“သူကျန်းမာပါသလော”ဟု မေးပြန်ရာ သူတို့က “ကျန်းမာပါသည်။ ကြည့်ပါ။ သူ၏သမီးရာခေလသည် သိုးများနှင့်လာနေပြီ”ဟု ပြန်ဖြေကြ၏။
၄ ရာ 4:26 - မြန်မာ့စံမီသမ္မာကျမ်း ချက်ချင်း ပြေးသွားပြီး သူ့ကိုကြိုပါ။ ‘သင်ကျန်းမာပါ၏လော။ သင်၏ခင်ပွန်းသည် ကျန်းမာပါ၏လော။ သားလည်း ကျန်းမာပါ၏လော’ဟူ၍ မေးမြန်းနှုတ်ဆက်ပါ”ဟု ဆို၏။ ထိုအမျိုးသမီးကလည်း “ကျန်းမာပါ၏”ဟု ပြန်ပြောပြီး Common Language Bible သူ့ထံသို့အလျင်အမြန်သွား၍`ကိုယ်တိုင်မာ ၏လော၊ ခင်ပွန်းမာ၏လော၊ သားငယ်မာ၏လော၊' ဟုမေးမြန်းလော့'' ဟုဆို၏။ အမျိုးသမီးသည်ဂေဟာဇိအား``ကျန်းမာပါ သည်'' ဟုပြန်ပြော၏။- Garrad Bible အ မြန် သွား၍ ခ ရီး ဦး ကြို ဆို လျက်၊ ကိုယ် တိုင် မာ၏ လော။ ခင် ပွန်း မာ၏ လော။ သူ ငယ် မာ ၏ လော ဟူ၍ တ ပည့် ဂေ ဟာ ဇိ ကို မေး စေ သည့် အ တိုင်း မာ ပါ သည် ဟု ပြန် ဆို၏။ Judson Bible သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ မိန်းမက မာပါ၏ဟုဆို၏။ |
“သူကျန်းမာပါသလော”ဟု မေးပြန်ရာ သူတို့က “ကျန်းမာပါသည်။ ကြည့်ပါ။ သူ၏သမီးရာခေလသည် သိုးများနှင့်လာနေပြီ”ဟု ပြန်ဖြေကြ၏။
ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
ထိုအခါ ယောသပ်သည် သူတို့အား သာကြောင်းမာကြောင်းနှုတ်ခွန်းဆက်ပြီးလျှင် “အသက်ကြီးပြီဟု သင်တို့ပြောသည့် သင်တို့၏ဖခင်သည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လော”ဟု မေးလေ၏။
ရှင်ဘုရင်ကလည်း “သားတော်အဗရှလုံ ဘေးကင်းပါ၏လော”ဟု မေးလျှင် အဟိမတ်က “အရှင်မင်းကြီး၏အမှုထမ်းကျွန်တော်မျိုးကို ယွာဘစေလွှတ်စဉ်က အကြီးအကျယ်ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်သော်လည်း မည်သို့ဖြစ်ပျက်နေသည်ကို အကျွန်ုပ် မသိပါ”ဟု လျှောက်တင်လေ၏။
ခင်ပွန်းကလည်း “ယနေ့သည် လဆန်းနေ့လည်းမဟုတ်။ ဥပုသ်နေ့လည်း မဟုတ်။ အဘယ်ကြောင့် ယနေ့ သွားလိုသနည်း”ဟု ဆိုလျှင် သူ့မိန်းမက “အဆင်ပြေပါလိမ့်မည်”ဟု ပြန်ပြော၏။
ထိုသို့ သူထွက်သွား၍ ဘုရားသခင်၏လူရှိရာ ကရမေလတောင်ပေါ်သို့ ရောက်လာ၏။ ဘုရားသခင်၏လူသည် သူ့ကို အဝေးမှမြင်လျှင် ငယ်သားဂေဟာဇိအား “ကြည့်ပါ။ ရှုနင်မြို့သူ လာနေပါသည်တကား။
တောင်ပေါ်ရှိဘုရားသခင်၏လူထံသို့ရောက်သည်နှင့် သူ့ခြေကိုဖက်ထားလေ၏။ ဂေဟာဇိသည် လာ၍သူ့ကိုတွန်းဖယ်မည်ပြုသောအခါ ဘုရားသခင်၏လူက “သူ့ကို လွှတ်ထားလိုက်ပါ။ သူစိတ်သောကရောက်နေ၏။ ထာဝရဘုရားသည် ငါ့အား မဖော်ပြဘဲ ထိန်ချန်ထားလေပြီ”ဟု ဆို၏။
သူကလည်း “အဆင်ပြေပါ၏။ အကျွန်ုပ်သခင်က ‘ယခုလေးပင် ဧဖရိမ်တောင်ပေါ်ဒေသမှ ပရောဖက်အဖွဲ့သားလူငယ်နှစ်ဦး ငါ့ထံသို့ရောက်လာသဖြင့် သူတို့အဖို့ ငွေတစ်တာလန်နှင့် အဝတ်နှစ်စုံ ပေးပါလော့’ဟု မှာလိုက်ပါ၏”ဟု ဆို၏။
ကိုယ်တော်သည် ဤသို့ပြုတော်မူသောကြောင့် အကျွန်ုပ်သည် တိတ်ဆိတ်စွာနေလျက် အကျွန်ုပ်၏နှုတ်ကိုမဖွင့်ဘဲနေပါ၏။
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။
“ထိုလုလင်နောက်သို့ ပြေးသွား၍ ‘ဂျေရုဆလင်မြို့တွင် နေထိုင်သောလူနှင့် တိရစ္ဆာန်တို့သည် အလွန်များပြားလွန်းသဖြင့် ထိုမြို့သည် မြို့ရိုးမရှိသောမြို့ကဲ့သို့ ဖြစ်လိမ့်မည်။
ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။
ဤဒိန်ခဲဆယ်ခဲကိုလည်း သူတို့၏လူတစ်ထောင်အုပ်အတွက် ယူသွားလော့။ သင့်အစ်ကိုတို့ အေးအေးချမ်းချမ်းရှိသည်ကို သင်မြင်တွေ့ခဲ့ရကြောင်း သက်သေယူလာပြလော့”ဟု မှာလိုက်လေ၏။
ထို့ကြောင့် ရှမွေလသည် မိန့်တော်မူသောအရာအားလုံးကို မထိမ်ဝှက်ဘဲ သူ့အား ပြောပြလေ၏။ ထိုအခါ ဧလိက “ဤသည်ကား ထာဝရဘုရားမိန့်တော်မူသောအမှုဖြစ်၏။ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။