အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။
၄ ရာ 15:27 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်အာဇရိမင်းကြီး နန်းစံငါးဆယ့်နှစ်နှစ်တွင် ရေမလိ၏သားပေကာသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် အနှစ်နှစ်ဆယ်စိုးစံ၏။ Common Language Bible ယုဒဘုရင်သြဇိ၏နန်းစံငါးဆယ့်နှစ်နှစ် မြောက်၌ ရေမလိ၏သားပေကာသည် ဣသရေ လဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ အနှစ်နှစ်ဆယ်နန်းစံလေသည်။- Garrad Bible ယု ဒ ဘု ရင် သြ ဇိ မင်း နန်း စံ ငါး ဆယ့် နှစ် နှစ် တွင် ရေ မ လိ သား ပေ ကာ မင်း နန်း တက် ၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို နှစ် ပေါင်း နှစ် ဆယ် စိုး စံ ရ ရာ Judson Bible ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသားပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။ |
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။
ယုဒဘုရင်ဩဇိမင်းကြီး နန်းစံသုံးဆယ့်ကိုးနှစ်တွင် ယာဗက်၏သားရှလ္လုံ နန်းတက်ပြီး ရှမာရိမြို့တွင် တစ်လစိုးစံ၏။
အာဇရိနန်းတက်သောအခါ သက်တော်တစ်ဆယ့်ခြောက်နှစ်သာ ရှိသေး၏။ ဂျေရုဆလင်မြို့တွင် ငါးဆယ့်နှစ်နှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယေခေါလိအမည်ရှိ၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံအနှစ်ငါးဆယ်တွင် မေနဟင်မင်းကြီး၏သားတော်ပေကဟိသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် နှစ်နှစ်စိုးစံ၏။
ရေမလိ၏သား တပ်မှူးပေကာသည် အာဂေါဘ၊ အရေဟနှင့် ဂိလဒ်ပြည်သားအယောက်ငါးဆယ်တို့နှင့်အတူ လျှို့ဝှက်ကြံစည်ပြီး ရှမာရိမြို့ရှိ ဘုရင့်နန်းတော်ခံတပ်တွင် ပေကဟိမင်းကြီးကို လုပ်ကြံသတ်ဖြတ်လိုက်၏။ ထို့နောက် ပေကာသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။
ကျန်ရှိနေသော ပေကဟိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
ထိုအချိန်တွင် ထာဝရဘုရားသည် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားပေကာမင်းကြီးတို့ကိုလွှတ်၍ ယုဒပြည်ကို စတင်တိုက်ခိုက်စေ၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ယေရောဗောင်မင်းကြီး၏သားတော်ဇာခရိသည် အစ္စရေးဘုရင် ဖြစ်လာပြီး ရှမာရိမြို့တွင် ခြောက်လစိုးစံ၏။
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်တွင် ရေမလိ၏သားပေကာမင်းကြီး၏လက်ချက်ဖြင့် စစ်သူရဲအားလုံး တစ်သိန်းနှစ်သောင်း တစ်နေ့ချင်းတွင် သေကြရ၏။
ဩဇိမင်းကြီး၏သားတော်ယောသံ၊ ယောသံမင်းကြီး၏သားတော် ယုဒဘုရင်အာခတ်မင်းကြီး၏လက်ထက်တွင် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီး၊ ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်၏။ သို့သော် မအောင်နိုင်ခဲ့ပေ။
‘သတိပြုလျက် ငြိမ်ဝပ်စွာနေလော့။ မီးခိုးထွက်နေသောထင်းစနှစ်ခုနှင့်တူသော ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားတို့ ပြင်းစွာအမျက်ထွက်သည်ကို မကြောက်နှင့်။ စိတ်မပျက်နှင့်။
ဧဖရိမ်ပြည်၏ဦးခေါင်းသည် ရှမာရိမြို့၊ ရှမာရိမြို့၏ဦးခေါင်းသည် ရေမလိ၏သားဖြစ်၏။ သင်တို့၌ ယုံကြည်ခြင်းမရှိလျှင် သင်တို့တည်မြဲလိမ့်မည်မဟုတ်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။