တရားဟော 29:28 - မြန်မာ့စံမီသမ္မာကျမ်း28 ထာဝရဘုရားသည် သူတို့ကို အမျက်ဒေါသပြင်းထန်စွာဖြင့် သူတို့၏ပြည်ထဲမှ နုတ်၍ ယနေ့မြင်ရသည့်အတိုင်း သူတို့ကို အခြားသောပြည်သို့ လွှင့်ပစ်လိုက်၏’ဟု ဆိုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible28 ထာဝရဘုရားသည်အမျက်ပြင်းစွာထွက် တော်မူသဖြင့် သူတို့ကိုနေရင်းပြည်မှထုတ် ပယ်၍ တိုင်းတစ်ပါးသို့နှင်ပစ်တော်မူလိုက် ရာ ယနေ့တိုင်သူတို့သည်ထိုပြည်၌နေ ထိုင်လျက်ရှိကြ၏' ဟူ၍ဖြစ်သည်။ အခန်းကိုကြည့်ပါ။Garrad Bible28 ထာ ဝ ရ ဘု ရား သည်၊ ဒေါ သ အ ရှိန် နှင့် မ ဟာ အ မျက် တော် ထား လျက်၊ ထို လူ မျိုး ကို နေ ပြည် မှ ဆွဲ နုတ် ပြီး လျှင်၊ ယ ခု ဖြစ် သည့် အ တိုင်း အ ခြား ပြည် ရောက် ပယ် ပစ် တော် မူ သည် တ ကား ဟု တုံ့ ပြန် ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible28 ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီးလျက် သူတို့ပြည်ထဲက သူတို့ကိုနုတ်ပယ်၍၊ ယနေ့တိုင်အောင် အခြားတစ်ပါးသောပြည်သို့ နှင်ထုတ်တော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်အား သစ္စာမဲ့မှုကြောင့် ရပ်နီးရပ်ဝေးရှိ အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်သွားသော ယုဒလူမျိုးများ၊ ဂျေရုဆလင်မြို့သူမြို့သားများမှစ၍ အစ္စရေးအမျိုးသားများဖြစ်သည့် အကျွန်ုပ်တို့မူကား ယနေ့တိုင် အရှက်ကွဲ၍မျက်နှာပျက်ကြရပါပြီ။
အကျွန်ုပ်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့သည် အပြစ်ကြီးလှပါ၏။ အကျွန်ုပ်တို့၏အပြစ်များကြောင့် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များသည် ယခုမြင်ရသည့်အတိုင်း တစ်ပါးအမျိုးသား၏ဘုရင်တို့လက်ထဲသို့ရောက်သွားရပြီး ဓားဖြင့်သတ်ဖြတ်ခြင်း၊ သုံ့ပန်းဖြစ်ခြင်း၊ လုယက်ခြင်းနှင့် အရှက်ခွဲခြင်းတို့ကို ခံရကြပါ၏။