၃ ရာ 22:42 - မြန်မာ့စံမီသမ္မာကျမ်း42 ယောရှဖတ်နန်းတက်ချိန်တွင် သက်တော်သုံးဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ငါးနှစ် စိုးစံ၏။ မယ်တော်ကား ရှိလဟိ၏သမီး အဇုဘအမည်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible42 ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ နန်းတက်ချိန်၌သူသည်အသက်သုံး ဆယ့်ငါးနှစ်ရှိ၏။ သူ၏မယ်တော်မှာရှိလဟိ ၏သမီးအဇုဘဖြစ်၏။- အခန်းကိုကြည့်ပါ။Judson Bible42 ယေရုရှလင်မြို့၌ နှစ်ဆယ်ငါးနှစ် စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီး အဇုဘအမည်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ယုဒပြည်တွင် ရှောလမုန်မင်းကြီး၏သားတော်ရောဗောင် နန်းတက်၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသောဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ် စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။
ယောရှဖတ်သည် ခမည်းတော်အာသမင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှမလွဲဘဲ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာကျင့်ကြံနေထိုင်၏။ သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားပေ။ လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာများ၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက်ရှိ၏။