၂ ရာချုပ် 17:3 - မြန်မာ့စံမီသမ္မာကျမ်း3 ယောရှဖတ်မင်းကြီးသည် ယခင်က ဘိုးဘေးဒါဝိဒ်မင်းကြီး လိုက်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်သောကြောင့် ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။ သူသည် ဗာလဘုရားနောက်သို့မလိုက်၊ အခန်းကိုကြည့်ပါ။Common Language Bible3 ယောရှဖတ်သည်ခမည်းတော်အာသနန်း တက်စအခါကပြုမူခဲ့သည့်စံနမူနာ ကိုလိုက်၍ ဗာလဘုရားအားဝတ်မပြု ရှိမခိုးဘဲနေသဖြင့်ထာဝရဘုရားသည် သူ့အားကောင်းချီးပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible3-4 ယော ရှ ဖတ် မင်း သည် ဗာ လ နတ် များ ကို မ ရှာ မ ဖွေ၊ ခ မည်း တော် ဘု ရား ကို သာ ရှာ ဖွေ လျက်၊ ဣ သ ရေ လ နိုင် ငံ သား တို့ အ လေ့ အ ကျင့် သို့ မ လိုက်၊ ပ ညတ် တော် များ နှင့် ဘင် တော် ဒါ ဝိဒ် မင်း၏ ပ ဌ မ နည်း လမ်း အ တိုင်း လိုက် လျှောက် သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible3 ခမည်းတော်သည် အရင်လိုက်သောလမ်းသို့၊ ယောရှဖတ်လိုက်လျက်၊ အခန်းကိုကြည့်ပါ။ |
ယောရှဖတ်သည် ခမည်းတော်အာသမင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှမလွဲဘဲ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာကျင့်ကြံနေထိုင်၏။ သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားပေ။ လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာများ၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက်ရှိ၏။
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
ထို့နောက် အာခဇိမင်းကြီးကို လိုက်ရှာရာ ရှမာရိမြို့၌ပုန်းနေစဉ် သူ့ကိုဖမ်းမိ၍ ယေဟုထံ ခေါ်ဆောင်လာရာ ယေဟုသည် သူ့ကိုကွပ်မျက်ပြီးလျှင် “သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှဖတ်မင်းကြီး၏မြေးတော်ဖြစ်သည်”ဟု ဆို၍ သူ့ကိုသင်္ဂြိုဟ်ပေးကြ၏။ အာခဇိမင်းကြီး၏အမျိုးအနွယ်တို့တွင် တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းရှိသူ တစ်ယောက်မျှမရှိ။
ထာဝရဘုရားသည် သူတို့အဖို့ တရားသူကြီးကို ပေါ်ထွန်းစေပြီဆိုလျှင် ထိုတရားသူကြီးနှင့် ထာဝရဘုရားအတူရှိတော်မူ၍ ထိုတရားသူကြီးအသက်ရှင်သမျှကာလပတ်လုံး သူတို့ကို ရန်သူ့လက်မှ ကယ်တင်ပေးတော်မူ၏။ အကြောင်းမှာ သူတို့ ညှဉ်းဆဲခံရချိန်၊ ဒုက္ခရောက်ချိန်တွင် ညည်းတွားမြည်တမ်းကြသဖြင့် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။