၄ ရာ 17:21 - မြန်မာ့စံမီသမ္မာကျမ်း21 ကိုယ်တော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထဲမှ အစ္စရေးလူမျိုးကို ခွဲထုတ်လိုက်သောအခါ အစ္စရေးလူမျိုးတို့သည် နေဗတ်၏သားယေရောဗောင်ကို မင်းမြှောက်လိုက်ကြ၏။ ယေရောဗောင်သည် အစ္စရေးလူမျိုးတို့ကို ထာဝရဘုရားထံမှ လမ်းလွဲစေပြီး ကြီးလေးသောအပြစ်ကို ကျူးလွန်စေခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ဣသရေလပြည်ကိုယုဒပြည်မှထာဝရ ဘုရားခွဲထုတ်တော်မူလိုက်သောအခါ ဣသ ရေလအမျိုးသားတို့သည်နေဗတ်၏သား ယေရောဗောင်ကိုမင်းမြှောက်ကြ၏။ သူတို့အား ယေရောဗောင်သည်ထာဝရဘုရားကိုစွန့်စေ ရန်လည်းကောင်း၊ ကြောက်မက်ဖွယ်ကောင်းသည့် အပြစ်ဒုစရိုက်များကိုကူးလွန်စေရန် လည်းကောင်းရှေ့ဆောင်လမ်းပြခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ဣ သ ရေ လ အ မျိုး ကို ဒါ ဝိဒ် မင်း မျိုး မှ ဆုတ် ဖြတ် တော် မူ သည် နှင့် အ ညီ ထို အ မျိုး သည် နေ ဗတ် သား ယေ ရော ဗောင် ကို မင်း မြှောက် ကြ သ ဖြင့် ထာ ဝ ရ ဘု ရား နောက် တော် သို့ မ လိုက် ကြ စေ ရန် ယေ ရော ဗောင် မင်း ကန့် ကွက် လျက် ကြီး လေး သော ပြစ် မှု ကို ကျူး လွန် စေ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှဆုတ်ဖဲ့၍၊ သူတို့သည် နေဗတ်၏သားယေရောဗောင်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။ ယေရောဗောင်သည်လည်း ထာဝရဘုရားနောက်တော်သို့လိုက်ရာလမ်းမှ ဣသရေလအမျိုးကို လွှဲစေ၍ ဒုစရိုက်ကြီးကို ပြုစေ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် အဘိမလက်မင်းကြီးသည် အာဗြဟံကိုဆင့်ခေါ်၍ “သင်သည် ငါတို့အား မည်သို့ပြုဘိသနည်း။ သင့်ကို ငါမည်သို့ပြစ်မှားမိသဖြင့် သင်သည် ငါ့အပေါ်၌လည်းကောင်း၊ ငါ့နိုင်ငံအပေါ်၌လည်းကောင်း ကြီးလေးသောအပြစ်ကို ကျရောက်စေသနည်း။ သင်သည် မပြုသင့်သောအမှုတို့ကို ငါ၌ပြုလေပြီတကား”ဟု သူ့အား မိန့်ဆို၏။