အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၄ ရာ 7:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမှာ ဘုရားရှင်​သည် ဆီးရီးယား​တပ်သား​တို့​အား စစ်ရထားသံ​၊ မြင်းခွာသံ​များ​ဖြင့် စစ်တပ်ကြီး​ချီလာ​သော​အသံ​ကို ကြား​ရ​စေ​တော်မူ​သဖြင့် သူ​တို့​က “​ကြည့်​ပါ​။ အစ္စရေး​ဘုရင်​သည် ငါ​တို့​ကို တိုက်ခိုက်​ရန် ဟိတ္တိ​ဘုရင်​၊ အီဂျစ်​ဘုရင်​တို့​ကို စစ်ကူတောင်း​ပြီး​ချီလာ​လေ​ပြီ​”​ဟု အချင်းချင်း​ပြောဆို​ကြ​လျက်

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​ရှု​ရိ​အ​မျိုး​သား​တို့ အား​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ဖြင့် တပ်​မ​တော်​ကြီး​ချီ​တက်​လာ​သော​အ​သံ​ကို ကြား​စေ​တော်​မူ​သ​ဖြင့် ရှု​ရိ​အ​မျိုး​သား​တို့ က``ငါ​တို့​ကို​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​ဘု​ရင် သည် ဟိတ္တိ​ဘု​ရင်​နှင့်​အီ​ဂျစ်​ဘု​ရင်​တို့​ကို​စစ် ကူ​တောင်း​လေ​ပြီ'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ကြောင်း ကား၊ ရ ထား တပ်၊ မြင်း တပ်၊ ကြီး စွာ သော အ လုံး အ ရင်း၏ တ ခဲ နက် သံ ကို ထာ ဝ ရ ဘု ရား ကြား စေ တော် မူ၍ ရှု ရိ တပ် သား တို့ က၊ ဣ သ ရေ လ ဘု ရင် သည် ငါ တို့ ကို တိုက် စေ ရန် ဟိ တ္တိ ဘု ရင်၊ အိ ဂျစ် ဘု ရင် များ ထံ စစ် ကူ တောင်း လေ ပြီ ဟု အ ချင်း ချင်း ပြော ဆို လျက်

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြောင်း​မူ​ကား၊ ရှု​ရိ​လူ​တို့​သည် ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ များ​စွာ​သော ဗိုလ်​ခြေ​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့် သူ​တို့​က ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ငါ​တို့​ကို​တိုက်​စေ​ခြင်း​ငှာ၊ ဟိ​တ္တိ​မင်း​များ၊ အဲ​ဂု​တ္တု​မင်း​များ​တို့​ကို ငှား​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​လျက်၊

အခန်းကိုကြည့်ပါ။



၄ ရာ 7:6
21 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား ဒါဝိဒ်​မင်းကြီး​စက်ဆုပ်ရွံရှာ​သွား​ကြောင်း​ကို အမ္မုန်​အမျိုးသား​တို့​သိ​သောအခါ အမ္မုန်​အမျိုးသား​တို့​သည် လူ​လွှတ်​၍ ဗက်ရဟောဘ​မြို့​နှင့် ဇောဘ​မြို့​မှ​ဆီးရီးယား​လူမျိုး ခြေလျင်တပ်သား အယောက်​နှစ်သောင်း​၊ မာခါ​ဘုရင်​ထံမှ လူ​တစ်ထောင်​၊ တောဘ​မြို့​မှ လူ​တစ်သောင်းနှစ်ထောင်​တို့​ကို​ငှားရမ်း​လေ​၏​။


ပိုးစာပင်​ထိပ်ဖျား​မှ စစ်ချီသံ​ကြား​လျှင် အလျင်အမြန်​ထွက်တိုက်​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ဖိလိတ္တိ​တပ်​ကို တိုက်ခိုက်​ရန် သင့်​ရှေ့​မှ​ကြွ​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​ရာ


အီဂျစ်​ပြည်​မှ ရထား​တစ်​စီး​လျှင် ငွေ​ခြောက်​ရာ​ရှယ်ကယ်​၊ မြင်း​တစ်​ကောင်​လျှင် ငွေ​တစ်ရာ့​ငါးဆယ်​ရှယ်ကယ်​ဖြင့် ဝယ်ယူ​တင်သွင်း​ပြီး ဟိတ္တိ​ဘုရင်​၊ ဆီးရီးယား​ဘုရင်​အပေါင်း​တို့​ထံသို့ တစ်ဆင့်​ပြန်လည်​ရောင်းချ​ကြ​၏​။


ရန်သူ​တို့​နှင့် တစ်ယောက်​လျှင်​တစ်ယောက်ချင်း တိုက်ခိုက်​ကြ​ရာ ဆီးရီးယား​တပ်သား​တို့ ထွက်ပြေး​ကြ​သဖြင့် အစ္စရေး​တပ်သား​တို့​သည် သူ​တို့​ကို လိုက်လံတိုက်ခိုက်​ကြ​၏​။ ထိုစဉ် ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​သည် မြင်းစီးသူရဲ​တို့​နှင့်အတူ မြင်းစီး​ပြီး​ထွက်ပြေး​လွတ်မြောက်​သွား​၏​။


ကြည့်ရှု​လော့​။ ငါ​သည် သူ​၌​အခြား​သော​စိတ်သဘော​ကို​သွင်းပေး​မည်​။ သူ​သည် သတင်း​တစ်​ခု​ကြား​၍ မိမိ​ပြည်​သို့ ပြန်သွား​လိမ့်မည်​။ ထို့နောက် သူ့​ပြည်​၌ သူ့​ကို ဓား​ဖြင့်​ကျဆုံး​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။


သူ​တို့​သည် မှောင်ရီပျိုးစ​အချိန်​တွင် ထ​၍​ဆီးရီးယား​တပ်စခန်း​သို့ သွား​ကြ​၏​။ သူ​တို့​သည် ဆီးရီးယား​တပ်စခန်း​အစွန်​နား​ရောက်​သောအခါ လူ​တစ်ယောက်​မျှ​မ​ရှိ​သည်​ကို တွေ့​ရ​လေ​၏​။


ကြောက်မက်ဖွယ်​အသံ​များ​ကို​သာ သူ့​နား​တွင် ကြား​နေ​ရ​၏​။ ငြိမ်းချမ်း​နေ​ချိန်​တွင်ပင် သူ့​ထံ ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​တတ်​၏​။


ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူ​၏ မျိုးဆက်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​ပြီ​တကား​။


အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​ကို မ​မျှော်ကြည့်​၊ ထာဝရဘုရား​ကို မ​ရှာ​ဘဲ အီဂျစ်​ပြည်​၏​မြင်း​များ​၊ များစွာ​သော​စစ်ရထား​၊ အလွန်​အားကြီး​သော​မြင်းစီးသူရဲ​တို့​ကို ကိုးစား​မှီဝဲ​ပြီး အီဂျစ်​ပြည်​သို့​သွား​၍ အကူအညီ​တောင်း​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ရရှိ​ဖို့ အီဂျစ်​ပြည်​ကို ကိုးစား​သော သင်​က ငါ့​သခင်​၏​မင်းမှုထမ်း​များ​ထဲမှ အနိမ့်ဆုံး​အရာရှိ​တစ်​ယောက်​ကို​ပင် ရင်ဆိုင်​တွန်းလှန်​နိုင်​မည်လော​။


အီဂျစ်​ပြည်​၏​ကြေးစားစစ်သည်​တို့​သည် ဆူဖြိုး​သော​နွားထီးပျို​ကဲ့သို့ ဖြစ်​သော်လည်း ဘေးဒုက္ခ​ရောက်​သော​အချိန်​၊ အပြစ်ဒဏ်​ပေး​ခံရ​သော​အချိန်​၌ ခံနိုင်ရည်​မ​ရှိ​။ အတူတကွ​နောက်လှည့်​ပြေး​ကြ​လေ​ပြီ​။


သူ​တို့​သွား​သောအခါ ရေလှိုင်းပုတ်သံ​ကြီး​ကဲ့သို့​၊ အနန္တတန်ခိုးရှင်​၏​အသံ​ကဲ့သို့ သူ​တို့​၏​တောင်ပံခတ်သံ​ကို ငါ​ကြား​ရ​၏​။ သူ​တို့​သွား​သော​အသံ​သည် စစ်ချီ​သံ​ကဲ့သို့ ဖြစ်​၏​။ သူ​တို့​ရပ်​နေ​သောအခါ အတောင်ပံ​များ​ကို ချ​ထား​၏​။


ထိုအခါ ခေရုဗိမ်​တို့​၏​တောင်ပံခတ်သံ​ကို အနန္တတန်ခိုးရှင်​ဘုရားသခင် မိန့်မြွက်​တော်မူ​သော​စကားသံ​ကဲ့သို့ အပြင်​ဝင်း​တိုင်အောင် ကြား​ရ​၏​။


သူ​တို့​၌ သံ​ရင်အုပ်​တန်ဆာ​နှင့်​တူ​သော ရင်အုပ်​တန်ဆာ​ရှိ​၍ သူ​တို့​၏​တောင်ပံ​ခတ်​သံ​သည် စစ်ပွဲ​သို့​ပြေး​သွား​သည့် များစွာ​သော​မြင်း​ရထား​တို့​၏​အသံ​နှင့်​တူ​၏။


တပ်စခန်း​ပတ်ပတ်လည်​တွင် ကိုယ့်နေရာကိုယ် အသီးသီး​ရပ်​နေ​ကြ​၏​။ တပ်စခန်း​အတွင်း​ရှိ​စစ်သည်​အားလုံး​တို့​မူကား ထွက်ပြေး​ကြ​၏​။ ပြေး​လျက်​အော်ဟစ်​ကြ​၏​။


တပ်စခန်း​အတွင်း အပြင်​ရှိ ကင်းတပ်သား​အားလုံး ကြောက်ရွံ့​ကြ​ကုန်​၏​။ အသေခံ​တပ်သား​များ​လည်း ထိတ်လန့်​ကြ​လေ​၏​။ ထိုစဉ်တွင် ငလျင်​ပါ​လှုပ်​သဖြင့် ပို၍​ကြောက်ရွံ့​ကြ​လေ​၏​။


ဒါဝိဒ်​သည် ဟိတ္တိ​လူမျိုး အဟိမလက်​နှင့် ဇေရုယာ​၏​သား​၊ ယွာဘ​၏​ညီ အဘိရှဲ​တို့​အား “​ရှောလု​တပ်စခန်း​သို့​ဆင်းသွား​လျှင် ငါ​နှင့် မည်သူ​လိုက်​မည်နည်း​”​ဟု မေး​ရာ အဘိရှဲ​က “​အကျွန်ုပ် လိုက်​ပါ​မည်​”​ဟု ဆို​၏​။