အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရာတွင် သူတို့သန့်ရှင်းရန် သင်ပြုရမည့်အရာကား ဤသို့တည်း။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးနှစ်ကောင်ကို ယူလော့။
ဝတ်ပြု 9:2 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်အား “အပြစ်ဖြေရာယဇ်အတွက် နွားအုပ်ထဲမှနွားသငယ်တစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို သင့်အဖို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။ Common Language Bible ထို့နောက်သူသည်အာရုန်အား``သင်သည်အပြစ် အနာကင်းသောနွားပျိုတစ်ကောင်နှင့်သိုးထီး တစ်ကောင်ကို ထာဝရဘုရားအားပူဇော်လော့။ နွားပျိုကိုအပြစ်ဖြေရာယဇ်အတွက်လည်း ကောင်း၊ သိုးထီးကိုမီးရှို့ရာယဇ်အဖြစ်လည်း ကောင်းပူဇော်လော့။- Garrad Bible မော ရှေ က၊ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် နွား သား ငယ် ကို လည်း ကောင်း၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် သိုး ထီး ကို လည်း ကောင်း၊ ကြန် အင် စုံ ရာ ရွေး ယူ လျက် ထာ ဝ ရ ဘု ရား ရှေ့ ဆက် ကပ် လော့။ Judson Bible အာရုန်အား၊ သင်သည်အပြစ်ဖြေရာယဇ်ဖို့ အပြစ်မပါသော နွားသငယ်တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ အပြစ်မပါသော သိုးထီးတစ်ကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ပူဇော်လော့။ |
အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရာတွင် သူတို့သန့်ရှင်းရန် သင်ပြုရမည့်အရာကား ဤသို့တည်း။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးနှစ်ကောင်ကို ယူလော့။
ဒသမနှစ်၊ ဒသမလ၊ တစ်ဆယ့်နှစ်ရက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
အာရုန်သည် သန့်ရှင်းရာဌာနသို့ လာသောအခါ သူသည် အပြစ်ဖြေရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ယူလာရမည်။
အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးနှစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ကို အစ္စရေးအမျိုးသားလူထုထံမှ ယူရမည်။
ဘိသိက်ခံယဇ်ပုရောဟိတ်သည် အပြစ်ပြုသဖြင့် လူတို့အပေါ် အပြစ်သက်ရောက်စေလျှင်လည်းကောင်း သူကျူးလွန်သောအပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသည့် နွားထီးပျိုတစ်ကောင်ကို ထာဝရဘုရားအား ပူဇော်ရမည်။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်ကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီး၏ခေါင်းပေါ်၌ တင်ကြ၏။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မီးရှို့ရာယဇ်ဖြစ်သောသိုးထီးကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။
အစ္စရေးအမျိုးသားတို့ကိုလည်း ‘အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးတစ်ကောင်၊ မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ် နွားသငယ်တစ်ကောင်နှင့်သိုးသငယ်တစ်ကောင်၊
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
ဤအကြောင်းကြောင့် သူသည် လူတို့အတွက်သာမက မိမိအတွက်ပါ အပြစ်ဖြေရာယဇ်ကိုပူဇော်ရ၏။
အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။