| ဆာလံ 4:5 - Common Language Bible5 ထာဝရဘုရားအားထိုက်လျောက်သည့် ယဇ်များကိုပူဇော်၍ကိုယ်တော်ကို ယုံကြည်ကိုးစားကြလော့။အခန်းကိုကြည့်ပါ။ Garrad Bible5 ဖြောင့် မတ် ခြင်း ပူ ဇော် သ က္ကာ များ ကို ဆက် သ ၍၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား ကြ လော့။အခန်းကိုကြည့်ပါ။ Judson Bible5 တရားသဖြင့်ယဇ်ပူဇော်၍ ထာဝရဘုရားကို ကိုးစားကြလော့။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း5 ဖြောင့်မတ်ခြင်းယဇ်များကိုပူဇော်၍ ထာဝရဘုရားကိုယုံကြည်ကိုးစားကြလော့။အခန်းကိုကြည့်ပါ။ | 
သင်တို့သည်မျက်စိကန်းဖျားနာသို့မဟုတ် ခြေကျိုးသည့်ယဇ်ကောင်တို့အားတင်လှူပူ ဇော်ရန် ယူဆောင်လာကြသောအခါသင် တို့တွင်အပြစ်မရှိဟုထင်မှတ်ကြပါ သလော။ ဤကဲ့သို့သောသိုးနွားမျိုးကို ဘုရင်ခံအားဆက်သကြည့်ပါသလော။ သူသည်သင်တို့အားနှစ်သက်ပါမည်လော။ အခွင့်ထူးများကိုသော်လည်းပေးပါလိမ့် မည်လော'' ဟုမိန့်တော်မူ၏။
ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။