အဆီးရီးယားဘုရင်သည် အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွားပြီး ဟာလာအရပ်၊ ဂေါဇန်နယ်ရှိ ဟာဗော်မြစ်နား၊ မေဒိမြို့ရွာများတွင် နေရာချထား၏။
အာရှုရိဧကရာဇ်ဘုရင် သည်ဣသရေလအမျိုးသားတို့အား သုံ့ပန်းများ အဖြစ်ဖမ်းသွားပြီးလျှင်အချို့ကိုဟာလမြို့၌ လည်းကောင်း၊ အချို့ကိုဂေါဇန်ခရိုင်ဟာဗော်မြစ် အနီး၌လည်းကောင်း၊ အချို့ကိုမေဒိပြည်ရှိ မြို့များ၌လည်းကောင်းနေထိုင်စေ၏။
အာ ရှု ရိ ဘု ရင် သည် ဣ သ ရေ လ လူ မျိုး တို့ ကို အာ ရှု ရိ ပြည် သို့ သိမ်း သွား လျက် ဟာ လ နယ်၌ လည်း ကောင်း၊ ဂေါ ဇန် နယ် ရှိ ဟာ ဗော် မြစ် အ နီး ၌ လည်း ကောင်း၊ မေ ဒိ ပြည် နယ် မြို့ ရွာ များ ၌ လည်း ကောင်း နေ စေ ၏။
အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ထား၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
ကြည့်ရှုလော့။ အဆီးရီးယားဘုရင်တို့သည် တိုင်းပြည်အားလုံး အကုန်အစင်ပျက်စီးသွားအောင် မည်သို့ပြုခဲ့သည်ကို သင်ကြားရပြီ။ သင်လည်း လွတ်မြောက်မည်ဟုမထင်နှင့်။
သူတို့အား ငါမိန့်မှာသမျှအတိုင်း၊ ငါ့အစေအပါးမောရှေမှာထားသမျှသော ပညတ်တရားအတိုင်း လိုက်နာပြုကျင့်မည်ဆိုလျှင် အစ္စရေးလူမျိုးတို့သည် သူတို့၏ဘိုးဘေးတို့အား ငါပေးထားသောပြည်မှထွက်သွား၍ လှည့်လည်သွားလာရတော့မည်မဟုတ်”ဟု မိန့်မှာတော်မူခဲ့၏။
ထို့ကြောင့် ထာဝရဘုရားက “အစ္စရေးလူမျိုးကို ငါဖယ်ရှားပစ်သကဲ့သို့ ယုဒလူမျိုးကိုလည်း ငါ့ရှေ့မှဖယ်ရှားပစ်မည်။ ငါရွေးချယ်ခဲ့သောဂျေရုဆလင်မြို့နှင့် ‘ထိုနေရာ၌ငါ့နာမကိုတည်စေမည်’ဟု ငါဆိုခဲ့သောအိမ်တော်ကို ငါစွန့်ပစ်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။
ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။
ရှမာရိမြို့နှင့်ထိုမြို့မှရုပ်တုများကို ငါပြုသကဲ့သို့ ဂျေရုဆလင်မြို့နှင့်ထိုမြို့မှရုပ်တုများကို ငါပြုမည်မဟုတ်လော”ဟု ဆိုတတ်၏။
အဆီးရီးယားလူမျိုးသည် အမင်္ဂလာရှိ၏။ ထိုလူမျိုးသည် ငါ့အမျက်တော်ကြိမ်လုံးဖြစ်၏။ သူတို့ကိုင်ဆောင်သောတုတ်သည် ငါ၏အမျက်ဖြစ်၏။
အဆီးရီးယားဘုရင်သည် ရာဗရှာခကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ရာဗရှာခသည် ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချလေ၏။
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုး၊ တေလသာမြို့ရှိ ဧဒင်အမျိုးသားတို့၏ဘုရားများသည် သူတို့ကို ကယ်ခဲ့ဖူးသလော။
အကြောင်းမူကား ဆီးရီးယားပြည်၏ဦးခေါင်းသည် ဒမတ်စကပ်မြို့၊ ဒမတ်စကပ်မြို့၏ဦးခေါင်းသည် ရေဇိန်မင်းကြီးဖြစ်၏။ ဧဖရိမ်သည် ခြောက်ဆယ့်ငါးနှစ်အတွင်း လူမျိုးတစ်မျိုးအဖြစ်မှ တစ်စစီပြိုကွဲသွားရလိမ့်မည်ဟု မိန့်တော်မူပြီ။
အကြောင်းမူကား ထိုသူငယ်သည် အဖေ၊ အမေဟု မခေါ်တတ်မီ ဒမတ်စကပ်မြို့၏ဥစ္စာပစ္စည်း၊ ရှမာရိမြို့၏လုယက်ပစ္စည်းတို့ကို အဆီးရီးယားဘုရင် သိမ်းယူသွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ထာဝရဘုရား၏ပြည်တွင် နေရတော့မည်မဟုတ်။ ဧဖရိမ်သည် အီဂျစ်ပြည်သို့ပြန်သွားရလိမ့်မည်။ အဆီးရီးယားပြည်တွင် မစင်ကြယ်သောအစာကို စားရလိမ့်မည်။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အစ္စရေးလူမျိုးတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ငွေအတွက် ဖြောင့်မတ်သောသူကို ရောင်းစား၏။ ဖိနပ်တစ်ရံအတွက် နွမ်းပါးသူကို ရောင်းစား၏။
အသက်ချမ်းသာရာရမည့်အကြောင်း ထာဝရဘုရားကိုရှာကြလော့။ သို့မဟုတ်လျှင် ယောသပ်အမျိုးအနွယ်ကို ရုတ်ချည်းမီးလောင်၍ ငြှိမ်းသတ်မည့်သူမရှိဘဲ ဗေသလမြို့ကို ဝါးမျိုလိမ့်မည်။
သင်တို့သည် မောလုတ်၏တဲနှင့် သင်တို့ဘုရားရင်ဖန်၏ကြယ်တို့ကို သယ်ဆောင်ခဲ့ကြ၏။ ၎င်းတို့သည် သင်တို့ကိုးကွယ်ရန်ပြုလုပ်ထားသော ရုပ်တုများဖြစ်ကြ၏။ ထို့ကြောင့် ငါသည် သင်တို့ကို ဘေဘီလုံမြို့တစ်ဖက်လွန်အောင် ပြောင်းရွှေ့စေမည်’ဟု ရေးထားသည့်အတိုင်းဖြစ်၏။