ယေရမိ 46:21 - မြန်မာ့စံမီသမ္မာကျမ်း21 အီဂျစ်ပြည်၏ကြေးစားစစ်သည်တို့သည် ဆူဖြိုးသောနွားထီးပျိုကဲ့သို့ ဖြစ်သော်လည်း ဘေးဒုက္ခရောက်သောအချိန်၊ အပြစ်ဒဏ်ပေးခံရသောအချိန်၌ ခံနိုင်ရည်မရှိ။ အတူတကွနောက်လှည့်ပြေးကြလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible21 အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။ အခန်းကိုကြည့်ပါ။Garrad Bible21 ဘေး တွေ့ ရာ နေ့ ရက်၊ ဒဏ် သင့် ရာ ကာ လ ရောက် သ ဖြင့်၊ ကျွေး ထား သော နွား ပေါက် သ ဖွယ် အ ငှား စစ် သည် တို့ မ ခံ ရပ် ဘဲ၊ တစ် စု တည်း ဆုတ် လန် ထွက် ပြေး ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible21 သူငှားတို့သည် သူ၏အလယ်၌ ဆူအောင်ကျွေးသော နွားကဲ့သို့ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကို ခံရသောအချိန် ရောက်သောကြောင့်၊ သူတို့သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက်
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။