ဟေရှာယ 30:18 - Common Language Bible18 သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို သ နား ခွင့် ရ စေ ရန် ဆိုင်း လင့် တော် မူ လိမ့် မည်။ က ရု ဏာ သက် ခွင့် ရ စေ ရန် မြင့် မြတ် ရာ တွင် စံ တော် မူ ဦး မည်။ ထာ ဝ ရ ဘု ရား သည် တ ရား ရှင် ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ ကိုယ် တော် ကို စောင့် စား သူ အ ပေါင်း တို့၌ မင်္ဂ လာ ရှိ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာပြုလိုသောငှာ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မျှော်လင့်သောသူ အပေါင်းတို့သည် မင်္ဂလာရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ထို့ကြောင့် ထာဝရဘုရားသည် သင်တို့ကို ကျေးဇူးပြုတော်မူရန် စောင့်မျှော်နေ၏။ သင်တို့ကို ကရုဏာပြတော်မူရန် ထတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို စောင့်မျှော်သောသူအပေါင်းတို့သည် မင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။ |
ဤအမှုအရာများဖြစ်ပျက်လာသောအခါ လူအပေါင်းတို့က``ကိုယ်တော်သည်ငါတို့၏ ဘုရားသခင်ဖြစ်တော်မူပါသည်တကား။ ငါတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား သည်ဖြစ်၍ ကိုယ်တော်ကလည်းငါတို့အား ကယ်ဆယ်တော်မူလေပြီ။ ကိုယ်တော်ကား ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြ၏။ ကိုယ်တော်သည်ငါတို့ကိုကယ်တင်တော် မူပြီဖြစ်၍ယခုအခါ ငါတို့သည်ဝမ်း မြောက်ကြည်နူးရွှင်မြူးအားရကြပေ သည်'' ဟုဆိုကြလိမ့်မည်။
သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။
သင်တို့သည်စကားများလွန်းသဖြင့်ထာဝရ ဘုရားနားငြီးတော်မူလေပြီ။ သို့ရာတွင်သင် တို့က``ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် နားငြီးစေရန်အဘယ်သို့ပြုမိကြပါ သနည်း'' ဟုဆိုကြ၏။ ``ထာဝရဘုရားသည် ဒုစရိုက်သမားမှန်သမျှကိုလူကောင်းသူ ကောင်းဟုထင်မှတ်တော်မူ၏'' ဟူ၍ပြော ဆိုခြင်းအားဖြင့်သော်လည်းကောင်း``တရား မျှတသည်ဟုထင်မြင်ယူဆမှုကိုခံရ သောဘုရားသခင်သည်အဘယ်မှာရှိ သနည်း'' ဟုပြောဆိုခြင်းအားဖြင့်သော် လည်းကောင်းသင်တို့သည်ကိုယ်တော်အား နားငြီးစေကြ၏။
ထာဝရဘုရားကငါ့အား``အသီးအနှံ ရိတ်သိမ်းချိန်၏ပူအိုက်သည့်ညတို့၌ဆီးနှင်း များသည်ငြိမ်သက်စွာကျလာသကဲ့သို့ လည်းကောင်း၊ အပူရှိန်ပြင်းသည့်နေ့၌နေ သည်ကြည်လင်ဆိတ်ငြိမ်စွာထွန်းလင်းတောက် ပသကဲ့သို့လည်းကောင်း ငါသည်ကောင်းကင် ဘုံမှငြိမ်သက်စွာငုံ့၍ကြည့်တော်မူမည်။-
ထိုအုတ်မြစ်အတွက်တရားမျှတမှုကို တံမျဉ်းကြိုး၊ ရိုးသားဖြောင့်မှန်မှုကိုချိန် သီးကြိုးအဖြစ်အသုံးပြုမည်။ ထိုကြောင့်ငါသည်မိုးသီးမုန်တိုင်းသဖွယ် သင်တို့၏အမှီသဟဲဖြစ်သည့်လိမ်လည် မှုများကို သိမ်းကျုံးဖယ်ရှားကာမြစ်လျှံ ရေကဲ့သို့ သင်တို့၏လုံခြုံမှုကိုလည်းလွှမ်း မိုးပျက်ပြားစေတော်မူမည်။