​အပေါ်​မေတ္တာ​ထား​ခဲ့​သည်​ကို​လည်းကောင်း​၊ သတို့သမီး​အချစ်​နှင့် ချစ်​ခဲ့​သည်​ကို​လည်းကောင်း​၊ မြေရိုင်းမြေကော​တောကန္တာရ​၌ ငါ့​နောက်​လိုက်​ခဲ့​သည်​ကို​လည်းကောင်း ငါ​အောက်မေ့​၏​။


ယောက်ျား​သည် မိမိ​မယား​ကို ကွာရှင်း​၍ ထို​မယား​သည် ယောက်ျား​ထံမှ​ထွက်သွား​ပြီး အခြား​ယောက်ျား​၏​မယား​ဖြစ်​ပြီးမှ ပထမ​ယောက်ျား​သည် ထို​မယား​နှင့်​ပြန်ပေါင်း​မည်လော​။ ထိုသို့​ပြု​လျှင် ပြည်​ကို အလွန်​ညစ်ညူး​စေ​ရာ​ရောက်​သည်​မ​ဟုတ်​လော​။ သင်​သည်​လည်း ချစ်နှစ်သက်သူ​များစွာ​နှင့် ဖောက်ပြန်မှားယွင်း​ပြီးမှ ငါ့​ထံသို့​ပြန်လာ​ပါ​သည်​တကား”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သင်​၏​ဒုစရိုက်​တို့​ကို ဝန်ခံ​လော့​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပုန်ကန်​၍ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​အောက်​၌ တစ်ပါးအမျိုးသား​တို့​နှင့် မွေ့လျော်​၏​။ ငါ့​စကား​ကို​လည်း သင်​နား​မ​ထောင်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထို​ကာလ​၌ ယုဒ​အမျိုးအနွယ်​သည် အစ္စရေး​အမျိုးအနွယ်​တို့​နှင့်အတူ သွားလာ​ကြ​လိမ့်မည်​။ သူ​တို့​သည် သင်​တို့​ဘိုးဘေး​တို့​အား ငါ​အမွေပေး​သော​ပြည်​သို့ မြောက်ဘက်​အရပ်​မှ အတူတကွ​လာ​ကြ​လိမ့်မည်​။


‘သင်​သည် ပြည့်တန်ဆာ​ပြု​ခြင်း​ဖြင့် မလုံလောက်​သေး​။ သင်​မွေးလာ​သော​သား​သမီး​တို့​ကို​ယူ​၍ ထို​ရုပ်တု​တို့​အား အစာ​အဖြစ် ပူဇော်​၏​။


လမ်းဆုံလမ်းခွ​တိုင်း​၌ အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​တည်​၏​။ သင်​၏​အလှ​ကို စက်ဆုပ်ရွံရှာ​ဖွယ်​ရာ​ဖြစ်​စေ​၏​။ သင်​၏​ခြေ​ကို​ကား​ပြီး ဖြတ်သန်း​သွား​သူ​အပေါင်း​တို့​နှင့် ထပ်ခါတလဲလဲ​ဖောက်ပြန်မှားယွင်း​၏​။


အချင်း​လူသား​၊ သင်​စီရင်​လော့​။ သူ​တို့​ကို သင်​စီရင်​လော့​။ သူ​တို့​ဘိုးဘေး​တို့​ပြု​ခဲ့​သည့် စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို သူ​တို့​အား ပြောပြ​လော့​။


ထိုအခါ ငါ​က ပြည့်တန်ဆာ​ဝါရင့်​နေ​သော ဤ​မိန်းမ​နှင့်​ပတ်သက်၍ ‘​ဤ​ယောက်ျား​တို့​သည် ဤ​မိန်းမ​နှင့်​ပင် ဖောက်ပြန်မှားယွင်း​နေ​ကြ​ပေ​ဦး​မည်​’​ဟု ဆို​မိ​၏​။


သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူ​အသက်သတ်​သော​မိန်းမ ဖြစ်​ကြ​သောကြောင့် အိမ်ထောင်ရေးဖောက်ပြန်​သူ​၊ လူ​အသက်​ကို​သတ်​သူ​တို့​ကို​စီရင်​သည့်​အတိုင်း ဖြောင့်မတ်​သော​သူ​တို့​က သူ​တို့​ကို စီရင်​လိမ့်မည်​။


ဦးစွာ​ဟောရှေ​အားဖြင့် ထာဝရဘုရား​မိန့်ဆို​ရာ​တွင် ထာဝရဘုရား​က ဟောရှေ​အား “​သင်​သွား​၍ ပြည့်တန်ဆာ​မိန်းမ​တစ်ဦး​နှင့်​စုံဖက်​ပြီးလျှင် ပြည့်တန်ဆာ​သားသမီး​တို့​ကို မွေးဖွား​လော့​။ အကြောင်းမူကား ပြည်​သည် အထပ်ထပ်​ဖောက်ပြန်မှားယွင်း​လျက် ထာဝရဘုရား​ထံမှ လမ်းလွဲ​သွား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​၏​ညီအစ်ကို​တို့​ကို “ငါ့​လူမျိုး”​၊ သင်​တို့​၏​နှမ​တို့​ကို “ငါ့​ချစ်သူ​”​ဟု ခေါ်​ကြ​လော့​။


သူ​တို့​၏​အမိ​သည် ပြည့်တန်ဆာလုပ်​၏​။ သူ​တို့​ကို​ကိုယ်ဝန်ဆောင်​သော​သူ​သည် ရှက်ဖွယ်​သော​အမှု​ကို​ပြု​၏​။ အကြောင်းမူကား သူ​က ‘​ငါ့​အား မုန့်​နှင့်​ရေ​၊ သိုးမွေး​နှင့်​ချည်ချော​၊ ဆီ​နှင့်​ဝိုင်​ကို ပေး​သော​ချစ်သူ​နောက်သို့ ငါ​လိုက်​မည်​’​ဟု ဆို​တတ်​၏​။


သင်​သည် နေ့​အချိန်​၌ ခလုတ်တိုက်​လဲ​လိမ့်မည်​။ ညအချိန်​တွင် ပရောဖက်​သည်​လည်း သင်​နှင့်အတူ ခလုတ်တိုက်​လဲ​လိမ့်မည်​။ သင့်​အမိ​ကို​လည်း ငါ​ဖျက်ဆီး​မည်​။


ထိုးဖောက်​သွား​မည့်​သူ​သည် သူ​တို့​ရှေ့​မှ​ကြွ​မည်​။ သူ​တို့​လည်း မြို့​တံခါး​ကို​ဖြိုဖျက်​ပြီး ထို​တံခါး​မှ ဖြတ်​သွား​ကြ​မည်​။ သူ​တို့​၏​ရှင်ဘုရင်​သည် သူ​တို့​ရှေ့​မှ​ကြွ​မည်​။ ထာဝရဘုရား​သည် သူ​တို့​ကို​ဦးဆောင်​တော်မူ​မည်​။”


ထို့ကြောင့် ယခု​မှစ၍ ငါ​တို့​သည် မည်သူ့​ကို​မျှ သွေးသား​ဇာတိ​သဘော​ဖြင့် မ​သိမှတ်​တော့​ပေ။ ငါ​တို့​သည် ခရစ်တော်​ကို သွေးသား​ဇာတိ​သဘော​ဖြင့် သိမှတ်​ခဲ့​လျှင်​လည်း ယခု​တွင် ထိုသို့​မ​သိမှတ်​တော့​ပေ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos