အဘိယံမင်းကြီးသည် သူ့အရင်ခမည်းတော်လျှောက်ခဲ့သည့်အပြစ်လမ်းအတိုင်း လိုက်လျှောက်၏။ သူ၏ဘေးတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားခြင်းမရှိ။
၄ ရာ 16:2 - မြန်မာ့စံမီသမ္မာကျမ်း အာခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ သူသည် သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့ မပြုကျင့်။ ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာမပြုကျင့်ဘဲ Garrad Bible ယေ ရု ရှ လင် မြို့၌ ဆယ့် ခြောက် နှစ် စိုး စံ ရ၏။ ဘေး တော် ဒါ ဝိဒ် မင်း ကဲ့ သို့၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ မ ပြု ကျင့် ဘဲ Judson Bible ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ် စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို မပြု၊ |
အဘိယံမင်းကြီးသည် သူ့အရင်ခမည်းတော်လျှောက်ခဲ့သည့်အပြစ်လမ်းအတိုင်း လိုက်လျှောက်၏။ သူ၏ဘေးတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားခြင်းမရှိ။
သင့်ခမည်းတော်ဒါဝိဒ် လိုက်လျှောက်ခဲ့သည့်အတိုင်း သင်သည် ငါ့လမ်းသို့လိုက်၍ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို စောင့်ထိန်းမည်ဆိုလျှင် သင့်အသက်တာကို ရှည်စေမည်”ဟု မိန့်တော်မူ၏။
သင့်ခမည်းတော်ဒါဝိဒ်မင်းကြီး အသက်ရှင်လျှောက်လှမ်းခဲ့သည့်အတိုင်း၊ သင်သည် ငါမိန့်မှာထားသည့်အတိုင်း လုပ်ဆောင်၍ ငါ၏ပညတ်ချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းလျက် ငါ့ရှေ့မှောက်တွင် စိတ်နှလုံးတည်ကြည်ဖြောင့်မတ်စွာ အသက်ရှင်လျှောက်လှမ်းလျှင်
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မတ်စွာပြုကျင့်သော်လည်း ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့မဟုတ်၊ ခမည်းတော်ယောရှမင်းကြီးပြုကျင့်သမျှအတိုင်း ပြုကျင့်၏။
အာဇရိမင်းကြီးသည် ခမည်းတော်အာမဇိမင်းကြီးပြုကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ယောသံမင်းကြီးသည် ခမည်းတော်ဩဇိမင်းကြီး ပြုကျင့်သမျှအတိုင်း ထာဝရဘုရား၏ရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ဧလာမင်းကြီး၏သားတော် အစ္စရေးဘုရင်ဟောရှေမင်းကြီး နန်းစံသုံးနှစ်တွင် ယုဒဘုရင်အာခတ်မင်းကြီး၏သားတော်ဟေဇကိ နန်းတက်၏။
ဟေဇကိမင်းကြီးသည် မိမိဘိုးဘေးဒါဝိဒ်မင်းကြီးပြုကျင့်ခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီး လျှောက်ခဲ့သောလမ်းအတိုင်း လက်ယာလက်ဝဲမယိမ်းဘဲ လိုက်လျှောက်၏။
ယောရှဖတ်မင်းကြီးသည် ယခင်က ဘိုးဘေးဒါဝိဒ်မင်းကြီး လိုက်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်သောကြောင့် ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။ သူသည် ဗာလဘုရားနောက်သို့မလိုက်၊
ဟေဇကိမင်းကြီးသည် မိမိဘိုးဘေးဒါဝိဒ်မင်းကြီးပြုကျင့်ခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။