ဟေဗြဲ 11:3 - မြန်မာ့စံမီသမ္မာကျမ်း3 ဤလောကဓာတ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖန်ဆင်းတော်မူသည်ဖြစ်၍ ယခုမြင်ရသောအရာသည် ထင်ရှားလျက်ရှိသောအရာများမှဖြစ်လာသည်မဟုတ်ကြောင်း ယုံကြည်ခြင်းအားဖြင့် ငါတို့သိရကြ၏။ Ver CapítuloCommon Language Bible3 မမြင်နိုင်သောအရာထဲမှမြင်ရသောအရာ ဖြစ်ပေါ်လာစေရန်ဘုရားသခင်သည်အမိန့် တော်အားဖြင့် စကြဝဠာကိုဖန်ဆင်းတော်မူ ကြောင်းကိုငါတို့သိကြရသည်မှာယုံကြည် ခြင်းကြောင့်ဖြစ်၏။ Ver CapítuloGarrad Bible3 ယုံ ကြည် ခြင်း အား ဖြင့် ငါ တို့ သည် ဘု ရား သ ခင့် အ မိန့် တော် အ တိုင်း လော က ဓာတ် များ ပေါ် ရ လျက် မျက် မှောက် ရှိ ရာ များ ဖြစ် ပွား ခဲ့ ကြောင်း နား လည် ရ ကြ၏။ Ver CapítuloJudson Bible3 ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း3 စကြဝဠာကို ဘုရားသခင်၏ အမိန့်တော်ဖြင့် ဖန်ဆင်းတော်မူသည်နှင့်အညီ ယခုကျွန်ုပ်တို့မြင်ရသောအရာသည် မမြင်ရသောအရာမှတစ်ဆင့် ဖြစ်တည်လာကြောင်းကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့နားလည်ကြ၏။ Ver Capítulo |
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
“ငါသည် သင့်ကို များစွာသောလူမျိုးတို့၏ဖခင်ဖြစ်စေပြီ”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း အာဗြဟံသည် မိမိယုံကြည်သောဘုရားသခင်တည်းဟူသော သေလွန်သောသူတို့ကိုအသက်ရှင်စေ၍ ဖြစ်တည်ခြင်းမရှိသည့်အရာများကိုဖြစ်ပေါ်လာစေရန် အမိန့်ပေးနိုင်သောဘုရားသခင်ရှေ့တော်၌ ငါတို့အားလုံး၏ဖခင်ဖြစ်၏။