Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 7:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 မှောင်ရီပျိုးစ​အချိန်​တွင် ထ​၍​ထွက်ပြေး​ကြ​လေ​၏​။ သူ​တို့​သည် တဲ​များ​၊ မြင်း​များ​၊ မြည်း​များ​ကို တပ်စခန်း​တွင် ဤ​အတိုင်း စွန့်ပစ်​ခဲ့​ကာ အသက်လွတ်​အောင် ထွက်ပြေး​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သို့​ဖြစ်​၍​ထို​ည​ဦး​၌​သူ​တို့​သည်​မိ​မိ​တို့​၏ တဲ​များ၊ မြင်း​များ​နှင့်​မြည်း​တို့​ကို​စွန့်​ကာ အ သက်​ဘေး​မှ​လွတ်​ရန်​ထွက်​ပြေး​ကြ​ကုန်​၏။ သူ တို့​၏​တပ်​စ​ခန်း​ကို​မူ​ရှိ​မြဲ​အ​တိုင်း​ထား​ခဲ့ ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ဆည်း ဆာ အ ချိန် တွင် ပင် ထ၍ တဲ ရှင်၊ မြင်း၊ မြည်း များ ကို မ သိမ်း မ ယူ နိုင် ဘဲ၊ တစ် တပ် လုံး လက် လွတ် ထွက် ပြေး နှင့် ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 မိုး​မ​လင်း​မီ​ထ၍ သူ​တို့​တဲ၊ မြင်း၊ မြည်း​အ​စ​ရှိ​သော တစ်​တပ်​လုံး​ကို စွန့်​ပစ်၍ ကိုယ်​အ​သက်​လွတ်​အောင် ပြေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 7:7
18 ပူးပေါင်းရင်းမြစ်များ  

အီဂျစ်​ပြည်​မှ ရထား​တစ်​စီး​လျှင် ငွေ​ခြောက်​ရာ​ရှယ်ကယ်​၊ မြင်း​တစ်​ကောင်​လျှင် ငွေ​တစ်ရာ့​ငါးဆယ်​ရှယ်ကယ်​ဖြင့် ဝယ်ယူ​တင်သွင်း​ပြီး ဟိတ္တိ​ဘုရင်​၊ ဆီးရီးယား​ဘုရင်​အပေါင်း​တို့​ထံသို့ တစ်ဆင့်​ပြန်လည်​ရောင်းချ​ကြ​၏​။


ရန်သူ​တို့​နှင့် တစ်ယောက်​လျှင်​တစ်ယောက်ချင်း တိုက်ခိုက်​ကြ​ရာ ဆီးရီးယား​တပ်သား​တို့ ထွက်ပြေး​ကြ​သဖြင့် အစ္စရေး​တပ်သား​တို့​သည် သူ​တို့​ကို လိုက်လံတိုက်ခိုက်​ကြ​၏​။ ထိုစဉ် ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​သည် မြင်းစီးသူရဲ​တို့​နှင့်အတူ မြင်းစီး​ပြီး​ထွက်ပြေး​လွတ်မြောက်​သွား​၏​။


ထိတ်လန့်ဖွယ်​ရာ​တို့​သည် သူ့​ကို​ပတ်လည်ဝိုင်း​၍ ခြောက်လှန့်​ပြီး သူ​သွား​လေရာရာ​သို့ ထက်ကြပ်မကွာ​လိုက်​လိမ့်မည်​။


မြင်း​သည် အောင်ပွဲ​အတွက် အချည်းနှီး​သော​မျှော်လင့်ချက်​ဖြစ်​၏​။ ၎င်း​၏​ကြီးမား​သော​ခွန်အား​က​လည်း မ​ကယ်ယူ​နိုင်​။


“​ဗိုလ်ခြေ​များ​၏​ရှင်ဘုရင်​တို့​သည် အလျင်အမြန်​ထွက်ပြေး​ကြ​၍ အိမ်​၌​နေရစ်​သော​အမျိုးသမီး​တို့​သည် လုယက်ပစ္စည်း​များ​ကို ခွဲဝေ​ကြ​၏​။


ရှင်ဘုရင်​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၏​လက်​တော်​၌​ရှိ​၍ ရေစီး​သော​ချောင်း​များ​ကဲ့သို့​ဖြစ်​၏​။ ကိုယ်တော်​သည် ၎င်း​ကို အလို​တော်​ရှိ​သည့် နေရာတိုင်း​သို့ လှည့်​စေ​တော်မူ​၏​။


ဆိုးယုတ်​သော​သူ​သည် လိုက်​သော​သူ​မ​ရှိ​ဘဲ​လျက် ထွက်ပြေး​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား ခြင်္သေ့ပျို​ကဲ့သို့​ရဲရင့်တည်ကြည်​၏​။


ဒရယ်​သည် အမဲလိုက်သူ​လက်​မှ​လည်းကောင်း​၊ ငှက်​သည် ငှက်မုဆိုး​လက်​မှ​လည်းကောင်း လွတ်မြောက်​သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်​လွတ်မြောက်​အောင်​ပြု​လော့​။


ထို​နေ့ရက်​၌ လူ​တို့​သည် မိမိ​တို့​ရှိခိုးကိုးကွယ်​ရန် ထုလုပ်​ထား​သော ငွေ​ရုပ်တု​၊ ရွှေ​ရုပ်တု​တို့​ကို ပွေး​များ​၊ လင်းနို့​များ​အလယ်​၌ ပစ်ထား​ကြ​မည်​။


ဤသည်ကား ရှေ့၌​ပြင်ဆင်​ထား​သော​မျှော်လင့်​ခြင်း​ကို ဆွတ်ခူး​နိုင်​ရန်​အတွက် ထွက်ပြေး​လာ​သော​ငါ​တို့​သည် ဘုရားသခင်​မုသား​မ​သုံး​နိုင်​သော​အရာ​တည်းဟူသော မ​ပြောင်းလဲ​နိုင်​သည့်​အရာ​နှစ်​ပါး​အားဖြင့် ကြီးမား​သော​နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​မည့်​အကြောင်း​တည်း။


တပ်စခန်း​ပတ်ပတ်လည်​တွင် ကိုယ့်နေရာကိုယ် အသီးသီး​ရပ်​နေ​ကြ​၏​။ တပ်စခန်း​အတွင်း​ရှိ​စစ်သည်​အားလုံး​တို့​မူကား ထွက်ပြေး​ကြ​၏​။ ပြေး​လျက်​အော်ဟစ်​ကြ​၏​။


တပ်စခန်း​အတွင်း အပြင်​ရှိ ကင်းတပ်သား​အားလုံး ကြောက်ရွံ့​ကြ​ကုန်​၏​။ အသေခံ​တပ်သား​များ​လည်း ထိတ်လန့်​ကြ​လေ​၏​။ ထိုစဉ်တွင် ငလျင်​ပါ​လှုပ်​သဖြင့် ပို၍​ကြောက်ရွံ့​ကြ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ