ထွက်မြောက် 29:1 - မြန်မာ့စံမီသမ္မာကျမ်း
1 အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရာတွင် သူတို့သန့်ရှင်းရန် သင်ပြုရမည့်အရာကား ဤသို့တည်း။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးနှစ်ကောင်ကို ယူလော့။
Ver Capítulo Copiar
1 ``ယဇ်ပုရောဟိတ်များအဖြစ်ငါ၏အမှုတော် ကိုထမ်းဆောင်ရန်အာရုန်နှင့်သူ၏သားတို့အား ဤသို့ဆက်ကပ်ရမည်။ အပြစ်အနာကင်းသော နွားပေါက်တစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူခဲ့လော့။-
Ver Capítulo Copiar
1 သူ တို့ သည် ငါ့ ရှေ့ ပ ရော ဟိတ် အ မှု ကို ဆောင် ရွက် ကြ စေ ရန် သီး သန့် ထား ရ မည့် နည်း ဟူ မူ ကား၊ ကြန် အင် စုံ သော နွား ပေါက် တစ် ကောင် နှင့် သိုး ထီး နှစ် ကောင် ကို ယူ ပြီး လျှင်၊
Ver Capítulo Copiar
1 သူတို့သည် ငါ့ရှေ့၌ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်မည်အကြောင်း၊ အဘယ်သို့ သန့်ရှင်းစေရမည်နည်းဟူမူကား၊ အပြစ်မပါသော နွားသငယ်အထီးနှင့် သိုးနှစ်ကောင်တို့ကိုလည်းကောင်း၊
Ver Capítulo Copiar