စိတ်ရှည်ခြင်းက သန့်ရှင်းသောဝိညာဉ်တော်ရဲ့အသီးတစ်ခုဖြစ်ပြီး လူတစ်ယောက်မှာရှိသင့်တဲ့ အရေးကြီးဆုံးဂုဏ်သတ္တိတွေထဲက တစ်ခုပါ။ စိတ်ရှည်သူဟာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံကြုံ မငြီးမညူဘဲ ခံနိုင်ရည်ရှိပါတယ်။ ဘုရားသခင်မှာ စိတ်ရှည်သူဟာ ဘာမှဆုံးရှုံးမှာမဟုတ်ဘူး၊ ရှက်ရမှာမဟုတ်ဘူး၊ ဘုရားသခင်ကို စောင့်မျှော်တဲ့အခါ ဘုရားသခင် နှစ်သက်မြတ်နိုးပါတယ်။
ကိုယ့်ကိုယ်ကိုယ် စိတ်မရှည်ဘူးလို့ ထင်မိရင်၊ အရာရာကို ထိန်းချုပ်ချင်တဲ့စိတ်ဖြစ်နေရင် ခဏလောက် စဉ်းစားဆင်ခြင်ကြည့်ပါ။ ဒီလိုအပြုအမူတွေက မင်းကို စိတ်ဖိစီးမှုတွေများစေပြီး အသက်အန္တရာယ်တောင် ဖြစ်စေနိုင်ပါတယ်။ စိတ်ရှည်ဖို့ခက်ခဲနေရင် သန့်ရှင်းသောဝိညာဉ်တော်ကို တောင်းလျှောက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်က မင်းရဲ့နှလုံးသားကို စိတ်ရှည်ခြင်းနဲ့ပြည့်စေပြီး မင်းရဲ့ကြောက်ရွံ့မှု၊ သံသယ၊ စိတ်ပျက်အားငယ်မှုတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ အဲဒီအခါ ဘုရားသခင်ရဲ့ ကျေးဇူးတော်မှာ အနားယူနိုင်ပါလိမ့်မယ်။ ကောင်းမှုပြုလုပ်ရာမှာ မလျှော့ပါနဲ့။ စိတ်မပျက်ဘဲ ကြိုးစားအားထုတ်ရင် အချိန်တန်တဲ့အခါ အသီးအပွင့်တွေကို ခံစားရပါလိမ့်မယ်။ (ဂလာတိ ၆:၉)
သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
ကိုယ်တော်၏စီရင်တော်မူချက်ကိုသည်းခံ၍ စောင့်မျှော်လော့။ ကောင်းစားသူတို့ကြောင့်လည်းကောင်း၊ အကြံအစည်အောင်မြင်သော ဆိုးညစ်သူတို့ကြောင့်လည်းကောင်းပူပင်သောက မဖြစ်နှင့်။
ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့် မူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊- နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း တို့ပေတည်း။ ဤအရာများနှင့်ပတ်သက်၍ပြဋ္ဌာန်း ထားသည့်တရားဥပဒေဟူ၍မရှိ။-
သင်တို့၌မျှော်လင့်ချက်ရှိသောကြောင့်ဝမ်း မြောက်ရွှင်လန်းကြလော့။ ဆင်းရဲဒုက္ခခံရ သောအခါသည်းခံကြလော့။ မပြတ်မလပ် ဆုတောင်းပတ္ထနာပြုကြလော့။-
အစဉ်စိတ်နှလုံးနှိမ့်ချကြလော့။ သိမ်မွေ့ နူးညံ့ကြလော့။ စိတ်ရှည်ကြလော့။ တစ်ဦး ကိုတစ်ဦးသည်းခံခြင်းအားဖြင့်မေတ္တာပြ ကြလော့။-
သို့ရာတွင်ငါတို့သည်မိမိတို့မမြင်ရသည့် အရာကိုမျှော်လင့်ကြလျှင် ထိုအရာကိုစိတ် ရှည်စွာစောင့်မျှော်ကြ၏။
သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-
စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။
သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင်များ ဖြစ်ကြ၏။ ကိုယ်တော်သည်သင်တို့ကိုချစ်၍ မိမိ ပိုင်ဆိုင်သူများဖြစ်ရန်ရွေးချယ်တော်မူသဖြင့် ကရုဏာပြခြင်း၊ သနားကြင်နာခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း တို့ကိုဝတ်ဆင်ကြလော့။-
သင်တို့သည်မိမိတို့ပြုမိသည့်အမှားများ အတွက်ခံထိုက်သောအပြစ်များကိုမညည်း မညူဘဲခံကြပါမူ သင်တို့အားအဘယ်သို့ လျှင်ချီးမွမ်းစရာရှိမည်နည်း။ သို့ရာတွင် အမှန်ကိုပြုလျက်ဒုက္ခဆင်းရဲကိုခံရသော အခါ မညည်းမညူဘဲခံကြလျှင်မူကား ဘုရားသခင်သည်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-
ဆင်းရဲဒုက္ခများအတွက်လည်းငါတို့ဝါကြွား ဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည်ခံနိုင် ရည်ကိုလည်းကောင်း၊-
သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။-
သင်တို့သည်လည်းသည်းခံ၍စောင့်မျှော်နေ ကြလော့။ သခင်ဘုရားကြွလာတော်မူမည့် နေ့ရက်ကာလသည်နီးကပ်လာပြီဖြစ်၍ သင်တို့၏မျှော်လင့်ချက်ကိုခိုင်မာစေကြလော့။
ငါသည်ထာဝရဘုရားကူမတော်မူခြင်းကို စောင့်မျှော်လျက်နေ၏။ ကိုယ်တော်၏ကတိတော်ကိုယုံကြည်ကိုးစားပါ၏။
ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါ ကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။
သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-
သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
ထာဝရဘုရားကိုကိုးစားသောသူတို့ သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့မူကားပြည်နှင် ဒဏ်ကို ခံရကြလိမ့်မည်။
အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင် ကယ်တော်မူမည်ကိုစောင့်မှော်ကာကိုယ်တော်ရှင်၏ ပညတ်တော်မားကိုစောင့်ထိန်းပါ၏။
(အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ) တရားတော်ကိုဟောပြောကြေညာ လော့။ ကြားနာသူတို့အားနားလည်သဘော ပေါက်စေလော့။ ဆုံးမလော့။ အားပေးတိုက်တွန်း လော့။ စိတ်ရှည်စွာသွန်သင်လော့။-
သို့ဖြစ်၍သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောကြောင့် အကျဉ်းခံရသူငါ သည်သင်တို့အားနှိုးဆော်ပါ၏။ သင်တို့ သည်ဘုရားသခင်ရွေးချယ်ခေါ်ယူတော် မူခြင်းကိုခံရသည်နှင့်အညီကျင့်ကြံ ပြုမူကြလော့။- သို့ဖြစ်၍ဆင်းသက်တော်မူသောအရှင်ကား စကြဝဠာတစ်ခုလုံးတွင်ရှိတော်မူရန် မိုး ကောင်းကင်ဘဝဂ်သို့တက်ကြွတော်မူသော အရှင်ပေတည်း။- လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။- ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။- ထို့ကြောင့်ငါတို့၏ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိ ကျွမ်းခြင်းအားဖြင့်လည်းကောင်း ငါတို့ရရှိ သမျှသည်တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် ခရစ်တော်၏ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သည့်သူများအဖြစ်သို့ရောက်ကြ ပေအံ့။- ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။- ငါတို့သည်မေတ္တာနှင့်သမ္မာတရားကိုဟောပြော သောအားဖြင့် အသင်းတော်၏ဦးခေါင်းဖြစ်တော် မူသောခရစ်တော်၌အစစအရာရာတွင်ကြီး ပွားတိုးတက်မှုရှိရကြပေမည်။- ကိုယ်တော်၏စီမံအုပ်ချုပ်မှုအောက်တွင်ကိုယ်အင်္ဂါ ရှိသမျှတို့သည်တစ်ခုနှင့်တစ်ခုအဆစ်အပိုင်း များဖြင့်ဆက်စပ်လျက်နေကြ၏။ သို့ဖြစ်၍ကိုယ် အင်္ဂါအသီးသီးတို့သည် မိမိတို့သက်ဆိုင်ရာ အလုပ်တာဝန်ကိုဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးကိုမေတ္တာတရားအား ဖြင့်တည်ဆောက်၍ကြီးပွားစေလေသည်။ သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။- သူတို့သည်ဉာဏ်အလင်းကွယ်၍အသိတရား လုံးဝကင်းမဲ့လျက်ခေါင်းမာကြသဖြင့် ဘုရား သခင်ချမှတ်ပေးတော်မူသောအသက်နှင့် ကင်းကွာလျက်ရှိကြ၏။- ရှက်ကြောက်စိတ်လုံးဝမရှိတော့သဖြင့်သူတို့ သည်ကာမဂုဏ်လိုက်စားကာ ညစ်ညမ်းသောအကျင့် အမျိုးမျိုးတို့ကိုအချုပ်အချယ်မရှိပြုကျင့် ကြပေသည်။ အစဉ်စိတ်နှလုံးနှိမ့်ချကြလော့။ သိမ်မွေ့ နူးညံ့ကြလော့။ စိတ်ရှည်ကြလော့။ တစ်ဦး ကိုတစ်ဦးသည်းခံခြင်းအားဖြင့်မေတ္တာပြ ကြလော့။-
သို့ဖြစ်၍ထိုသူသည်မင်းကြီး၏ရှေ့တွင်ဝပ်တွား လျက် `အကျွန်ုပ်ကိုသည်းခံတော်မူပါ။ အကြွေး များပြေလည်အောင်ပေးဆပ်ပါမည်' ဟုလျှောက်၏။- မင်းကြီးသည်သူ့ကိုသနားသဖြင့်အကြွေးများ ကိုစာရင်းမှပယ်ဖျက်ပြီးလျှင်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်၏။''
သင်တို့အပေါင်းသည်ခရစ်တော်ယေရှု၏စံန မူနာကိုလိုက်၍တစ်စိတ်တစ်ဝမ်းတည်းရှိကြ စေရန် သည်းခံမှုနှင့်နှစ်သိမ့်မှု၏အရှင်ဘုရား သခင်သည်သင်တို့အားကူမတော်မူပါစေ သော။- သို့မှသာသင်တို့အပေါင်းသည်တညီတညွတ် တည်းဖြင့်ငါတို့အရှင်ယေရှုခရစ်၏ခမည်း တော်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး နိုင်ကြလိမ့်မည်။
ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည်သင့်အားပြည်တော်ကို ပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။ သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
ဘုရားသခင်၏ပညတ်တော်ကိုစောင့်ထိန်း၍ ခရစ်တော်ကိုသစ္စာရှိကြသောဘုရားသခင် ၏လူစုတော်သည် ဤအခြေအနေမျိုး၌ခံ နိုင်ရည်ရှိရန်လိုပေသည်။
ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။ အကြမ်းဖက်မှုကိုအားမကိုးကြနှင့်။ လုယက်မှုဖြင့်အကျိုးခံစားရလိမ့်မည်ဟု မမျှော်လင့်ကြနှင့်။ သင်တို့၏စည်းစိမ်ဥစ္စာများသည် တိုးပွားလာစေကာမူယင်းတို့ကိုအားမကိုး ကြနှင့်။ ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။ ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက်တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။- ဤတိုတောင်းသောဘဝ၌လူဖခင်များသည် မိမိတို့လျောက်ပတ်သည်ဟုထင်မှတ်သည့် အတိုင်းငါတို့အားဒဏ်ပေးတတ်ကြ၏။ သို့ရာတွင်ဘုရားသခင်မူကားငါတို့ အကျိုးကိုထောက်၍ မိမိကဲ့သို့မြင့်မြတ် သန့်ရှင်းနိုင်ကြစေရန်ငါတို့အားဒဏ် ပေးတော်မူပေသည်။- ဒဏ်ပေးခြင်းခံရသည်မှာပျော်ရွှင်စရာ မဟုတ်။ ဝမ်းနည်းစရာဟူ၍ထင်မှတ်ရ သော်လည်းယင်းသို့ဆုံးမခြင်းခံရသူတို့ သည်ကားနောင်အခါ၌ဖြောင့်မတ်ခြင်းတည်း ဟူသောငြိမ်သက်ခြင်းအကျိုးကိုရရှိကြ လေသည်။ သို့ဖြစ်၍သင်တို့၏နွမ်းနယ်သည့်လက်များကို အပေါ်သို့မ၍ချိနဲ့သည့်ဒူးဆစ်တို့ကိုခိုင်ခံ့ စေကြလော့။- လမ်းဖြောင့်များတွင်ဆက်လက်၍လျှောက်သွား ကြလော့။ သို့မှသာလျှင်မစွမ်းမသန်သောခြေ သည်ချိနဲ့၍မနေဘဲစွမ်းသန်၍လာလိမ့်မည်။ လူတိုင်းနှင့်ငြိမ်းချမ်းစွာနေနိုင်ရန်ကြိုးစား ကြလော့။ မြင့်မြတ်သန့်ရှင်းခြင်းပါရမီကို ရှာကြလော့။ ထိုပါရမီမရှိလျှင်အဘယ် သူမျှဘုရားသခင်ကိုဖူးမြင်ရလိမ့်မည် မဟုတ်။- ဘုရားသခင်၏ကျေးဇူးတော်ကိုအဘယ် သူမျှမငြင်းမပယ်စေနှင့်။ မြစ်ခါးပင်သည် မိမိ၏အဆိပ်ဖြင့်လူအများအားဒုက္ခ ပေးတတ်၏။ အဘယ်သူမျှထိုအပင်ကဲ့ သို့မဖြစ်စေနှင့်။- အဘယ်သူမျှဧသောကဲ့သို့မသမာသူ၊ လောကီဆန်သူမဖြစ်စေနှင့်။ ဧသောသည် သားဦးအရာကိုထမင်းတစ်နပ်စာဖြင့် ရောင်းခဲ့ပေသည်။- သင်တို့သိသည့်အတိုင်း သူသည်နောင်အခါမှ ဖခင်၏ကောင်းချီးကိုခံယူရန်အလိုရှိ၏။ သို့ရာတွင်မရရှိခဲ့။ အဘယ်ကြောင့်ဆိုသော် သူသည်မိမိပြုပြီးသည့်အမှုကိုပြန်လည် ပြင်ဆင်ရန် နည်းလမ်းကိုမျက်ရည်ကျလျက် ရှာသော်လည်းမတွေ့နိုင်သောကြောင့်ဖြစ်၏။ ဣသရေလအမျိုးသားတို့ကဲ့သို့သင်တို့ သည်လက်နှင့်စမ်းသပ်နိုင်သောသိနာတောင် သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင် သည်မီးတောက်မီးလျှံထ၍မဲမှောင်ညိုမှိုင်း ကာမုန်တိုင်းကျလျက် တံပိုးခရာမှုတ်သံ နှင့်ဗျာဒိတ်တော်အသံထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလအမျိုးသားတို့သည် ဗျာဒိတ်တော်အသံကိုနောက်တစ်ဖန်မကြား ရစေရန်မောရှေအားတောင်းပန်ကြ၏။- ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။- သင်တို့သည်လည်းသည်းခံ၍စောင့်မျှော်နေ ကြလော့။ သခင်ဘုရားကြွလာတော်မူမည့် နေ့ရက်ကာလသည်နီးကပ်လာပြီဖြစ်၍ သင်တို့၏မျှော်လင့်ချက်ကိုခိုင်မာစေကြလော့။
အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။
မေတ္တာသည်သည်းခံတတ်၏။ ကြင်နာသနား တတ်၏။ မနာလိုစိတ်မရှိ။ မေတ္တာသည်ကြွားဝါ မှုမရှိ။ မာန်မာနမရှိ။-
အဘယ်အခါ၌မျှပျင်းရိသူများမဖြစ် စေလို။ ယုံကြည်၍သည်းခံနိုင်မှုရှိသဖြင့် ဘုရားသခင်ကတိထားတော်မူသော ကျေးဇူးများကိုခံယူကြသူများနည်း တူပြုမူကျင့်ကြံစေလို၏။
ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက် နိုင်ရန်နှင့် ကတိတော်နှင့်အညီခံစားနိုင်ရန် သင်တို့သည်သည်းခံစိတ်ရှိရမည်။
ငါတို့သည်ထာဝရဘုရားကိုစောင့်မျှော်ကြ၏။ ကိုယ်တော်သည်ငါတို့အားကူမတော်မူ၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။
သင်တို့သည်အရာခပ်သိမ်းကိုစိတ်ရှည်စွာ ခံနိုင်ရည်ရှိစေရန် ဘုရားသခင်၏ဘုန်း ကြီးသောတန်ခိုးတော်မှရရှိသည့်စွမ်းရည် အမျိုးမျိုးဖြင့်ရပ်တည်နိုင်ကြပါစေသော။ ထိုမှတစ်ပါးလည်းအလင်းနိုင်ငံတော်တွင် ကိုယ်တော်၏လူစုတော်အတွက်လျာထား သည့်ကောင်းချီးမင်္ဂလာများကို သင်တို့ အားခံစားထိုက်သူများဖြစ်စေတော်မူ သော အဖဘုရားသခင်၏ကျေးဇူးတော် ကိုဝမ်းမြောက်စွာချီးမွမ်းနိုင်ကြပါစေ သော။-
ထာဝရဘုရားအားကိုးစားလော့။ စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။
သမ္မာသတိရှိသော သူသည် မိမိအမျက်ဒေါသ ကို ချုပ်တည်းတတ်၏။ သူတပါးပြစ်မှားခြင်းကို သည်းခံ သောသူသည်လည်း ဘုန်းအသရေရှိ၏။
သခင်ဘုရား၏အစေခံသည်ခိုက်ရန်မပြုဘဲ လူတိုင်းကိုသနားတတ်၍သည်းခံတတ်သောဋ္ဌမ္မ ဆရာကောင်းဖြစ်ရမည်။-
သင်တို့အပေါင်းသည်ခရစ်တော်ယေရှု၏စံန မူနာကိုလိုက်၍တစ်စိတ်တစ်ဝမ်းတည်းရှိကြ စေရန် သည်းခံမှုနှင့်နှစ်သိမ့်မှု၏အရှင်ဘုရား သခင်သည်သင်တို့အားကူမတော်မူပါစေ သော။-
ထာဝရဘုရားသည်သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူတတ်၏။ ငါတို့၏ဘုရားသခင်သည်ကရုဏာတော်ရှင် ဖြစ်တော်မူ၏။
အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။- ထိုသို့ပြုလျှင်လူ့ဉာဏ်ဖြင့်ကြံဆနားလည် ရန်မစွမ်းနိုင်သောဘုရားသခင်၏ငြိမ်သက် ခြင်းသည် ခရစ်တော်ယေရှုနှင့်သင်တို့တစ် လုံးတစ်ဝတည်းဖြစ်သောအားဖြင့် သင်တို့ ၏စိတ်နှလုံးနှင့်အကြံအစည်များကို ကွယ်ကာစောင့်ရှောက်လိမ့်မည်။
သင်တို့သည်အရာခပ်သိမ်းကိုစိတ်ရှည်စွာ ခံနိုင်ရည်ရှိစေရန် ဘုရားသခင်၏ဘုန်း ကြီးသောတန်ခိုးတော်မှရရှိသည့်စွမ်းရည် အမျိုးမျိုးဖြင့်ရပ်တည်နိုင်ကြပါစေသော။ ထိုမှတစ်ပါးလည်းအလင်းနိုင်ငံတော်တွင် ကိုယ်တော်၏လူစုတော်အတွက်လျာထား သည့်ကောင်းချီးမင်္ဂလာများကို သင်တို့ အားခံစားထိုက်သူများဖြစ်စေတော်မူ သော အဖဘုရားသခင်၏ကျေးဇူးတော် ကိုဝမ်းမြောက်စွာချီးမွမ်းနိုင်ကြပါစေ သော။-
ဆင်းရဲဒုက္ခများအတွက်လည်းငါတို့ဝါကြွား ဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည်ခံနိုင် ရည်ကိုလည်းကောင်း၊- ခံနိုင်ရည်သည်ဘုရားသခင်၏နှစ်သက်မှုကို လည်းကောင်း၊ ဘုရားသခင်၏နှစ်သက်မှုသည် မျှော်လင့်ခြင်းကိုလည်းကောင်း ပြုစု၍ပေး တတ်ကြောင်းကိုငါတို့သိကြ၏။-
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကို ငါသည်ဤဘဝတွင်တွေ့မြင်မည်ဟုယုံကြည်၏။ ထာဝရဘုရားအားကိုးစားလော့။ စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။
ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်လျက် သောကရောက်သောအခါကိုယ်တော်ရှင် သည် ကျွန်တော်မျိုးအားစိတ်သက်သာခွင့်ကိုပေး၍ ဝမ်းမြောက်စေတော်မူပါ၏။
ချစ်ဆွေတို့၊ သင်တို့၏ယုံကြည်ခြင်းကိုစစ် ဆေးရန်အတွက် ယခုသင်တို့ပြင်းပြစွာစုံစမ်း နှောင့်ယှက်ခြင်းကိုခံနေရကြသည်ကိုမအံ့ သြကြနှင့်။ ထိုအမှုအရာများသည်သင်တို့ အတွက်မထူးဆန်းပေ။- အံ့သြနေမည့်အစားသင်တို့သည်ခရစ်တော် ၏ဝေဒနာတော်များကိုကိုယ်တော်နှင့်အတူ ပါဝင်ခံစားရကြသဖြင့်ဝမ်းမြောက်ကြ လော့။ သို့မှသာကိုယ်တော်၏ဘုန်းအသရေ တော်ပေါ်လွင်ထင်ရှားသောအခါသင်တို့သည် အလွန်ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။-
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-
သတိမရှိဘဲစကားများသော သူရှိလျှင်၊ ထိုသူ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-
ထာဝရဘုရားသည်ချစ်ခင်ကြင်နာတော်မူ၍ စိတ်ရှည်သည်းခံတော်မူလျက် ခိုင်မြဲသောမေတ္တာတော်နှင့်ပြည့်ဝတော်မူ၏။
ထာဝရဘုရားအားစောင့်မျှော်ကြသူအပေါင်း တို့၊ ကြံ့ခိုင်မှုရှိ၍ရဲရင့်ကြကုန်လော့။
အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။-
ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါ ကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။ ကျွန်တော်မျိုးသည်ကယ်တင်ခြင်းသတင်းတော်ကို မျိုသိပ်၍မထားပါ။ ကိုယ်တော်ရှင်၏သစ္စာတော်အကြောင်းနှင့် ကူမတော်မူခြင်းအကြောင်းတို့ကို အစဉ်ပင်ဖော်ပြခဲ့ပါ၏။ ကိုယ်တော်ရှင်၏လူစုတော်ဝင်အပေါင်းတို့ စုဝေးရာ၌ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းနှင့် ခိုင်မြဲသောမေတ္တာတော်အကြောင်းတို့ကို မထိမ်မဝှက်ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအစဉ် သနားကြင်နာတော်မူမည်ကိုကျွန်တော် မျိုးသိပါ၏။ ကိုယ်တော်ရှင်၏မေတ္တာတော်နှင့်သစ္စာတော်သည် ကျွန်တော်မျိုးအားအစဉ်အမြဲစောင့်ထိန်းပါ လိမ့်မည်။ ရေတွက်၍မရနိုင်အောင်များမြောင်သော ဘေးဒုက္ခတို့သည်ကျွန်တော်မျိုးအားဝိုင်းရံလျက် ရှိပါသည်တကား။ ကျွန်တော်မျိုး၏အပြစ်များကကျွန်တော်မျိုးအား လိုက်၍မီသဖြင့်ကျွန်တော်မျိုးသည် မမြင်နိုင်တော့ပါ။ ယင်းအပြစ်တို့သည်ကျွန်တော်မျိုးဦးခေါင်းမှ ဆံပင်ထက်များပြားသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ပျက်အားလျော့ပါပြီ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ယခုပင်ကူမတော်မူပါ။ ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် လုံးဝအရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြ ပါစေသော။ ကျွန်တော်မျိုး၏ဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ အရှက်ကွဲရကြပါစေသော။ ကွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်၍တုန်လှုပ်ချောက်ချားကြပါစေ သော။ ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးအတွက် ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည် ``ထာဝရဘုရားသည်အလွန်ကြီးမြတ်တော်မူ ပါပေသည်'' ဟု အစဉ်မပြတ်ချီးကူးနိုင်ကြပါစေသော။ အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်အားအင်ချိနဲ့၍ ခိုကိုးရာမဲ့သူဖြစ်သော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သတိရတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကယ်တင်ရှင်၊ ကျွန်တော်မျိုး၏ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကူမတော်မူရန်အလျင် အမြန် ကြွတော်မူပါ။ ကိုယ်တော်သည်ကြောက်မက်ဖွယ်ကောင်းသည့် တွင်းနှင့်ရွှံ့နွံထဲမှငါ့ကိုဆွဲတင်တော်မူ၏။ ထိုနောက်ငါ့အားကျောက်ပေါ်တွင်တင်၍ ထားတော်မူပြီးလျှင်လုံခြုံမှုကိုပေးတော်မူ၏။
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ၏။
ကိုယ်တော်ရှင်၏တရားတော်ကိုနှစ်သက် မြတ်နိုးသူမားသည် ကြီးစွာသောစိတ်ခမ်းသာမှုကိုရရှိကြပါ၏။ အဘယ်အရာမှသူတို့အားပြိုလဲစေနိုင်လိမ့်မည် မဟုတ်ပါ။
အာဗြဟံသည်စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့ သဖြင့် ကတိတော်အတိုင်းခံစားရလေသည်။-
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။-
မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာ အမှုကို ဖုံးတတ်၏။
ကျွန်တော်မျိုး၏ကိုယ်စိတ်သည်အင်အား ချိနဲ့လာပါလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ စွမ်းအားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်မှတစ်ပါး မည်သူ့ကိုမျှမလိုပါ။
ယခင်ကသင်တို့ပြုကျင့်ကြပုံမှာ အလွန် လျောက်ပတ်ပေသည်။ သမ္မာတရားတော်ကို မလိုက်မနာစေရန်ယခုသင်တို့အား အဘယ် သူဆီးတားသနည်း။ ထိုသူသည်သင်တို့အား အဘယ်သို့သွေးဆောင်သနည်း။-
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကတိတော်ကို အားကိုးသည်ဖြစ်၍ ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေသူတို့သည် ကွန်တော်မျိုးကိုမြင်၍ဝမ်းမြောက်ကြပါလိမ့်မည်။
``စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကတိထားတော် မူသောကောင်းချီးကိုခံစားရကြလတ္တံ့။
ယုံကြည်ခြင်းခိုင်မာသူငါတို့သည် ယုံကြည် ခြင်းအားနည်းသူတို့၏ဝန်များကိုကူညီ ထမ်းသင့်၏။ ငါတို့သည်ကိုယ့်အလိုကိုလိုက် ၍မလုပ်ဆောင်ရ။-
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စစ်ဆေးတော်မူပါပြီ။ ငွေကိုမီးဖြင့်ချွတ်သကဲ့သို့ကျွန်တော်မျိုး တို့အား စစ်ဆေးတော်မူပါပြီ။
သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။-
လောကတွင်ရှိသောအရာတို့ကိုစိတ်မစွဲ လမ်းဘဲ အထက်ဘုံ၌ရှိသောအရာတို့ကို စိတ်စွဲလမ်းကြလော့။-
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည် ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။
သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ နားညောင်းမည်။ သင်တို့အကူအညီတောင်း သောအခါငါထူးမည်။ ``အကယ်၍သင်တို့သည်နှိပ်စက်ညှင်းဆဲမှု ကိုရပ်စဲ၍မတရားစွပ်စွဲမှုကိုရှောင်ရှား ပြီးဆိုးညစ်သည့်စကားမှန်သမျှကိုဖယ် ရှားကာ၊-
သို့ရာတွင်အကယ်၍သင်တို့သည်အမှန်တရား ကိုကျင့်သုံးမှုကြောင့်ဒုက္ခဆင်းရဲခံရသော်မင်္ဂ လာရှိကြ၏။ မည်သူအားမျှမကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။-
ကိုယ်တော်အမျက်ထွက်တော်မူသည်မှာ ခဏသာလျှင်ဖြစ်၏။ ကျေးဇူးပြုတော်မူသည်ကားတစ်သက်လုံး ဖြစ်သတည်း။ ညဥ့်အခါ၌မျက်ရည်များပင်ကျစေကာမူ မိုးသောက်ချိန်၌ကားဝမ်းမြောက်ရွှင်လန်း ခွင့်ကို ရရှိတတ်၏။
မည့်သည့်အခါမျှလက်အလျော့မပေးတတ်။ မေတ္တာသည်အမြဲယုံကြည်တတ်၏။ အမြဲ မျှော်လင့်တတ်၏။ အမြဲသည်းခံတတ်၏။
ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့် မူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊-
ငါတို့သည်ဘုရားသခင်၏ကတိတော်ကို စိတ်ချယုံကြည်နိုင်သည်ဖြစ်၍ မိမိတို့ဝန်ခံ သောမျှော်လင့်ခြင်းကိုစွဲမြဲစွာဆုပ်ကိုင်ထား ကြကုန်အံ့။-
သင်တို့သည်ငါ၏အတွက်ကြောင့်အမုန်းခံရကြ လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သူကိုကယ်တင်တော်မူလိမ့်မည်။-
သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။
ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။ ကိုယ်တော်သည်လေမုန်တိုင်းကိုရပ်စဲစေတော် မူသဖြင့် လှိုင်းတံပိုးတို့သည်ငြိမ်သက်လေ၏။ ယင်းသို့လေငြိမ်သဖြင့်သူတို့သည် ဝမ်းမြောက်ကြကုန်၏။ ကိုယ်တော်သည်သူတို့သွားလိုရာသင်္ဘောဆိပ်မြို့သို့ ဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မူ၏။
အို ဣသရေအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရ ဘုရားက ``မကြောက်ကြနှင့်။ သင်တို့ကိုငါကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားနာမည်တပ်၍ငါခေါ်ယူပြီ။ သင်တို့ကိုငါပိုင်၏။ ``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၏အသိသက်သေများတည်း။ သင်တို့ငါ့အားသိကျွမ်းယုံကြည် ကြစေရန်လည်းကောင်း၊ ငါသည်တစ်ဆူတည်းသောဘုရားဖြစ်ကြောင်း သိရှိနားလည်ကြစေရန်လည်းကောင်း၊ ငါသည်သင်တို့အားငါ၏အစေခံလူမျိုး အဖြစ် ရွေးချယ်ခဲ့ပေသည်။ ငါမှတစ်ပါးအခြားဘုရားမရှိ။ အဘယ်အခါကမျှမရှိခဲ့။ နောင်ကိုလည်း ရှိလိမ့်မည်မဟုတ်။ ``ငါတစ်ပါးတည်းသာလျှင်ထာဝရဘုရား ဖြစ်တော်မူ၏။ ငါတစ်ပါးတည်းသာလျှင်သင်တို့အား ကယ်တင်တော်မူနိုင်၏။ ငါသည်ဖြစ်ပျက်မည့်အမှုအရာကိုကြိုတင် ဖော်ပြ၍၊သင်တို့အားကူမရန်ကြွလာခဲ့ပေ သည်။ အဘယ်မည်သောလူမျိုးခြားတို့၏ဘုရားမျှ ဤသို့ပြုခဲ့ဖူးသည်မရှိ။ သင်တို့သည်ငါ၏အသိသက်သေများ ဖြစ်ကြ၏။ ငါသည်ဘုရားသခင်ဖြစ်၏။ နောင်ကိုလည်းအစဉ်အမြဲဤသို့ဖြစ်၍နေ မည်သာ၊ ငါ၏တန်ခိုးတော်ကိုအဘယ်သူမျှလုယူ နိုင်လိမ့်မည်မဟုတ်၊ ငါပြုသောအမှုကိုအဘယ်သူမျှမပြင် နိုင်ရာ'' ဟုမိန့်တော်မူ၏။ ဣသရေလအမျိုးသားတို့အားသန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊ သင်တို့ကိုကယ်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အားကယ်ရန်စစ်သည်ဗိုလ်ခြေ တို့ကို ဗာဗုလုန်ပြည်သို့စေလွှတ်မည်။ မြို့တံခါးများကိုငါဖျက်ချမည်။ မြို့သူမြို့သားတို့၏ကြွေးကြော်သံသည် ငိုကြွေးသံအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။ ငါသည်သင်တို့၏သန့်ရှင်းမြင့်မြတ်သည့် ဘုရားသခင်ထာဝရဘုရားဖြစ်၏။ အို ဣသရေလအမျိုးသားတို့သင်တို့အား ငါဖန်ဆင်းခဲ့၏။ ငါသည်သင်တို့၏ဘုရင်ဖြစ်၏'' ဟုမိန့်တော်မူ၏။ ရှေးအခါက၊ထာဝရဘုရားသည်ပင်လယ် ဝဲသြဃကို ဖြတ်၍လမ်းဖောက်တော်မူခဲ့၏။ ကိုယ်တော်သည်ရထားတပ်၊ မြင်းတပ်များနှင့် အင်အားကြီးမားသောစစ်သည်ဗိုလ်ချေတို့ကို ဆုံးပါးပျက်စီးစေတော်မူ၏။ သူတို့သည်ငြိမ်းသတ်လိုက်သည့် ဖယောင်းတိုင်မီးသဖွယ်နလံမထူနိုင်အောင် ပြိုလဲ၍သွားကြကုန်၏။ သို့ရာတွင်ထာဝရဘုရားက ``အတိတ်ကအဖြစ်အပျက်များကိုစွဲလန်း၍ မနေကြနှင့်။ ရှေးအခါကဖြစ်ပျက်ခဲ့သည့်အမှုအရာများ အကြောင်းကိုပြောဆို၍မနေကြနှင့်။ ငါပြုမည့်အမှုအရာသစ်ကိုစောင့်မျှော် ကြည့်ရှုကြလော့။ ထိုအမှုအရာသည်ဖြစ်ပျက်ဆဲပင်ရှိသဖြင့် ယင်းကို ယခုသင်တို့တွေ့မြင်နိုင်ကြပါသည်တကား။ ငါသည်တောကန္တာရကိုဖြတ်၍လမ်းပေါက်စေ ပြီးလျှင်၊ သင်တို့အားစမ်းရေကိုပေးတော်မူမည်။ သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။
သင်တို့သည်အခါတစ်ပါးကအပြစ်တရား ၏ကျွန်ဖြစ်ခဲ့ဖူးသော်လည်းယခုအခါ၌ မိမိ တို့ခံယူယုံကြည်သည့်ဘာသာတရားတော်ကို အကြွင်းမဲ့လိုက်နာကျင့်သုံးကြသည့်အတွက် ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။- သင်တို့သည်အပြစ်တရား၏ကျွန်ဘဝမှ လွတ်မြောက်ကြသောအခါဖြောင့်မတ်ခြင်း တရား၏ကျွန်ဖြစ်လာကြ၏။-
သူတို့သည်ငါ့ကိုခေါ်သောအခါငါထူးမည်။ သူတို့ဒုက္ခရောက်သောအခါသူတို့နှင့်အတူ ငါရှိမည်။ ငါသည်သူတို့အားကယ်ဆယ်၍ချီးမြှင့်မည်။
လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။
အချင်းလူတို့ဘုရားသခင်အားအစဉ် အမြဲ ကိုးစားကြလော့။ သင်တို့၏ဒုက္ခအပေါင်းကိုကိုယ်တော်အား ဖော်ပြကြလော့။ ကိုယ်တော်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
အို ထာဝရဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်အားအလွန်ပင် ချစ်ခင်မြတ်နိုးပါ၏။ ကိုယ်တော်သည်လည်းကျွန်တော်မျိုးအား ကာကွယ်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်၊ လေ၏အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။ ကိုယ်တော်သည်မိမိကိုယ်ကိုအမှောင်ဖြင့် ဖုံးလွှမ်းတော်မူ၏။ ကိုယ်တော်၏ပတ်လည်တွင်ရေဖြင့်ပြည့်လျက် ထူထပ်သောမိုးတိမ်များရှိ၏။ ကိုယ်တော်၏ရှေ့တော်တွင်မိုးသီးနှင့်မီးလျှံ များသည် လျှပ်စစ်ပြက်ရာမှပေါ်ထွက်လာလျက်၊ မဲမှောင်နေသောမိုးတိမ်များကိုထွင်းဖောက်၍ ကျလာ၏။ ကိုယ်တော်သည်ကောင်းကင်မှမိုးချုန်းတော်မူ၏။ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်၏ အသံတော်ထွက်ပေါ်လာ၏။ ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက် ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။ ထာဝရဘုရားသည်ကောင်းကင်ဘုံမှ လက်တော်ကိုဆန့်တော်မူပြီးလျှင် ငါ့ကိုကိုင်ဆွဲတော်မူ၍ရေနက်ကြီးထဲမှ ငါ့ကိုဆယ်တင်တော်မူ၏။ ကိုယ်တော်သည်ငါပြိုင်၍မရနိုင်သည့် အင်အားကြီးသောရန်သူများ၏လက်မှ လည်းကောင်း၊ ငါ့ကိုမုန်းသောသူအပေါင်းတို့လက်မှလည်းကောင်း ငါ့ကိုကယ်တော်မူ၏။ ငါဒုက္ခရောက်သောအခါသူတို့သည် ငါ့ကိုတိုက်ခိုက်ကြ၏။ သို့သော်လည်းထာဝရဘုရားသည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူ၏။ ငါဘေးရောက်သောအခါကိုယ်တော်သည် ငါ့ကိုကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။ ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
ငါတို့ဆင်းရဲဒုက္ခခံရကြလျှင်သင်တို့နှစ် သိမ့်မှုနှင့် ကယ်တင်ခြင်းကိုခံယူရရှိကြစေ ရန်အတွက်ဖြစ်၏။ နှစ်သိမ့်မှုကိုငါတို့ရရှိ ကြပါလျှင် သင်တို့သည်လည်းငါတို့နည်း တူနှစ်သိမ့်မှုကိုရရှိလျက် ငါတို့ခံရသော ဆင်းရဲဒုက္ခမျိုးကိုသည်းခံသောစိတ်နှင့် ခံနိုင်သောခွန်အားရရှိကြ၏။-
ကိုယ်တော်ရှင်သည်ကွန်တော်မျိုးကိုဖန်ဆင်းတော်မူ၍ ဘေးမဲ့လုံခြုံစွာထားတော်မူပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုသိရှိ နားလည်နိုင်ရန် ကွန်တော်မျိုးအားအသိဉာဏ်ကိုပေးတော်မူပါ။
``အို ထာဝရဘုရားအကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော်ကို စောင့်မျှော်လျက်ရှိပါ၏။
ထာဝရဘုရားအားထိုက်လျောက်သည့် ယဇ်များကိုပူဇော်၍ကိုယ်တော်ကို ယုံကြည်ကိုးစားကြလော့။
သို့ဖြစ်၍ငြိမ်းချမ်းစွာနေထိုင်မှုကိုပြုစု ပေးမည့်အရာများနှင့်တစ်ယောက်ကိုတစ် ယောက် ဝိညာဉ်ခွန်အားပြည့်စေမည့်အရာ များကိုအမြဲကြိုးစားပြုလုပ်ကြရမည်။-
သင်တို့ရှိသမျှသည်နောက်ဆုံး၌မိမိတို့ ၏မျှော်လင့်ချက်ပြည့်စုံလာသည့်တိုင်အောင် ယခုအတိုင်းဆက်လက်၍နိုးကြားတက် ကြွကြစေရန်ငါတို့အလိုရှိကြ၏။- အဘယ်အခါ၌မျှပျင်းရိသူများမဖြစ် စေလို။ ယုံကြည်၍သည်းခံနိုင်မှုရှိသဖြင့် ဘုရားသခင်ကတိထားတော်မူသော ကျေးဇူးများကိုခံယူကြသူများနည်း တူပြုမူကျင့်ကြံစေလို၏။
ကျွန်တော်မျိုး၏နေ့ရက်ကာလများသည် လက်တော်ထဲ၌ရှိပါ၏။ ကျွန်တော်မျိုးအားရန်သူများနှင့် နှိပ်စက်ညှဉ်းဆဲသူတို့၏လက်မှကယ်တော် မူပါ။
ငါသည်ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရ ဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူ လိမ့်မည်။
ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။
သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။
ထာဝရဘုရားသည်မိမိအားယုံကြည်ကိုးစား သူမှန်သမျှကိုကျေးဇူးပြုတော်မူတတ်၏။ သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
ငါ့ညီအစ်ကိုတို့၊ သင်တို့သည်စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးနှင့်တွေ့ကြုံရသောအခါ ဝမ်းမြောက်စရာဖြစ်သည်ဟုခံယူကြလော့။- လူ၏အမျက်ဒေါသသည်ဘုရားသခင်၏ ဖြောင့်မတ်သောအကြံအစည်တော်ကိုမပြု စုတတ်။- သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။ တရားတော်ကိုကြားနာရုံမျှသာကြားနာ ခြင်းအားဖြင့်မိမိတို့ကိုယ်ကိုမလှည့်စား ကြနှင့်။ တရားတော်ကိုလက်တွေ့ကျင့်သုံး ကြလော့။- တရားတော်ကိုလက်တွေ့မကျင့်သုံးဘဲ ကြားနာရုံမျှသာကြားနာသောသူသည် မိမိပကတိမျက်နှာကိုမှန်တွင်ကြည့်သူ နှင့်တူ၏။- သူသည်ယင်းသို့ကြည့်၍ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်မိမိပုံသဏ္ဌာန်ကိုမေ့ပျောက်၍ သွားတတ်လေသည်။- သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။ လူတစ်စုံတစ်ယောက်သည်မိမိကိုယ်ကို ဘုရားတရားကြည်ညိုသူဟူ၍ယူဆ သော်လည်း မိမိ၏လျှာကိုမထိန်းနိုင်လျှင် ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်၏။ သူ၏ဘုရား တရားကြည်ညိုမှုသည်လည်းအချည်းနှီး ပင်ဖြစ်၏။- ခမည်းတော်ဘုရားသခင်ရှေ့တော်၌စစ်မှန် သောဘုရားတရားကြည်ညိုမှုသည်ကား ဒုက္ခ ရောက်သောမိဘမဲ့ကလေးများနှင့်မုဆိုးမ တို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ လောကီအညစ် အကြေးတို့မှကင်းစင်အောင် မိမိတို့ကိုယ်ကို စောင့်ထိန်းခြင်းတို့ပင်ဖြစ်သတည်း။ အဘယ်ကြောင့်ဆိုသော်သင်တို့၏ယုံကြည် ခြင်းကိုစစ်ကြောစုံစမ်းမှုသည်ခံနိုင်ရည် ကိုဖြစ်ပွားစေကြောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။- သင်တို့သည်မည်သည့်အရာမျှချို့တဲ့မှုမရှိ ဘဲပြည့်ဝစုံလင်ကြစေရန်အဆုံးတိုင်အောင် ခံနိုင်ရည်ရှိရကြမည်။-
လူအချို့တို့ထင်မှတ်သကဲ့သို့ထာဝရ ဘုရားသည် မိမိ၏ကတိတော်ကိုအကောင် အထည်ဖော်ရန်နှောင့်နှေးလျက်နေတော်မူ သည်မဟုတ်။ မည်သူမျှမပျက်စီးဘဲလူတိုင်း နောင်တရစေရန်အလိုတော်ရှိ၍သင်တို့ ကိုသည်းခံတော်မူပေသည်။