၁ ရာချုပ် 21:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ပြီး ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်သည် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်အပေါ်သို့ ကောင်းကင်မှမီးကျလာစေခြင်းဖြင့် ထူးတော်မူ၏။ Ver CapítuloCommon Language Bible26 ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် တော်မူပြီးလျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာ ယယဇ်တို့ကိုပူဇော်တော်မူ၏။ မင်းကြီး ဆုတောင်းပတ္ထနာပြုသောအခါထာဝရ ဘုရားသည်ပလ္လင်ပေါ်ရှိယဇ်ကောင်များ ကိုမီးရှို့ရန်အတွက် ကောင်းကင်မှမီးကို ချပေးတော်မူ၏။ ဤနည်းအားဖြင့်မင်း ကြီး၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူသတည်း။ Ver CapítuloGarrad Bible26 ထို အ ရပ်၌ ပင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည်၍ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ပူ ဇော် ဆက် ကပ် လျက် ထာ ဝ ရ ဘု ရား အား ပ ဌ နာ ပြု လျှင်၊ မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် ပေါ် တွင် ကောင်း ကင် မှ ကျ သော မီး ဖြင့် တုံ့ ပြန် တော် မူ ပါ ၍၊ Ver CapítuloJudson Bible26 ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထိုသို့ ထာဝရဘုရားကို ပတ္ထနာပြုသောအခါ၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်သို့ မီးကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ၏။ Ver Capítulo |
ထို့နောက် ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့ရှိ မောရိတောင်ပေါ်၊ ခမည်းတော်ဒါဝိဒ်မင်းကြီးထံ ထာဝရဘုရားထင်ရှားတော်မူရာနေရာတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ ထိုနေရာသည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းတွင် အိမ်တော်တည်ဆောက်ဖို့ ဒါဝိဒ်မင်းကြီးပြင်ဆင်ထားသောနေရာဖြစ်၏။