၄ ရာ 7:7 - Common Language Bible7 သို့ဖြစ်၍ထိုညဦး၌သူတို့သည်မိမိတို့၏ တဲများ၊ မြင်းများနှင့်မြည်းတို့ကိုစွန့်ကာ အ သက်ဘေးမှလွတ်ရန်ထွက်ပြေးကြကုန်၏။ သူ တို့၏တပ်စခန်းကိုမူရှိမြဲအတိုင်းထားခဲ့ ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ဆည်း ဆာ အ ချိန် တွင် ပင် ထ၍ တဲ ရှင်၊ မြင်း၊ မြည်း များ ကို မ သိမ်း မ ယူ နိုင် ဘဲ၊ တစ် တပ် လုံး လက် လွတ် ထွက် ပြေး နှင့် ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible7 မိုးမလင်းမီထ၍ သူတို့တဲ၊ မြင်း၊ မြည်းအစရှိသော တစ်တပ်လုံးကို စွန့်ပစ်၍ ကိုယ်အသက်လွတ်အောင် ပြေးကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 မှောင်ရီပျိုးစအချိန်တွင် ထ၍ထွက်ပြေးကြလေ၏။ သူတို့သည် တဲများ၊ မြင်းများ၊ မြည်းများကို တပ်စခန်းတွင် ဤအတိုင်း စွန့်ပစ်ခဲ့ကာ အသက်လွတ်အောင် ထွက်ပြေးခဲ့ကြခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-