ဟေဗြဲ 11:4 - မြန်မာ့စံမီသမ္မာကျမ်း4 ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။ Ver CapítuloCommon Language Bible4 အာဗေလသည်ကာဣနပူဇော်သောယဇ် ထက်ပို၍မြတ်သည့်ယဇ်ကို ဘုရားသခင် အားပူဇော်သည်မှာယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူ၏ယုံကြည်ခြင်းကိုထောက်၍ ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ပူဇော်သကာများကိုနှစ် သက်တော်မူသောကြောင့်ဖြစ်၏။ အာဗေလ သည်သေလွန်သော်လည်း မိမိ၏ယုံကြည် ခြင်းအားဖြင့်ယခုပင်ဟောပြောသေး၏။ Ver CapítuloGarrad Bible4 ယုံ ကြည် ခြင်း အား ဖြင့် အာ ဗေ လ သည် ကာ ဣ န ထက် ကောင်း မြတ် သော ပူ ဇော် သ က္ကာ ကို ဘု ရား သ ခင့် ထံ ဆက် ကပ် ရာ ထို အ လှူ ဝ တ္ထု နှင့် စပ်၍ ဘု ရား သ ခင် သက် သေ ခံ တော် မူ သည့် အ လျောက် သူ တော် ကောင်း ဟူ သော အ သ ရေ ရ သည့် ပြင် သေ လွန် သော် လည်း ဟော ပြော လျက် ရှိ သေး ၏။ Ver CapítuloJudson Bible4 အာဗေလသည်၊ ကာဣနပူဇော်သောယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သောယဇ်ကို ပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရားဟောသေး၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း4 အာဗေလသည် ကာဣနထက် ပို၍ မြတ်သောယဇ်ကို ဘုရားသခင်အား ယုံကြည်ခြင်းဖြင့် ပူဇော်၏။ ဘုရားသခင်သည် အာဗေလ၏ အလှူကို နှစ်သက်လက်ခံတော်မူပြီး အာဗေလသည် ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူခြင်းခံရ၏။ အာဗေလသည် ကွယ်လွန်သော်လည်း ထိုယုံကြည်ခြင်းစံနမူနာဖြင့် ကျွန်ုပ်တို့အား ဟောပြောနေဆဲဖြစ်၏။ Ver Capítulo |