ထို့နောက်တွင် “သခင်၏ဖခင် နာမကျန်းဖြစ်နေ၏”ဟု ယောသပ်ကြားရလျှင် သားနှစ်ယောက်ဖြစ်သော မနာရှေနှင့်ဧဖရိမ်ကို မိမိနှင့်အတူ ဖခင်ထံသို့ ခေါ်ဆောင်သွားလေ၏။
၄ ရာ 13:20 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် ဧလိရှဲကွယ်လွန်သွားသဖြင့် သူ့ကို သင်္ဂြိုဟ်ကြ၏။ နှစ်ဦးပိုင်းရောက်ချိန်တွင် မောဘဓားပြအဖွဲ့တို့သည် တိုင်းပြည်ကို လာရောက်တိုက်ခိုက်ကြ၏။ Common Language Bible ဧလိရှဲကွယ်လွန်သွားသောအခါ သူ့ကိုသင်္ဂြိုဟ် ကြ၏။ မောဘပြည်သားတို့သည်နှစ်စဉ်နှစ်တိုင်း ဣသ ရေလပြည်ကိုချင်းနင်းဝင်ရောက်လေ့ရှိကြ၏။ Garrad Bible ဧ လိ ရှဲ ကွယ် လွန်၍ စျာ ပ န ပြု ခြင်း ကို ခံ ပြီး နောက် လူ သေ တစ် လောင်း ကို သင်္ဂြိုဟ် မည့် ပြု ဆဲ တွင် နှစ် ဦး သ မ ယ တိုင်း ပြည် တော် ကို အ နု ကြမ်း စီး လေ့ ရှိ သော မော ဘ တပ် ကို မြင် သည် နှင့် ဧ လိ ရှဲ၏ သင်္ချိုင်း တွင်း၌ ပင် ပစ် ချ လိုက် ကြ သော်၊ ဧ လိ ရှဲ၏ အ ရိုး များ နှင့် ထိ လျှင် ထိ ချင်း လူ သေ ရှင်၍ ရပ် လေ၏။ Judson Bible ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ်တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။ |
ထို့နောက်တွင် “သခင်၏ဖခင် နာမကျန်းဖြစ်နေ၏”ဟု ယောသပ်ကြားရလျှင် သားနှစ်ယောက်ဖြစ်သော မနာရှေနှင့်ဧဖရိမ်ကို မိမိနှင့်အတူ ဖခင်ထံသို့ ခေါ်ဆောင်သွားလေ၏။
ယာကုပ်သည် သူ၏သားတို့ကိုမှာကြားပြီးသောအခါ ခုတင်ပေါ်သို့သူ၏ခြေကိုရုပ်ပြီး နောက်ဆုံးထွက်သက်ထွက်၍ သူသည် မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ယောယကိမ်မင်းကြီးကိုတိုက်ခိုက်ဖို့ ထာဝရဘုရားသည် ခါလဒဲတပ်များ၊ ဆီးရီးယားတပ်များ၊ မောဘတပ်များနှင့် အမ္မုန်တပ်များကို စေလွှတ်တော်မူ၏။ မိမိအစေအပါး ပရောဖက်တို့မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သောစကားတော်အတိုင်း ယုဒပြည်ကိုဖျက်ဆီးဖို့ ထိုတပ်များကိုစေလွှတ်တော်မူ၏။
သို့သော် အာဟပ်မင်းကြီး အနိစ္စရောက်ပြီးနောက်တွင် မောဘဘုရင်သည် အစ္စရေးဘုရင်ကို ပုန်ကန်လေ၏။
ထို့ပြင် ယုဒဘုရင်ယောရှဖတ်မင်းကြီးထံသို့ လူလွှတ်၍ “မောဘဘုရင်သည် အကျွန်ုပ်ကို ပုန်ကန်လေပြီ။ မောဘဘုရင်ကိုသွားတိုက်မည်ဖြစ်၍ အကျွန်ုပ်နှင့်အတူလိုက်မည်လော”ဟု မှာလိုက်၏။ ယောရှဖတ်မင်းကြီးကလည်း “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်၊ အကျွန်ုပ်၏မြင်းများသည် မင်းကြီး၏မြင်းများပင် ဖြစ်ပါ၏။
အစ္စရေးပြည်ကို ဆီးရီးယားလူမျိုးတို့ ချီတက်တိုက်ခိုက်စဉ်က ဖမ်းဆီးခေါ်ဆောင်လာခဲ့သောမိန်းမငယ်လေးတစ်ယောက်သည် နေမန်၏ဇနီးထံ၌ အစေခံရ၏။
ထို့ကြောင့် ရှင်ဘုရင်သည်လည်း ထိုသူတို့ကို စားသောက်ပွဲကြီးတည်ခင်းကျွေးမွေး၍ သူတို့စားသောက်ပြီးမှ သူတို့ကိုပြန်လွှတ်လိုက်သဖြင့် သူတို့၏သခင်ထံသို့ ပြန်သွားကြလေ၏။ ထို့ကြောင့် ဆီးရီးယားတပ်သည် အစ္စရေးမြေပေါ်သို့ နောက်ထပ်ဝင်ရောက်ကျူးကျော်ခြင်း မရှိတော့ချေ။
သူသည် အစ္စရေးနိုင်ငံတွင် ဘုရားသခင်နှင့်အိမ်တော်အတွက်ကောင်းသောအမှုများကို ပြုသောကြောင့် သူ့ကို ဒါဝိဒ်မြို့တွင် ဘုရင်များနှင့်အတူ သင်္ဂြိုဟ်ကြ၏။
သင်တို့၏ဘိုးဘေးတို့ကား အဘယ်မှာနည်း။ ပရောဖက်တို့လည်း အစဉ်အမြဲအသက်ရှင်နိုင်သလော။
ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထိုသို့ ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုသောကြောင့် ထာဝရဘုရားသည် မောဘဘုရင်ဧဂလုန်မင်းကြီးကို အစ္စရေးလူမျိုးတို့ထက် အားကြီးစေတော်မူ၏။