နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။
ကမ္ဘာဦး 4:4 - မြန်မာ့စံမီသမ္မာကျမ်း အာဗေလသည်လည်း မိမိသိုးအုပ်ထဲမှ သိုးသားဦးများနှင့် သိုးတို့၏အဆီများကိုယူဆောင်လာ၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။ Common Language Bible အာဗေလသည်လည်းမိမိသိုးအုပ်မှ အဦး ဆုံးပေါက်သောသိုးကိုယူဆောင်ခဲ့၍သတ် ပြီးလျှင် အကောင်းဆုံးသောအပိုင်းများကို ထာဝရဘုရားအားပူဇော်၏။ ထာဝရဘုရား သည်အာဗေလနှင့်သူ၏ပူဇော်သကာကို နှစ်သက်တော်မူ၏။- Garrad Bible အာ ဗေ လ လည်း ကိုယ့် သိုး အုပ် မှ သား ဦး နှင့် သိုး ဆီ ဥ ကို ဆောင် ခဲ့ ရာ ထာ ဝ ရ ဘု ရား သည် အာ ဗေ လ နှင့် သူ့ ပူဇော် သ က္ကာ ကို အာ ရုံ ပြု သော် လည်း၊ Judson Bible အာဗေလသည်လည်း၊ မိမိသိုးစုတွင် အဦးဖွားသောသားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သကာကိုပမာဏ ပြုတော်မူ၏။ |
နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။
အချိန်စေ့သောအခါ၊ ကာဣနသည် မြေမှရသောအသီးအနှံကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံယူဆောင်လာ၏။
ထို့နောက် သင်တို့ဘုရား၏နာမကို ခေါ်ပါ။ ငါသည်လည်း ထာဝရဘုရား၏နာမကို ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေ”ဟု ဆို၏။ လူအပေါင်းတို့ကလည်း “ကောင်းပါပြီ”ဟု ဆိုကြ၏။
ထိုအခါ ထာဝရဘုရားထံမှမီးကျလာ၍ မီးရှို့ရာယဇ်ကောင်၊ ထင်း၊ ကျောက်၊ မြေမှုန့်တို့ကိုပါ လောင်ကျွမ်းသဖြင့် မြောင်းထဲမှရေများလည်း ခန်းခြောက်လေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ပြီး ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်သည် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်အပေါ်သို့ ကောင်းကင်မှမီးကျလာစေခြင်းဖြင့် ထူးတော်မူ၏။
ထိုသို့ ရှောလမုန်မင်းကြီးဆုတောင်းပြီးသောအခါ ကောင်းကင်မှမီးကျလာ၍ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာတို့ကို လောင်ကျွမ်းလေ၏။ ထာဝရဘုရား၏ဘုန်းအသရေတော်သည်လည်း အိမ်တော်ကို ဖုံးလွှမ်းလေ၏။
သင်၏ပူဇော်သက္ကာအားလုံးကိုအောက်မေ့၍ သင်၏မီးရှို့ရာယဇ်ကို လက်ခံတော်မူပါစေသော။(စေလာ)
သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှနှင့် သင်တို့၏တိရစ္ဆာန်များမှ အဦးဆုံးပေါက်သောသားပေါက်ရှိသမျှတို့ကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ အထီးဟူသမျှ ထာဝရဘုရားပိုင်တော်မူ၏။
သင်၏စည်းစိမ်ဥစ္စာနှင့် သင်ရရှိသမျှသောအသီးအနှံ၏အသီးဦးဖြင့် ထာဝရဘုရားကိုဂုဏ်ပြုချီးမွမ်းလော့။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ထိုအခါ ထာဝရဘုရားထံတော်မှမီးဆင်းသက်၍ ယဇ်ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်နှင့်အဆီတို့ကိုလောင်ကျွမ်းလေ၏။ လူအပေါင်းတို့သည် တွေ့မြင်သောအခါ ရွှင်လန်းစွာကြွေးကြော်လျက် ပျပ်ဝပ်ရှိခိုးကြလေ၏။
ထိုအခါ မောရှေသည် အလွန်အမျက်ထွက်၍ ထာဝရဘုရားအား “ထိုသူတို့၏ဘောဇဉ်ပူဇော်သက္ကာကို လှည့်ကြည့်တော်မမူပါနှင့်။ အကျွန်ုပ်သည် သူတို့ထံမှ မြည်းတစ်ကောင်ကိုမျှ မယူခဲ့ဖူးပါ။ သူတို့ထဲမှတစ်စုံတစ်ယောက်ကိုမျှ အန္တရာယ်မပြုခဲ့ဖူးပါ”ဟု လျှောက်လေ၏။
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် အကောင်းဆုံးဆီ၊ အကောင်းဆုံးစပျစ်ဝိုင်အသစ်၊ အဦးဆုံးကောက်ပဲသီးနှံစသည်တို့အားလုံးကို သင်တို့အား ငါပေးပြီ။
သို့သော် နွားသားဦး၊ ဆိတ်သားဦး၊ သိုးသားဦးတို့သည် သန့်ရှင်းသည်ဖြစ်၍ မရွေးနုတ်ရ။ ထိုအကောင်တို့၏သွေးကို ယဇ်ပလ္လင်၌ ဖျန်းရမည်။ အဆီကိုမူ ထာဝရဘုရားထံ မွှေးကြိုင်သောရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။
ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။
ပညတ်တရားအရ အရာအားလုံးနီးပါးသည် သွေးအားဖြင့်စင်ကြယ်စေရ၏။ သွေးသွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ။
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
ထာဝရဘုရား၏ကောင်းကင်တမန်သည် လက်ထဲရှိ တောင်ဝှေးကို ဆန့်၍ အသားနှင့်တဆေးမဲ့မုန့်ကို တို့သောအခါ ထိုကျောက်မှ မီးတောက်ထွက်၍ အသားနှင့် တဆေးမဲ့မုန့်ကို လောင်ကျွမ်းသွား၏။ ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်က ဂိဒေါင်ရှေ့မှ ပျောက်သွား၏။
ရှမွေလကလည်း “ထာဝရဘုရား၏စကားတော်ကို နာခံခြင်းထက် မီးရှို့ရာယဇ်ပူဇော်ခြင်းကို ထာဝရဘုရား ပို၍နှစ်သက်တော်မူမည်လော။ ကြည့်ရှုလော့။ နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပို၍ကောင်း၏။ အာရုံစိုက်နားထောင်ခြင်းသည် သိုးထီးအဆီထက် ပို၍ကောင်း၏။