မုန့်အလုံးတစ်ဆယ်၊ မုန့်ပြားအနည်းငယ်နှင့် ပျားရည်တစ်ဘူးကိုပါ ယူသွားလော့။ သူ့ထံရောက်လျှင် သူငယ်မည်သို့ဖြစ်မည်ကို သင့်အား ပြောပြလိမ့်မည်”ဟု ဆို၏။
၄ ရာ 8:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဟာဇေလသည် ဒမတ်စကပ်မြို့ထွက်အကောင်းဆုံးပစ္စည်းအမျိုးမျိုးကို ကုလားအုတ်အစီးလေးဆယ်ပေါ်တင်ပြီး လက်ဆောင်အဖြစ် ယူသွားကာ ဘုရားသခင်၏လူကို သွားတွေ့၏။ သူသည် ဘုရားသခင်၏လူထံ ရောက်သောအခါ ရှေ့မှောက်၌ ရပ်လျက် “အရှင့်သားဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးက ‘ဤဝေဒနာမှ ပြန်ကောင်းလာပါမည်လော’ဟူ၍ အကျွန်ုပ်အား မေးလျှောက်စေပါ၏”ဟု လျှောက်၏။ Common Language Bible ထို့ကြောင့်ဟာဇေလသည်ဒမာသက်မြို့မှ ထွက်သော အဖိုးတန်ပစ္စည်းတို့ကိုကုလား အုတ်လေးဆယ်ဖြင့်တင်၍ ဧလိရှဲထံသို့ သွားပြီးနောက်``အရှင်၏အစေခံဗင်္ဟာဒဒ် မင်းက မိမိပြန်လည်ကျန်းမာလာမည် မလာမည်ကိုအရှင့်ထံစုံစမ်းမေးမြန်းရန် အကျွန်ုပ်အားစေလွှတ်လိုက်ပါသည်'' ဟု လျှောက်၏။ Garrad Bible ဟာ ဇေ လ သည် ကု လား အုပ် လေး ဆယ် ပေါ် တွင် ဒ မာ သက် မြို့ ထွက် အ ထူး အ မြတ် ကို တင် ဆောင် လျက်၊ သွား ရောက် တွေ့ ဆုံ သည် နှင့် ရှေ့ မှောက် တွင် ရပ် ပြီး လျှင် ကိုယ် တော်၏ သား ရှု ရိ ဘု ရင် ဗ ဟာ ဒဒ် မင်း က ဤ ဝေ ဒ နာ မှ အ ကျွန်ုပ် ထ မြောက် ဦး မည် လော ဟူ၍ မေး လျှောက် ရန် ကိုယ် တော့် ထံ စေ လွှတ် ပါ သည် ဟု လျှောက် သော်၊ Judson Bible ဟာဇေလသည် ကုလားအုတ်လေးဆယ်အပေါ်မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကိုဆောင်သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှာသွား၍ ရှေ့တော်၌ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်က၊ ငါသည် ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှာ၊ ကျွန်တော်ကိုစေလွှတ်ပါသည်ဟု ဆို၏။ |
မုန့်အလုံးတစ်ဆယ်၊ မုန့်ပြားအနည်းငယ်နှင့် ပျားရည်တစ်ဘူးကိုပါ ယူသွားလော့။ သူ့ထံရောက်လျှင် သူငယ်မည်သို့ဖြစ်မည်ကို သင့်အား ပြောပြလိမ့်မည်”ဟု ဆို၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ထာဝရဘုရားကလည်း သူ့အား “သင်လာသည့်လမ်းအတိုင်း ဒမတ်စကပ်တောကန္တာရသို့ ပြန်သွားလော့။ ရောက်လျှင် ဟာဇေလကို ဆီးရီးယားဘုရင်အဖြစ်၊
ရှမာရိမြို့တွင် အာခဇိမင်းကြီးသည် နန်းတော်အထက်ခန်းလေသာပြတင်းပေါက်မှ ပြုတ်ကျသဖြင့် ဒဏ်ရာရ၏။ ထို့ကြောင့် မိမိတမန်တို့အား “ငါသည် ဤဝေဒနာများမှပြန်ကောင်းလာမည်လောဟု ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းကြလော့”ဟု ဆိုပြီး စေလွှတ်လိုက်၏။
ဧလိရှဲသည် သေလုမျောပါးနာမကျန်းဖြစ်နေချိန်တွင် အစ္စရေးဘုရင်ယောရှမင်းကြီးက သူ့ထံလာ၍ငိုကြွေးလျက် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထား၊ အစ္စရေးမြင်းစီးသူရဲများပါတကား”ဟု ဆို၏။
ထိုအခါ အာခတ်မင်းကြီးသည် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “အကျွန်ုပ်သည် အရှင့်အစေအပါး၊ အရှင့်သား ဖြစ်ပါ၏။ အကျွန်ုပ်ကိုလာတိုက်သော ဆီးရီးယားဘုရင်နှင့် အစ္စရေးဘုရင်တို့လက်မှ အကျွန်ုပ်ကို လာ၍ကယ်တင်တော်မူပါ”ဟု မှာလိုက်၏။
ထိုအခါ သူ့ငယ်သားတို့က သူ့ထံသို့လာပြီး “အကျွန်ုပ်၏အဖ၊ ပရောဖက်က ခက်ခဲသောအရာကို လုပ်စေလျှင် လုပ်မည်မဟုတ်လော။ ယခု ‘ရေချိုးလျှင် သန့်ရှင်းသွားမည်’ဟု ဆိုသည်မှာ ပို၍ပင်လုပ်သင့်သည်မဟုတ်ပါလော”ဟု လျှောက်တင်၏။
ဆီးရီးယားဘုရင်ကလည်း “ယခုပင် သွားပါ။ အစ္စရေးဘုရင်ထံ စာပါးလိုက်မည်”ဟု ဆိုသဖြင့် သူသည် ငွေတာလန်တစ်ဆယ်၊ ရွှေရှယ်ကယ်ခြောက်ထောင်နှင့် အဝတ်ဆယ်စုံကိုယူ၍ ခရီးထွက်သွားလေ၏။
အစ္စရေးဘုရင်သည် သူတို့ကိုမြင်သောအခါ ဧလိရှဲအား “အို အကျွန်ုပ်၏အဖ၊ သူတို့ကို သတ်ရပါမည်လော။ သတ်ရပါမည်လော”ဟု မေးလျှင်
ရှာဖွေရသောအချိန်နှင့် ဆုံးရှုံးရသောအချိန်ရှိ၏။ ထိန်းသိမ်းရသောအချိန်နှင့် လွှင့်ပစ်ရသောအချိန်ရှိ၏။
သို့သော် သင်ပြုသောကောင်းမှုသည် မလွှဲမရှောင်သာ၍ပြုရခြင်းမျိုးမဟုတ်ဘဲ မိမိဆန္ဒအလျောက်ဖြစ်စေရန် သင်၏သဘောတူညီချက်မပါလျှင် မည်သည့်အရာကိုမျှ ငါမပြုလိုပါ။
အသင့်ငယ်သားတို့ကို မေးကြည့်ပါ။ သူတို့ပြောပြပါလိမ့်မည်။ ယခုလို နေ့ကောင်းနေ့မြတ်မှာ ရောက်လာကြသောအကျွန်ုပ်၏ငယ်သားတို့သည်လည်း အသင့်ထံမှ မျက်နှာသာရပါစေသော။ အသင်စိတ်စေတနာရှိသောအရာကို အသင့်အစေအပါးများနှင့် အသင့်သားဒါဝိဒ်အား ပေးလိုက်ပါလော့’ဟူ၍ သူ့အား ပြောကြားရမည်”ဟု မှာလိုက်လေ၏။
ရှောလုကလည်း မိမိငယ်သားအား “ယခု ထိုသူ့ထံသွားလျှင် မည်သည့်အရာယူဆောင်သွားရမည်နည်း။ ငါတို့အိတ်ထဲတွင် မုန့်လည်းကုန်ပြီ။ ဘုရားသခင်၏လူထံသို့ ယူဆောင်သွားရန် ဘာလက်ဆောင်မျှ မရှိ။ ငါတို့၌ ဘာကျန်သေးသနည်း”ဟု ဆို၏။