ဗျာဒိတ် 10:3 - မြန်မာ့စံမီသမ္မာကျမ်း3 ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ ထိုသို့ကြွေးကြော်သောအခါ မိုးချုန်းသံခုနစ်ချက်တို့သည် မိမိတို့အသံများဖြင့်မြွက်ဆိုကြ၏။ Ver CapítuloCommon Language Bible3 ခြင်္သေ့ဟောက်သကဲ့သို့ကျယ်သောအသံဖြင့် ကြွေးကြော်၏။ ယင်းသို့ကြွေးကြော်လိုက်သော အခါမိုးကြိုးသံခုနစ်ချက်မြည်လေ၏။- Ver CapítuloGarrad Bible3 ခြင်္သေ့ ဟောက် သ ကဲ့ သို့ ကျယ် သော အ သံ နှင့် ကြွေး ကြော် ရာ မိုး ကြိုး ခု နစ် ချက် က ဗျာ ဒိတ် ပေး လေ၏။ Ver CapítuloJudson Bible3 ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုးကြိုးသံ ခုနစ်ချက်မြည်လေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း3 ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်လောင်စွာ ကြွေးကြော်လေ၏။ ထိုသို့ကြွေးကြော်သောအခါ မိုးခြိမ်းသံခုနစ်ချက်သည် မိမိတို့အသံဖြင့် ပြောဆို၏။ Ver Capítulo |
ထာဝရဘုရားက “ခြင်္သေ့ကြီးနှင့် ခြင်္သေ့ပျိုက သားကောင်ကို မာန်ဖီသောအခါ သိုးထိန်းအပေါင်းတို့ကိုခေါ်၍ ခြောက်လှန့်စေသော်လည်း သိုးထိန်းတို့၏အသံကိုမကြောက်၊ သူတို့၏ဆူဆူညံညံအသံကို မလန့်။ ထိုနည်းတူ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်တိုက်ရန် ဇိအုန်တောင်၊ ဇိအုန်တောင်ကုန်းပေါ်၌ဆင်းသက်တော်မူမည်။
သင်သည် သူတို့အား ဤစကားအလုံးစုံကို ပရောဖက်ပြုဟောပြောရမည်။ သူတို့အား “ထာဝရဘုရား၏အသံတော်သည် အထက်ကောင်းကင်မှ မြည်ဟိန်းထွက်ပေါ်လာမည်။ သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ အသံကိုလွှင့်တော်မူမည်။ မိမိသိုးစုကို ကျယ်လောင်စွာဟိန်းဟောက်တော်မူမည်။ စပျစ်သီးနင်းနယ်သောသူတို့ အော်ဟစ်သကဲ့သို့ မြေကြီးသားတို့ကို အော်ဟစ်တော်မူမည်။