သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
၄ ရာ 8:20 - မြန်မာ့စံမီသမ္မာကျမ်း ယဟောရံမင်းကြီးလက်ထက်တွင် ယုဒပြည်လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် ယုဒပြည်ကိုပုန်ကန်၍ သူတို့ကို အုပ်စိုးရန် ဘုရင်တစ်ပါးကို တင်မြှောက်လိုက်ကြ၏။ Common Language Bible ယဟောရံနန်းစံနေချိန်၌ဧဒုံပြည်သည် ယုဒ ပြည်ကိုပုန်ကန်၍လွတ်လပ်သောနိုင်ငံဖြစ်လာ လေသည်။- Garrad Bible ထို ယ ဟော ရံ မင်း လက် ထက် တွင် လက် အောက် ခံ ဖြစ် သော ဧ ဒုံ ပြည် ပုန် ကန် လျက် မင်း သစ် တင် မြှောက် ကြ သည် ဖြစ် ၍ Judson Bible ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင်ဘုရင်ကိုပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ |
သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
ဧဒုံပြည်တွင်လည်း မြို့စောင့်တပ်များ ချထားလိုက်၏။ ထိုသို့ ဧဒုံပြည်တစ်ပြည်လုံးတွင် မြို့စောင့်တပ်များ ချထားသောကြောင့် ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
အာမဇိမင်းကြီးသည် ဧဒုံစစ်သည်အယောက်တစ်သောင်းကို ဆားချိုင့်ဝှမ်းတွင် တိုက်ခိုက်သတ်ဖြတ်ပြီး ထိုစစ်ပွဲတွင် သေလမြို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ထိုမြို့၏အမည်ကို ယောကသေလမြို့ဟု ယနေ့တိုင် ခေါ်ဆိုလျက်ရှိ၏။
မောဘဘုရင်သည် တိုက်ပွဲပြင်းထန်ကြောင်းကို ရိပ်မိလျှင် ဓားကိုင်တပ်သားအယောက်ခုနစ်ရာကို ခေါ်၍ ဧဒုံဘုရင်၏တပ်ကို ထိုးဖောက်၏။ သို့သော် မထိုးဖောက်နိုင်ကြ။
ထိုအခါ မိမိအရိုက်အရာကိုဆက်ခံမည့်သားဦးအား ယူ၍ မြို့ရိုးပေါ်တွင် ယဇ်ပူဇော်လေ၏။ အစ္စရေးလူမျိုးတို့သည် အမျက်ဒဏ်ကြီးစွာခံရသဖြင့် တပ်ကိုဆုတ်ခွာပြီး မိမိတို့ပြည်သို့ ပြန်သွားကြလေ၏။
သို့ဖြစ်၍ အစ္စရေးဘုရင်သည် ယုဒဘုရင်၊ ဧဒုံဘုရင်တို့နှင့်ပေါင်း၍ စစ်ချီကြလေ၏။ ခုနစ်ရက်ပတ်လုံးကွေ့ပတ်ချီတက်လာကြရာ လိုက်ပါလာသောစစ်သည်များနှင့် တိရစ္ဆာန်တို့အဖို့ ရေမရှိသဖြင့်
ဤသို့ဖြင့် ယုဒပြည်၏လက်အောက်ခံဖြစ်သောဧဒုံပြည်သည် ယုဒပြည်ကို ယနေ့တိုင်အောင် ပုန်ကန်၏။ တစ်ချိန်တည်းမှာပင် လိဗနပြည်လည်း ယုဒပြည်ကို ပုန်ကန်၏။