La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဗျာ​ဒိတ် 18:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လျက် “ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ။ ၎င်း​သည် နတ်ဆိုး​တို့​နေထိုင်​ရာ​အရပ်၊ ညစ်ညူး​သော​နတ်​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ်၊ ညစ်ညူး​သော​ငှက်​အမျိုးမျိုး​တို့​၏​ခိုအောင်း​ရာ​အရပ်​နှင့် ညစ်ညူး​၍​ရွံရှာ​ဖွယ်​ကောင်း​သော​သတ္တဝါ​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ် ဖြစ်​လေ​ပြီ။

Ver Capítulo

Common Language Bible

သူ​သည်​အ​သံ​ကျယ်​စွာ​ဖြင့်``ဗာ​ဗု​လုန်​မြို့​ကြီး သည်​ပျက်​သုဉ်း​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကြီး​ပျက် သုဉ်း​လေ​ပြီ။ ယ​ခု​ထို​မြို့​သည်​နတ်​မိစ္ဆာ​များ နှင့်​ညစ်​ညမ်း​သော​နတ်​တို့​နေ​ထိုင်​ရာ၊ စက်​ဆုပ် ဖွယ်​ကောင်း​သည့်​ငှက်​ဆိုး​တို့​မှီ​ခို​ရာ​အ​ရပ် ဖြစ်​လေ​ပြီ။-

Ver Capítulo

Garrad Bible

သူ က လည်း ဗာ ဗု လုန် မြို့ ကြီး ပြို ပြီ၊ ပြို ပြီ။ နတ် ဆိုး တို့ နေ ထိုင် ရာ မ သန့် သော ဝိ ညာဉ် ဟူ သ မျှ အောင်း ရာ ငှက် ယုတ် ငှက် ဆိုး တို့ အောင်း ရာ ဖြစ် လေ ပြီ။

Ver Capítulo

Judson Bible

သူ​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ ပြို​လဲ​ပြီ။ နတ်​ဆိုး​နေ​ရာ ဖြစ်​လေ​ပြီ။ ညစ်​ညူး​သော ဝိ​ညာဉ်​မျိုး၏​တွင်း ဖြစ်​လေ​ပြီ။ ညစ်​ညူး၍ စက်​ဆုပ်​ဖွယ်​သော ငှက်​မျိုး၏ မှီ​ခို​ရာ​ဖြစ်​လေ​ပြီ။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​ကောင်းကင်တမန်​က “ဘေဘီလုံ​မြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ဤ​မြို့​သည် နတ်ဆိုးတို့ နေထိုင်ရာ​အရပ်၊ ညစ်ညမ်းသော​နတ်တို့ ခိုအောင်းရာ​အရပ်၊ ညစ်ညမ်းသော​ငှက်တို့ ခိုအောင်းရာ​အရပ်၊ ညစ်ညမ်း​မုန်းတီးဖွယ်​တိရစ္ဆာန်တို့ ခိုအောင်းရာ​အရပ် ဖြစ်လေပြီ။

Ver Capítulo



ဗျာ​ဒိတ် 18:2
26 Referencias Cruzadas  

တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် ထို​မြို့​ကို ဖြူကောင်​နေရာ​အရပ်​၊ ရေအိုင်ထွန်း​ရာ​အရပ်​ဖြစ်စေ​မည်​။ ဖျက်ဆီး​ခြင်း​တံမြက်စည်း​ဖြင့် လှည်းကျင်း​မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​သည် သူ​တို့​အား ဤ​စကား​အလုံးစုံ​ကို ပရောဖက်ပြု​ဟောပြော​ရ​မည်​။ သူ​တို့​အား “ထာဝရဘုရား​၏​အသံ​တော်​သည် အထက်ကောင်းကင်​မှ မြည်ဟိန်း​ထွက်ပေါ်​လာ​မည်​။ သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ အသံ​ကို​လွှင့်​တော်မူ​မည်​။ မိမိ​သိုးစု​ကို ကျယ်လောင်​စွာ​ဟိန်းဟောက်​တော်မူ​မည်​။ စပျစ်သီး​နင်းနယ်​သော​သူ​တို့ အော်ဟစ်​သကဲ့သို့ မြေကြီးသား​တို့​ကို အော်ဟစ်​တော်မူ​မည်​။


ဘေဘီလုံ​ပြည်​သည် နေထိုင်​သူ​မ​ရှိ​ဘဲ အပျက်အစီးပုံကြီး​၊ ခွေးအ​တို့​ခိုအောင်း​ရာ​၊ ထိတ်လန့်စရာ​၊ ကဲ့ရဲ့စရာ ဖြစ်​မည်​။


ဘေဘီလုံ​မြို့​ကြီး ရုတ်ခြည်း​ပြိုလဲ​ပျက်စီး​သွား​ပြီ​။ သူ့​အတွက် ညည်းတွားငိုကြွေး​ကြ​လော့​။ ဝေဒနာ​ပျောက်​ကောင်း​ပျောက်​နိုင်​မည်​ဖြစ်၍ လိမ်းဆေး​ယူလာ​ပေး​ကြ​လော့​။


ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ ကောင်းကင်​နှင့်​မြေကြီး တုန်ခါ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် လူမျိုး​တော်​အဖို့​ခိုလှုံ​ရာ​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ရဲတိုက်​ဖြစ်​တော်မူ​၏​။


ထို​နေရာ​သည် လူမျိုးတကာ​တို့​၏​သိုးအုပ်​များ​၊ တိရစ္ဆာန်​များ လဲလျောင်း​ရာ ဖြစ်​လိမ့်မည်​။ ငှက်ကြီးဝန်ပို​၊ ငဟစ်ငှက်​တို့​လည်း အပြိုအပျက်​များ​ကြားတွင် ခိုအောင်း​၍ ပြတင်းပေါက်​များ​တွင် အော်မြည်​ကြ​လိမ့်မည်​။ စင်စစ် သစ်ကတိုးသား​များ​ကို ဖျက်ဆီး​မည်​ဖြစ်၍ တံခါးဝ​တွင် အပျက်အစီး​တို့ ပုံ​နေ​လိမ့်မည်​။


သူ​၏​ခြေ​တို့​သည် မီးပြင်းဖို​တွင်​ချွတ်​၍​သန့်စင်​ထား​သည့် တောက်ပ​သော​ကြေးဝါ​နှင့်​တူ​၍ သူ​၏​အသံ​သည် များစွာ​သော​ရေ​ဟုန်​၏​အသံ​ကဲ့သို့​ဖြစ်​၏။


ခြင်္သေ့​ဟောက်​သကဲ့သို့ ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။ ထိုသို့​ကြွေးကြော်​သောအခါ မိုးချုန်း​သံ​ခုနစ်​ချက်​တို့​သည် မိမိ​တို့​အသံ​များ​ဖြင့်​မြွက်ဆို​ကြ​၏။


သူ​တို့​၏​အလောင်း​များ​သည် ဝိညာဉ်​သဘော​အရ သောဒုံ​နှင့်​အီဂျစ်​ဟု​ခေါ်​သော မြို့​ကြီး​၏​လမ်းမ​ပေါ်တွင် ရှိ​ကြ​လိမ့်မည်။ သူ​တို့​၏​သခင်​သည်​လည်း ထို​မြို့​တွင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​ခဲ့​ရ​၏။


ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ဗိမာန်​တော်​ထဲမှ​ထွက်​လာ​၍ မိုးတိမ်​ပေါ်တွင်​ထိုင်​နေ​သော​သူ​အား “မြေကြီး​ပေါ်မှ​ရိတ်သိမ်း​စရာ​သည် မှည့်​ပြီ​ဖြစ်၍ ရိတ်သိမ်း​ရန်​အချိန်​ကျရောက်​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​၏​တံစဉ်​ကို​လွှတ်​၍ ရိတ်သိမ်း​တော်မူ​ပါ”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။


ထို့နောက် ဒုတိယ​ကောင်းကင်​တမန်​သည် လိုက်​လာ​၍ “မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကြောင့် သက်ရောက်​သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို လူမျိုး​တကာ​တို့​အား​တိုက်​သော ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ”​ဟု ကြွေးကြော်​၏။


ထို့နောက် နဂါး​၏​ခံတွင်း​မှ​လည်းကောင်း၊ သားရဲ​၏​ခံတွင်း​မှ​လည်းကောင်း၊ ပရောဖက်​အတုအယောင်​၏​ခံတွင်း​မှ​လည်းကောင်း ဖား​နှင့်​တူ​သည့် ညစ်ညူး​သော​ဝိညာဉ်​သုံး​ပါး ထွက်လာ​သည်​ကို ငါ​မြင်​ရ​၏။


မြို့​ကြီး​သည် သုံး​ပိုင်း​ကွဲ​သွား​၍ တိုင်းနိုင်ငံ​တို့​၏​မြို့​များ​သည်​လည်း ပြိုလဲ​ကြ​ကုန်​၏။ ဘုရားသခင်​သည် မိမိ​၏​အမျက်​တော်​နှင့်ဆိုင်သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ခွက်​ကို​ပေး​ရန် ဘေဘီလုံ​မြို့​ကြီး​ကို​သတိရ​တော်မူ​၏။


သင်​မြင်​ရ​သော​မိန်းမ​သည် ကမ္ဘာ​မြေကြီး​၏​ရှင်​ဘုရင်​တို့​ကို အုပ်စိုး​သော​မြို့​ကြီး​ဖြစ်​၏”​ဟု ငါ့​အား​ဆို​၏။


သူ​၏​နဖူး​ပေါ်၌​ရေး​ထား​သည့် လျှို့ဝှက်​နက်နဲ​သော​အမည်​နာမ​မှာ “ဘေဘီလုံ​မြို့​ကြီး၊ ပြည့်တန်ဆာ​တို့​နှင့်​ကမ္ဘာ​မြေကြီး​ပေါ်မှ​ရွံရှာ​ဖွယ်​ရာ​များ​၏​အမိ”​ဟူ၍​ဖြစ်​၏ ။


ထို​သူ​တို့​သည် သူ​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​ကို​ကြောက်​ကြ​သောကြောင့် အဝေး​မှ​ရပ်​လျက် ‘ကြီးမား​သော​မြို့၊ အားကြီး​သော​ဘေဘီလုံ​မြို့၊ သင်​သည် စိတ်​မချမ်းမြေ့​ဖွယ်၊ စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ပါ​သည်​တကား။ အဘယ်ကြောင့်​ဆိုသော် သင်​ခံရ​သည့်​တရား​စီရင်​ခြင်း​သည် တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း​၌ ကျရောက်​လေ​ပြီ’​ဟု ဆို​ကြ​လိမ့်မည်။


ထို့နောက် ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကြီးမား​သည့်​ကြိတ်ဆုံ​ကဲ့သို့သော​ကျောက်တုံး​တစ်​တုံး​ကို​ချီယူ​၍ ပင်လယ်​ထဲသို့​ပစ်ချ​ကာ “ဘေဘီလုံ​မြို့​ကြီး​သည် ဤကဲ့သို့ ကြမ်းတမ်း​စွာ​ပစ်ချ​ခြင်း​ကို​ခံရ​၍ လုံးဝ​တွေ့​ရ​တော့​မည်​မ​ဟုတ်။


ထိုအခါ ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​က “မည်သူ​သည် စာလိပ်​ကို​ဖွင့်​၍ ၎င်း​၏​တံဆိပ်​များ​ကို​ခွာ​ထိုက်​သနည်း”​ဟု ကျယ်လောင်​သော​အသံ​နှင့် ကြွေးကြော်​နေ​သည်​ကို ငါ​မြင်​ရ​၏။