သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
၄ ရာ 24:3 - မြန်မာ့စံမီသမ္မာကျမ်း မနာရှေမင်းကြီးပြုခဲ့သောအပြစ်များကြောင့် စကားတော်အတိုင်း ထာဝရဘုရားသည် ယုဒပြည်ကို ရှေ့တော်မှ ဖယ်ရှားရန် ဤသို့စီရင်ခြင်း ဖြစ်၏။ Common Language Bible ထာဝရဘုရားသည်မနာရှေပြုခဲ့သည့် ဒုစရိုက်အပေါင်းတို့ကြောင့် အထူးသဖြင့် အပြစ်မဲ့သူတို့ကိုသတ်ဖြတ်ခဲ့သည့်အပြစ် ကြောင့် ယုဒပြည်သူတို့အားမျက်မှောက်တော် မှနှင်ထုတ်တော်မူလိုသဖြင့် ဤသို့စီရင် တော်မူခြင်းဖြစ်သတည်း။ ထိုပြစ်မှုကြောင့် ထာဝရဘုရားသည်မနာရှေအားအပြစ် ဖြေလွှတ်တော်မမူနိုင်။ Garrad Bible ထာ ဝ ရ ဘု ရား ချမ်း သာ မ ပေး နိုင် လောက် အောင် ယေ ရု ရှ လင် မြို့ အ ပြည့် အ လျှံ၊ အ ပြစ် ကင်း သူ တို့ အ သွေး သွန်း မှု မှ စ၍ မ နာ ရှေ မင်း ပြု သ မျှ သော ပြစ် မှု များ အ တွက် ထာ ဝ ရ ဘု ရား စီ ရင် ချက် ချ တော် မူ သည့် အ တိုင်း ယု ဒ အ မျိုး ကို မျက် မှောက် တော် မှ ပယ် ရှား အံ့ သော ငှါ၊ ထို ဘေး သင့် ရောက် သ တည်း။ Judson Bible မနာရှေမင်းပြုမိသမျှသော အပြစ်၊ အသေမခံထိုက်သောသူတို့ကိုသတ်၍ သူတို့အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှာ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။ |
သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ပြင်းစွာအမျက်ထွက်တော်မူသဖြင့် ယုဒအမျိုးအနွယ်မှလွဲ၍ ကျန်အမျိုးအနွယ်အားလုံးကို အထံတော်မှ ဖယ်ရှားတော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက အစ္စရေး၏သားစဉ်မြေးဆက်အားလုံးကို စွန့်ပစ်ပြီး ဒဏ်ခတ်တော်မူ၏။ သူတို့ကို တိုက်ခိုက်လုယက်သူတို့လက်သို့ အပ်ပြီး အထံတော်မှနှင်ထုတ်တော်မူ၏။
ထာဝရဘုရားက မိမိအစေအပါးပရောဖက်တို့မှတစ်ဆင့် မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အထံတော်မှနှင်ထုတ်ခဲ့ရသည်အထိ ဖြစ်၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကိုယ့်နေရင်းပြည်မှ အဆီးရီးယားပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၍ ယနေ့တိုင်အောင်ထိုပြည်တွင် နေကြရ၏။
ထာဝရဘုရားအခွင့်မရှိဘဲ ဤပြည်ကို ငါလာ၍ဖျက်ဆီးသည်ဟု ထင်သလော။ ထာဝရဘုရားက ‘ထိုပြည်သို့စစ်ချီ၍ဖျက်ဆီးလော့’ဟူ၍ ငါ့အား မိန့်တော်မူပြီ”ဟု ဆို၏။
မနာရှေမင်းကြီးသည် ယုဒလူမျိုးတို့အား ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုကိုပြု၍ပြစ်မှားရာရောက်စေခဲ့၏။ ဂျေရုဆလင်မြို့တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းအထိ အပြစ်ကင်းသောသူတို့၏အသက်ကိုသတ်သောအပြစ်များနှင့် များပြားပြည့်လျှံစေခဲ့၏။
ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။
ယုဒလူမျိုးတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ဆီးရီးယားစစ်သည်တို့သည် လူအနည်းငယ်နှင့်သာချီလာသော်လည်း ထာဝရဘုရားသည် ယုဒစစ်သည်အမြောက်အမြားကို သူတို့လက်သို့ အပ်လိုက်လေ၏။ ထို့ကြောင့် သူတို့သည် ယောရှမင်းကြီးကို ဒဏ်ခတ်စီရင်ကြလေ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
ငါသည် အလင်းကိုပုံဖော်ဖန်ဆင်း၏၊ အမှောင်ကိုလည်းဖန်ဆင်း၏။ ငြိမ်းချမ်းမှုကိုဖြစ်စေ၏၊ ဘေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေ၏။ ဤအရာအားလုံးတို့ကို ငါထာဝရဘုရား စီရင်၏။
ထာဝရဘုရားက ‘ဤမြို့သည် တည်သည့်အချိန်မှစ၍ ယနေ့အထိ ငါ့အမျက်ဒေါသကို နှိုးဆော်လေပြီ။ ငါသည် ဤမြို့ကို ငါ့ရှေ့မှောက်မှဖယ်ရှားမည်။
နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသော ဂျူးလူမျိုး အရေအတွက်ကား ဤသို့ဖြစ်၏။ နေဗုခဒ်နေဇာမင်းကြီး နန်းစံခုနစ်နှစ်တွင် သုံးထောင်နှစ်ဆယ့်သုံးယောက်၊
ဘုရားရှင်ထာဝရဘုရားက ‘လူ့အသက်ကို သတ်သောမြို့၊ ရုပ်တုများကိုပြုလုပ်ပြီး မိမိကိုယ်ကို ညစ်ညူးစေသောကြောင့် သူပျက်စီးရမည့်အချိန် ကျရောက်လေပြီ။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘လူအသက်သတ်သောမြို့သည် အမင်္ဂလာရှိ၏။ တိုက်ချွတ်မရအောင် အညစ်အကြေးကပ်နေသောအိုးထဲမှ အသားတုံးများကို မရွေးဘဲ တစ်တုံးပြီးတစ်တုံး ထုတ်လော့။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
ထကြ။ ထွက်သွားကြ။ ဤပြည်သည် ငြိမ်းချမ်းသောပြည် မဟုတ်တော့ပြီ။ ဤပြည်သည် ညစ်ညူးသောကြောင့် ကြီးစွာသောပျက်စီးခြင်းဖြင့် ပျက်စီးရလိမ့်မည်။
ထာဝရဘုရားသည် သင့်ကိုကောင်းစားစေ၍ တိုးပွားစေရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင့်ကိုဖျက်ဆီး၍ သုတ်သင်ပယ်ရှင်းပစ်ရာ၌လည်း ထာဝရဘုရား ဝန်လေးတော်မူမည်မဟုတ်။ သင်သည် သင်ဝင်ရောက်သိမ်းပိုက်သည့်ပြည်ထဲမှ နုတ်ပယ်ခြင်းခံရလိမ့်မည်။
ထာဝရဘုရားသည် သူတို့ကို အမျက်ဒေါသပြင်းထန်စွာဖြင့် သူတို့၏ပြည်ထဲမှ နုတ်၍ ယနေ့မြင်ရသည့်အတိုင်း သူတို့ကို အခြားသောပြည်သို့ လွှင့်ပစ်လိုက်၏’ဟု ဆိုကြလိမ့်မည်။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသော ကောင်းကျိုးဆိုင်ရာကတိတော်ဟူသမျှကို သင်တို့အပေါ်သက်ရောက်စေမည်ဖြစ်သကဲ့သို့ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်မှ သုတ်သင်မခံရမချင်း ထာဝရဘုရားသည် ဘေးအန္တရာယ်ရှိသမျှတို့ကို သင်တို့အပေါ်သို့သက်ရောက်စေတော်မူလိမ့်မည်။