သူကြီး 18:30 - မြန်မာ့စံမီသမ္မာကျမ်း30 ဒန်အမျိုးသားတို့သည် မိက္ခာထံမှယူလာသောရုပ်တုကိုတည်ထား၍ မနာရှေ၏မြေး၊ ဂေရရှုံ၏သား ယောနသန်နှင့်သူ၏သားတို့သည် ထိုပြည်သိမ်းပိုက်ခြင်းခံရသည့်နေ့ရက်တိုင်အောင် ဒန်အမျိုးအနွယ်အတွက် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်ပေးကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible30 ဒန်အမျိုးသားတို့သည်မိက္ခာပြုလုပ်သည့်ရုပ် တုကိုတည်ထားပြီးလျှင် ဝတ်ပြုကိုးကွယ် ကြလေသည်။ မောရှေ၏မြေး၊ ဂေရရှုံ၏ သားယောနသန်က သူတို့၏ယဇ်ပုရော ဟိတ်အဖြစ်ဖြင့်ဆောင်ရွက်လေသည်။ သူ၏ သားစဉ်မြေးဆက်တို့သည်လည်း ဣသရေလ အမျိုးသားတို့ဖမ်းဆီးသိမ်းသွားခြင်း ခံရချိန်တိုင်အောင် သူတို့၏ယဇ်ပုရော ဟိတ်များအဖြစ်ဖြင့်ဆောင်ရွက်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible30 ပါ ရှိ သော ရုပ် ပွား ကို ကိုး ကွယ် ရန် ဒန့် အ နွယ် သား တို့ တည် ထား ပြီး လျှင်၊ မော ရှေ သား ဂေ ရ ရှုံ၏ အ ဆက် အ နွယ် ယော န သန် နှင့် သား မြေး တို့ သည် ပြည် တော် သား တို့ ကို သိမ်း သွား သည့် ကာ လ တိုင် အောင် ဒန့် အ နွယ် တွင် ပ ရော ဟိတ် အ ဖြစ် နှင့် နေ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible30 ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သားယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ်လုပ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား ငါသေပြီးလျှင် သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာကြားထားသောလမ်းမှလွှဲသွားကြမည်ကိုလည်းကောင်း၊ နောင်ကာလ၌ သင်တို့သည် သင်တို့လက်ဖြင့်လုပ်သောအရာအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကိုပြုကြသဖြင့် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်မည်ကိုလည်းကောင်း ငါသိ၏”ဟု ပြောကြားလေ၏။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။