ယေရမိ 32:31 - မြန်မာ့စံမီသမ္မာကျမ်း31 ထာဝရဘုရားက ‘ဤမြို့သည် တည်သည့်အချိန်မှစ၍ ယနေ့အထိ ငါ့အမျက်ဒေါသကို နှိုးဆော်လေပြီ။ ငါသည် ဤမြို့ကို ငါ့ရှေ့မှောက်မှဖယ်ရှားမည်။ အခန်းကိုကြည့်ပါ။Common Language Bible31 ဤမြို့ကိုတည်ထောင်သည့်နေ့မှအစပြု၍ မြို့သူမြို့သားတို့သည် ငါ၏အမျက်တော် ကိုပြင်းထန်စွာလှုံ့ဆော်ခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible31-32 ဣ သ ရေ လ၊ ယု ဒ အ မျိုး သား တို့ နှင့် တ ကွ၊ ဘု ရင် များ၊ မှူး မတ် များ၊ ပ ရော ဟိတ် များ၊ ပ ရော ဖက် များ၊ ယေ ရု ရှ လင် မြို့ သူ ယု ဒ ပြည် သား များ ပါ၊ အ မျက် တော် တိုက် အောင် ပြု တတ် သော ဆိုး သွမ်း မှု ကြောင့်၊ မျက် မှောက် တော် မှ ငါ ပယ် ရှား ရ စေ ခြင်း ငှာ၊ တည် ထောင် သည့် နေ့ က စ၍ ယ ခု တိုင် အောင်၊ ဤ မြို့ သည် ငါ ၏ ဒေါ သ အ မျက် တိုက် ရာ တိုက် ကြောင်း ဖြစ် ရှာ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible31 ဣသရေလအမျိုးနှင့် ယုဒအမျိုး၏ အခန်းကိုကြည့်ပါ။ |
ဗေသလမြို့ရှိ ယဇ်ပလ္လင်နှင့် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီးတည်ထားခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကိုလည်း ရှင်ဘုရင်သည် ထိုယဇ်ပလ္လင်နှင့် အထွတ်အမြတ်ထားရာနေရာကိုပါ ဖြိုချပစ်ပြီး မီးရှို့ကာအမှုန့်ချေပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း မီးရှို့ပစ်၏။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မှန်စွာပြုတော်မူသည့်အတိုင်း ကိုယ်တော်၏အမျက်ဒေါသကို ကိုယ်တော်၏သန့်ရှင်းသောတောင်တည်းဟူသော ဂျေရုဆလင်မြို့မှ ပြန်လည်ရုပ်သိမ်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏အပြစ်၊ ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ဂျေရုဆလင်မြို့နှင့် လူမျိုးတော်တို့သည် ဝန်းကျင်ရှိလူအပေါင်းတို့အတွက် ကဲ့ရဲ့စရာ ဖြစ်ရပါပြီ။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။