ယောရှု 23:15 - မြန်မာ့စံမီသမ္မာကျမ်း15 သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသော ကောင်းကျိုးဆိုင်ရာကတိတော်ဟူသမျှကို သင်တို့အပေါ်သက်ရောက်စေမည်ဖြစ်သကဲ့သို့ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်မှ သုတ်သင်မခံရမချင်း ထာဝရဘုရားသည် ဘေးအန္တရာယ်ရှိသမျှတို့ကို သင်တို့အပေါ်သို့သက်ရောက်စေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible15 ကိုယ်တော်သည်ကတိတော်ရှိသည်အတိုင်းသင် တို့အား ကောင်းချီးမင်္ဂလာကိုချပေးတော်မူသည် မှန်သော်လည်း ကိုယ်တော်စကားကိုနားမထောင် လျှင်မူကား သင်တို့အပေါ်သို့ဘေးဒုက္ခအပေါင်း တို့ကိုကျရောက်စေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible15-16 တစ် ပါး မ ယုတ်၊ ပြည့် စုံ သ တည်း။ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က တိ ထား တော် မူ သော ဆု ကျေး ဇူး အ လုံး စုံ သက် ရောက် ခဲ့ သည့် နည်း တူ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထား တော် မူ သော ပ ဋိ ညာဉ် ကို ဖောက် ကျော် လျက် အ ခြား ဘု ရား များ နောက် လိုက် သွား ဝတ် ပြု ရှိ ခိုး ကြ မူ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ သော ဤ ပြည် ကောင်း မှ သင် တို့ ကို ဖျက် ပယ် တော် မ မူ မ ချင်း၊ ဘေး အ မျိုး မျိုး ကို သင့် စေ တော် မူ၍ အ မျက် တော် ရှိန် ကြောင့် ရှောင် တ ခင် ပျက် စီး ကြ လိမ့် မည် ဟု မိန့် ဆို လေ၏။ အခန်းကိုကြည့်ပါ။Judson Bible15 သင်တို့၏ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်းမွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမီတိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေးဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့သည် ငါမိန့်ဆိုသော်လည်း ငါ့စကားကို နားမထောင်ကြ၊ ငါခေါ်သော်လည်း သူတို့မထူးကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို သူတို့အပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။