အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
၄ ရာ 7:7 - မြန်မာ့စံမီသမ္မာကျမ်း မှောင်ရီပျိုးစအချိန်တွင် ထ၍ထွက်ပြေးကြလေ၏။ သူတို့သည် တဲများ၊ မြင်းများ၊ မြည်းများကို တပ်စခန်းတွင် ဤအတိုင်း စွန့်ပစ်ခဲ့ကာ အသက်လွတ်အောင် ထွက်ပြေးခဲ့ကြခြင်းဖြစ်၏။ Common Language Bible သို့ဖြစ်၍ထိုညဦး၌သူတို့သည်မိမိတို့၏ တဲများ၊ မြင်းများနှင့်မြည်းတို့ကိုစွန့်ကာ အ သက်ဘေးမှလွတ်ရန်ထွက်ပြေးကြကုန်၏။ သူ တို့၏တပ်စခန်းကိုမူရှိမြဲအတိုင်းထားခဲ့ ကြ၏။ Garrad Bible ဆည်း ဆာ အ ချိန် တွင် ပင် ထ၍ တဲ ရှင်၊ မြင်း၊ မြည်း များ ကို မ သိမ်း မ ယူ နိုင် ဘဲ၊ တစ် တပ် လုံး လက် လွတ် ထွက် ပြေး နှင့် ကြ သ တည်း။ Judson Bible မိုးမလင်းမီထ၍ သူတို့တဲ၊ မြင်း၊ မြည်းအစရှိသော တစ်တပ်လုံးကို စွန့်ပစ်၍ ကိုယ်အသက်လွတ်အောင် ပြေးကြ၏။ |
အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
ရန်သူတို့နှင့် တစ်ယောက်လျှင်တစ်ယောက်ချင်း တိုက်ခိုက်ကြရာ ဆီးရီးယားတပ်သားတို့ ထွက်ပြေးကြသဖြင့် အစ္စရေးတပ်သားတို့သည် သူတို့ကို လိုက်လံတိုက်ခိုက်ကြ၏။ ထိုစဉ် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မြင်းစီးသူရဲတို့နှင့်အတူ မြင်းစီးပြီးထွက်ပြေးလွတ်မြောက်သွား၏။
ထိတ်လန့်ဖွယ်ရာတို့သည် သူ့ကိုပတ်လည်ဝိုင်း၍ ခြောက်လှန့်ပြီး သူသွားလေရာရာသို့ ထက်ကြပ်မကွာလိုက်လိမ့်မည်။
မြင်းသည် အောင်ပွဲအတွက် အချည်းနှီးသောမျှော်လင့်ချက်ဖြစ်၏။ ၎င်း၏ကြီးမားသောခွန်အားကလည်း မကယ်ယူနိုင်။
“ဗိုလ်ခြေများ၏ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၍ အိမ်၌နေရစ်သောအမျိုးသမီးတို့သည် လုယက်ပစ္စည်းများကို ခွဲဝေကြ၏။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
ဒရယ်သည် အမဲလိုက်သူလက်မှလည်းကောင်း၊ ငှက်သည် ငှက်မုဆိုးလက်မှလည်းကောင်း လွတ်မြောက်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လွတ်မြောက်အောင်ပြုလော့။
ထိုနေ့ရက်၌ လူတို့သည် မိမိတို့ရှိခိုးကိုးကွယ်ရန် ထုလုပ်ထားသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များအလယ်၌ ပစ်ထားကြမည်။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
တပ်စခန်းပတ်ပတ်လည်တွင် ကိုယ့်နေရာကိုယ် အသီးသီးရပ်နေကြ၏။ တပ်စခန်းအတွင်းရှိစစ်သည်အားလုံးတို့မူကား ထွက်ပြေးကြ၏။ ပြေးလျက်အော်ဟစ်ကြ၏။
တပ်စခန်းအတွင်း အပြင်ရှိ ကင်းတပ်သားအားလုံး ကြောက်ရွံ့ကြကုန်၏။ အသေခံတပ်သားများလည်း ထိတ်လန့်ကြလေ၏။ ထိုစဉ်တွင် ငလျင်ပါလှုပ်သဖြင့် ပို၍ကြောက်ရွံ့ကြလေ၏။