ယောရှဖတ်နန်းတက်ချိန်တွင် သက်တော်သုံးဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ငါးနှစ် စိုးစံ၏။ မယ်တော်ကား ရှိလဟိ၏သမီး အဇုဘအမည်ရှိ၏။
၄ ရာ 8:16 - မြန်မာ့စံမီသမ္မာကျမ်း အာဟပ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရံမင်းကြီးနန်းစံ ငါးနှစ်မြောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီး၏သားတော်ယဟောရံသည် သူ့ဖခင် ယုဒဘုရင်ယောရှဖတ်မင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။ Common Language Bible ဣသရေလဘုရင်အာဟပ်၏သားတော်ယောရံ ၏နန်းစံငါးနှစ်မြောက်၌ ယောရှဖတ်၏သားတော် ယဟောရံသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၏။ သူ သည်ယေရုရှလင်မြို့တွင်ရှစ်နှစ်မျှနန်းစံရ၏။- Garrad Bible အာ ဟပ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယော ရံ မင်း နန်း စံ ငါး နှစ် တွင် ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း သား တော် ယ ဟော ရံ မင်း သည် Judson Bible ဣသရေလရှင်ဘုရင် အာဟပ်သားယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံသည် နန်းထိုင်လေ၏။ |
ယောရှဖတ်နန်းတက်ချိန်တွင် သက်တော်သုံးဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ငါးနှစ် စိုးစံ၏။ မယ်တော်ကား ရှိလဟိ၏သမီး အဇုဘအမည်ရှိ၏။
ယောရှဖတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဘင်တော်ဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယဟောရံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်အာခဇိသည် အစ္စရေးပြည်၊ ရှမာရိမြို့တွင် နန်းတက်၍ အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
ဧလိယ ဆင့်ဆိုသောထာဝရဘုရား၏စကားတော်အတိုင်း အာခဇိမင်းကြီး အနိစ္စရောက်လေ၏။ သူ၌သားမရှိသောကြောင့် ယဟောရံသည် ယောရှဖတ်မင်းကြီး၏သား ယုဒဘုရင် ယဟောရံမင်းကြီးနန်းစံနှစ်နှစ်တွင် အာခဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။
သို့သော် အာခဇိမင်းကြီး၏နှမဖြစ်သူ ယောရံမင်းကြီး၏သမီးတော်ယောရှေဘက အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ဝှက်ထားသဖြင့် အာသလိရန်မှကင်း၍ အသတ်မခံရတော့ပေ။
ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်ယဟောရံ နန်းတက်၍ ရှမာရိမြို့တွင် အစ္စရေးလူမျိုးကို တစ်ဆယ့်နှစ်နှစ်အုပ်စိုး၏။
အာဟပ်မင်းကြီး၏သားတော် အစ္စရေးဘုရင် ယောရံမင်းကြီး နန်းစံတစ်ဆယ့်နှစ်နှစ်တွင် ယုဒဘုရင်ယဟောရံမင်းကြီး၏သားတော် အာခဇိ နန်းတက်လေ၏။
အာရပ်လူတို့နှင့်အတူ တပ်စခန်းသို့လိုက်လာသော ဓားပြအဖွဲ့သည် ယဟောရံမင်းကြီး၏သားတော်အကြီးအားလုံးကို သတ်ပစ်သောကြောင့် ဂျေရုဆလင်မြို့သားတို့သည် အငယ်ဆုံးသားတော်အာခဇိအား ခမည်းတော်၏အရိုက်အရာကိုဆက်ခံစေ၏။ ထို့ကြောင့် ယုဒဘုရင်ယဟောရံမင်းကြီး၏သားတော် အာခဇိ နန်းတက်လေ၏။