ဗျာဒိတ် 14:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းကြောင့် သက်ရောက်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို လူမျိုးတကာတို့အားတိုက်သော ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ”ဟု ကြွေးကြော်၏။ Ver CapítuloCommon Language Bible8 ထိုနောက်ဒုတိယကောင်းကင်တမန်ပေါ်လာ ပြီးလျှင်၊ ``ဗာဗုလုန်မြို့ကြီးပြိုပျက်လေပြီ၊ ပြိုပျက်လေပြီ။ ထိုမြို့သည်ကာမဂုဏ်လိုက် စားမှုတည်းဟူသောစပျစ်ရည်ကိုလူမျိုး တကာတို့အားတိုက်လေပြီ'' ဟုကြွေးကြော်၏။ Ver CapítuloGarrad Bible8 ဒု တိ ယ စေ တ မန် တော် တစ် ပါး လိုက် လျက် မ တ ရား သော မေ ထုန် စ ပျစ် ရည် အ ရှိန် ကို လူ မျိုး ခပ် သိမ်း တို့ အား တိုက် သော ဗာ ဗု လုန် မြို့ ကြီး ပြို ပြီ၊ ပြို ပြီ ဟု ကြွေး ကြော် ၏။ Ver CapítuloJudson Bible8 ကောင်းကင်တမန်တစ်ပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီဟု လိုက်၍ပြောဆို၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း8 ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ထိုမြို့သည် လူမျိုးအပေါင်းတို့အား တရားနှင့် မညီသော မေထုန်ဟူသည့် သူ၏စပျစ်ဝိုင်ကို တိုက်၏” ဟု ဆို၏။ Ver Capítulo |
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။