သို့သော် ယေဟုသည် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သား ယေရောဗောင်ပြုသောအပြစ်တည်းဟူသော ဗေသလမြို့နှင့် ဒန်မြို့ရှိ နွားသငယ်ရုပ်တို့ကို မစွန့်ဘဲနေ၏။
၄ ရာ 17:22 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့သည် ယေရောဗောင်မင်းပြုသမျှသောအပြစ်တို့ကိုမလွှဲမရှောင် လိုက်၍ပြုကျင့်လေ၏။ Common Language Bible သူတို့သည်ယေရောဗောင်၏အတုကိုယူ၍ သူပြုသမျှအပြစ်ကိုပြုကြ၏။- Garrad Bible ယေ ရော ဗောင် မင်း ပြု သ မျှ ပြစ် မှု ကို ထို အ မျိုး သား တို့ မ စွန့်၊ အ စဉ် လိုက် လျှောက် ကြ သော ကြောင့်၊ Judson Bible သို့ဖြစ်၍ ယေရောဗောင်ပြုသောဒုစရိုက်လမ်းသို့ ဣသရေလအမျိုးသားတို့သည် အစဉ်တစိုက် လိုက်ကြ၏။ |
သို့သော် ယေဟုသည် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သား ယေရောဗောင်ပြုသောအပြစ်တည်းဟူသော ဗေသလမြို့နှင့် ဒန်မြို့ရှိ နွားသငယ်ရုပ်တို့ကို မစွန့်ဘဲနေ၏။
သို့သော် ယေဟုသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တရားတို့ကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းလိုစိတ်မရှိ။ အစ္စရေးလူမျိုးကို လမ်းမှားစေသော ယေရောဗောင်၏အပြစ်များကို မစွန့်ဘဲနေ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသမျှအပြစ်တို့ကို မလွဲမရှောင်ဘဲ လိုက်၍ပြုကျင့်၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကို ပြု၏။ အစ္စရေးလူမျိုးကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီး ပြုသောအပြစ်တို့ကို မလွှဲမရှောင်ဘဲ ထိုအပြစ်တို့နောက်သို့လိုက်၏။
သို့သော် သူတို့သည် အစ္စရေးလူမျိုးကို လမ်းမှားစေသည့် ယေရောဗောင်မင်းမျိုးမင်းနွယ်ပြုသောအပြစ်မျိုးကို မလွှဲမရှောင်ဘဲ လိုက်၍ပြုကျင့်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်သည်လည်း ရှမာရိမြို့တွင် စိုက်ထူလျက်ပင်ရှိနေသေး၏။
ဇာခရိမင်းကြီးသည် ဘိုးဘေးတို့ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
ကိုယ်တော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထဲမှ အစ္စရေးလူမျိုးကို ခွဲထုတ်လိုက်သောအခါ အစ္စရေးလူမျိုးတို့သည် နေဗတ်၏သားယေရောဗောင်ကို မင်းမြှောက်လိုက်ကြ၏။ ယေရောဗောင်သည် အစ္စရေးလူမျိုးတို့ကို ထာဝရဘုရားထံမှ လမ်းလွဲစေပြီး ကြီးလေးသောအပြစ်ကို ကျူးလွန်စေခဲ့၏။
ထာဝရဘုရားက မိမိအစေအပါးပရောဖက်တို့မှတစ်ဆင့် မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အထံတော်မှနှင်ထုတ်ခဲ့ရသည်အထိ ဖြစ်၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကိုယ့်နေရင်းပြည်မှ အဆီးရီးယားပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၍ ယနေ့တိုင်အောင်ထိုပြည်တွင် နေကြရ၏။
သို့သော် အစ္စရေးလူမျိုးကို လမ်းမှားစေသော နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်မျိုးကို မစွန့်ဘဲ ပြုကျင့်ခဲ့၏။
ဒန်အမျိုးသားတို့သည် မိက္ခာထံမှယူလာသောရုပ်တုကိုတည်ထား၍ မနာရှေ၏မြေး၊ ဂေရရှုံ၏သား ယောနသန်နှင့်သူ၏သားတို့သည် ထိုပြည်သိမ်းပိုက်ခြင်းခံရသည့်နေ့ရက်တိုင်အောင် ဒန်အမျိုးအနွယ်အတွက် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်ပေးကြ၏။