ထွက်မြောက် 28:43 - မြန်မာ့စံမီသမ္မာကျမ်း43 အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်သောအခါဖြစ်စေ၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါဖြစ်စေ အပြစ်သင့်၍မသေစေရန် ထိုဘောင်းဘီကိုဝတ်ရမည်။ ဤသည်ကား အာရုန်နှင့် နောင်လာမည့်သူ၏သားစဉ်မြေးဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ Ver CapítuloCommon Language Bible43 အာရုန်နှင့်သူ၏သားတို့သည်ငါစံတော်မူ ရာတဲတော်ထဲသို့ဝင်သည့်အခါ၌ဖြစ်စေ၊ သန့်ရှင်းရာဌာန၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရန်ပလ္လင်နားသို့ချဉ်းကပ်သည့်အခါ၌ ဖြစ်စေ၊ အရှက်ပေါ်၍အသက်မသေစေအံ့ ငှာထိုဘောင်းဘီတိုများကိုဝတ်ဆင်ရမည်။ ဤပညတ်ကိုအာရုန်နှင့်သူ၏အဆက် အနွယ်တို့အမြဲစောင့်ထိန်းရမည်။ Ver CapítuloGarrad Bible43 ခါး မှ ပေါင် ထိ ပိတ် ပေါင်း ဘီ ကို လုပ်၍ အာ ရုန် နှင့် သား တို့ သည် သန့် ရှင်း ရာ ဌာ န၌ အ မှု တော် ဆောင် ရွက် ရန် တွေ့ ဆုံ ရာ တဲ တော် သို့ ဝင် သော် လည်း ကောင်း၊ ပူ ဇော် ရာ ပ လ္လင် တော် သို့ ချဉ်း ကပ် သော် လည်း ကောင်း၊ အ ပြစ် ကင်း လျက် မ သေ စေ ခြင်း ငှာ ထို သို့ ဝတ် ဆင် ကြ စေ။ ဤ ကား အာ ရုန် မှ စ၍ သူ့ အ မျိုး အ နွယ် အ စဉ် အ ဆက် တို့ စောင့် ရ မည့် အ မြဲ ထုံး ဖွဲ့ ချက် ဖြစ် သ တည်း။ Ver CapítuloJudson Bible43 အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ ဝင်သော်လည်းကောင်း၊ သန့်ရှင်းရာအရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော်လည်းကောင်း၊ အပြစ်ရောက်၍မသေစေခြင်းငှာ ထိုသို့ဝတ်ရမည်။ အာရုန်မှစ၍ သူ၏အမျိုးအစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်း။ Ver Capítulo |
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။