Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 36:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​လေ​၏​။ ရာဗရှာခ​သည် ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ထို​နောက်​သူ​သည်​မိ​မိ​၏​ဗိုလ်​ချုပ်​အား လာ​ခိ​ရှ မြို့​မှ​စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​ယေ​ရု​ရှ​လင် မြို့​သို့​သွား​ရောက်​ကာ ဟေ​ဇ​ကိ​မင်း​အား​လက် နက်​ချ​ရန်​ပြော​ဆို​စေ​၏။ ဗိုလ်​ချုပ်​သည်​လည်း အ​ထက်​ရေ​ကန်​မှ​စီး​ဆင်း​လာ​သော​ရေ​သွယ် မြောင်း​အ​နီး၊ အ​ထည်​ယက်​လုပ်​သူ​တို့​၏ အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​ကို​သိမ်း​ယူ​လေ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ယေ ရု ရှ လင် မြို့၊ ဟေ ဇ ကိ မင်း ထံ သို့ လာ ခိ ရှ မြို့ မှ၊ ရာ ဗ ရှာ ခ ဘွဲ့ ခံ ဗိုလ် မင်း ကို များ စွာ အ လုံး အ ရင်း နှင့် တ ကွ၊ ချီ တက် စေ သည့် အ တိုင်း၊ ခ ဝါ သည့် မြေ ကွက် ရှိ လမ်း မ အ နီး၊ အ ထက် ရေ ကန် ပြွန် ဝ နား တွင် စွဲ ရပ် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ရာ​ဗ​ရှာ​ခ​ကို​ခန့်​ထား၍ များ​စွာ​သော ဗိုလ်​ခြေ​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့ စေ​လွှတ်​လေ၏။ ထို​ဗိုလ်​ချုပ်​မင်း​သည်​ရောက်၍၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ ရပ်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 36:2
10 ပူးပေါင်းရင်းမြစ်များ  

ဗင်္ဟာဒဒ်​မင်းကြီး​သည် မြို့​ထဲရှိ​အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍


အဆီးရီးယား​ဘုရင်​သည် အစ္စရေး​လူမျိုး​တို့​ကို အဆီးရီးယား​ပြည်​သို့ ဖမ်းခေါ်​သွား​ပြီး ဟာလာ​အရပ်​၊ ဂေါဇန်​နယ်​ရှိ ဟာဗော်​မြစ်​နား​၊ မေဒိ​မြို့ရွာ​များ​တွင် နေရာချ​ထား​၏​။


ယခု ငါ​၏​သခင်​အဆီးရီးယား​ဘုရင်​နှင့် လာ​၍​ညှိနှိုင်း​လော့​။ သင်​၌ မြင်းစီးသူရဲ အလုံအလောက်​ရှိ​လျှင် သင့်​ကို မြင်း​အကောင်​နှစ်ထောင် ငါ​ပေး​မည်​။


ထိုအခါ ထာဝရဘုရား​က ဟေရှာယ​အား “​သင်​သည် သင်​၏​သား​ရှာယာရှုပ်​နှင့်အတူ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​အဆုံး​၌ အာခတ်​မင်းကြီး​နှင့် သွားရောက်​တွေ့ဆုံ​၍


ထို​အချိန်​ကား ဘေဘီလုံ​ဘုရင်​နှင့် သူ​၏​စစ်သည်​များ​က ဂျေရုဆလင်​မြို့​နှင့် ယုဒ​ပြည်​၌​ကျန်ရှိ​သော​မြို့​များ​ဖြစ်​သည့် လာခိရှ​မြို့​၊ အဇေကာ​မြို့​တို့​ကို တိုက်ခိုက်​နေ​သော​အချိန်​ဖြစ်​၏​။ ဤ​ကျန်ရှိ​သော​မြို့​တို့​သည် ယုဒ​ခံတပ်​မြို့​များ​ဖြစ်​၏​။


အို လာခိရှ​မြို့သူ​၊ မြင်း​ကို စစ်ရထား​၌ က​လော့​။ သင်​သည် ဇိအုန်​သမီးပျို အပြစ်​ပြု​ရာ​အရင်းအမြစ်​ဖြစ်​၏​။ အကြောင်းမူကား အစ္စရေး​လူမျိုး ကျူးလွန်​သော​အပြစ်​များ​ကို သင်​၌​တွေ့​ရ​၏​။


အကြောင်းမူကား မပျောက်ကင်း​နိုင်​သော ရှမာရိ​မြို့​၏​ဒဏ်ရာ​များ​သည် ယုဒ​ပြည်​အထိ ရောက်​လေ​ပြီ​။ ဂျေရုဆလင်​မြို့​ရှိ အကျွန်ုပ်​လူမျိုး​၏​မြို့​တံခါး​သို့ ရောက်​လေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ