Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 8:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဘုရား​တရား​ကြည်ညို​သော​သူ​တို့​သည် သတေဖန်​ကို​သင်္ဂြိုဟ်​၍ သူ့​အတွက် ရင်ဘတ်စည်တီး​လျက် ပြင်းစွာ​ငိုကြွေး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ဘု​ရား​တ​ရား​ကြည်​ညို​သူ​လူ​အ​ချို့​တို့ သည် သ​တေ​ဖန်​ကို​သင်္ဂြိုဟ်​၍​သည်း​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ဘု ရား တ ရား ကြည် ညို သူ တို့ လည်း သ တေ ဖန် ကို သင်္ဂြိုဟ် လျက် သည်း စွာ မြည် တမ်း ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 တ​ရား​ကို​ရို​သေ​သော​သူ​တို့​သည် သ​တေ​ဖန်​ကို သင်္ဂြိုဟ်၍ ပြင်း​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ဘုရားတရား​ကိုင်းရှိုင်းသော​သူတို့​သည် သတေဖန်​ကို​သင်္ဂြိုဟ်​၍ အလွန်​ငိုကြွေးတမ်းတကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 8:2
19 ပူးပေါင်းရင်းမြစ်များ  

စာရာ​သည် ခါနာန်​ပြည်​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​၌ သေဆုံး​၏​။ အာဗြဟံ​သည် စာရာ​အတွက် ငိုကြွေး​မြည်တမ်း​ရန် လာ​လေ​၏​။


စစ်ရထား​နှင့်​မြင်းစီးသူရဲ​တို့​သည်​လည်း လိုက်ပါ​သွား​ကြ​သဖြင့် အလွန်​ကြီးမား​သော​လူအုပ်ကြီး​ဖြစ်​လေ​၏​။


ဒါဝိဒ်​မင်းကြီး​က ယွာဘ​နှင့် သူ့​လူ​အားလုံး​တို့​အား “​သင်​တို့​အဝတ်​ကို​ဆုတ်​၍ လျှော်တေအဝတ်​ကို​ဝတ်​ကြ​။ အာဗနာ​အဖို့ ငိုကြွေးမြည်တမ်း​ကြ​”​ဟု ဆို​ပြီး ဒါဝိဒ်​မင်းကြီး​ကိုယ်တော်တိုင် အသုဘ​လိုက်ပို့​လေ​၏​။


ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​သားမြေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​တောင်ကုန်း​ပေါ်တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​အနိစ္စ​ရောက်​သောအခါ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် သူ့​ကို ဂုဏ်ပြု​ကြ​၏​။ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ယေရမိ​သည် ယောရှိ​မင်းကြီး​အတွက် ငိုချင်း​ကို ဖွဲ့​ခဲ့​၏​။ သီချင်းသည်​ယောက်ျား​မိန်းမ​အပေါင်း​တို့​သည်​လည်း ယောရှိ​မင်းကြီး​အတွက် ငိုချင်း​များ​ကို ယနေ့​တိုင် သီဆို​နေ​ကြ​၏​။ ထို​ငိုချင်း​တို့​ကို အစ္စရေး​ပြည်​၏​ဓလေ့ထုံးတမ်း​တစ်​ခု​အဖြစ်​ထားရှိ​ပြီး မြည်တမ်းစာ​၌​ရေးမှတ်​ထား​ကြ​၏​။


သေ​သော​သူ​အတွက် မ​ငိုကြွေး​နှင့်​၊ ဝမ်း​မ​နည်း​နှင့်​။ သို့သော် အဝေး​သို့​ထွက်သွား​သော​သူ​အတွက် ဝမ်းနည်းပက်လက်​ငိုကြွေး​လော့​။ သူ​သည် နောက်တစ်ဖန် ပြန်လာ​ရ​တော့​မည်​မ​ဟုတ်​။ သူ​၏​မွေးရပ်​မြေ​ကို ပြန်မြင်​ရ​တော့​မည်​မ​ဟုတ်​။


ထို့ကြောင့် ယောရှိ​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​အလို ငါ့​အစ်ကို​၊ အလို ငါ့​နှမ​ဟူ၍ သူ့​အတွက်​မြည်တမ်း​ကြ​မည်​မ​ဟုတ်​။ အလို သခင်​၊ အလို ဘုန်းကြီးသောသူ​ဟူ၍ သူ့​အတွက်​မြည်တမ်း​ကြ​မည်​မ​ဟုတ်​။


လူထု​အပေါင်း​တို့​သည် အာရုန်​သေ​ကြောင်း​ကို သိမြင်​သော် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် အာရုန်​အတွက် ရက်​ပေါင်း​သုံးဆယ်​ငိုကြွေး​ကြ​၏​။


ယောဟန်​၏​တပည့်​တို့​သည် ထို​သတင်း​ကို​ကြားသိ​ကြ​သောအခါ လာ​၍ သူ​၏​အလောင်း​ကို​ယူဆောင်​သွား​ပြီးလျှင် ဂူသွင်း​သင်္ဂြိုဟ်​ကြ​၏။


ထိုအခါ​၌ ဂျေရုဆလင်​မြို့​တွင် ရှိမောင်​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘုရား​တရား​ကြည်ညို​၍ ဖြောင့်မတ်​သော​သူ​ဖြစ်​ပြီး အစ္စရေး​လူမျိုး​ခံစား​ရ​မည့်​နှစ်သိမ့်​မှု​ကို စောင့်မျှော်​နေ​သူ​ဖြစ်​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ့​အပေါ်၌​တည်​သည်​ဖြစ်၍


သူ​သည် ဘုရား​ဝတ်​၌​မွေ့လျော်​သော​သူ​ဖြစ်​ပြီး သူ​၏​အိမ်သူအိမ်သား​အားလုံး​နှင့်တကွ ဘုရားသခင်​ကို​ကြောက်ရွံ့​ရိုသေ​၍ ဂျူး​လူမျိုး​တို့​အား များစွာ​ပေးကမ်း​စွန့်ကြဲ​ကာ ဘုရားသခင်​ထံ အမြဲ​ဆုတောင်း​လျက်​နေ​၏။


ထို​အချိန်​ကာလ​တွင် မိုး​ကောင်းကင်​အောက်​ရှိ တိုင်းနိုင်ငံ​အသီးသီး​မှ ဘုရား​တရား​ကြည်ညို​သော​ဂျူး​လူမျိုး​တို့​သည် ဂျေရုဆလင်​မြို့​၌​တည်းခို​နေ​ကြ​၏။


ရှောလု​သည်​လည်း သတေဖန်​အသတ်​ခံရ​သည့်​အမှု​၌ အလိုတူအလိုပါ​ဖြစ်​၏။ ထို​နေ့​တွင် ဂျေရုဆလင်​မြို့​ရှိ​အသင်းတော်​အပေါ် ပြင်းထန်​သော​ညှဉ်းဆဲ​မှု​ဖြစ်ပေါ်​လာ​သဖြင့် တမန်တော်​တို့​မှတစ်ပါး သင်းဝင်​သူ​အပေါင်း​တို့​သည် ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်လျှောက်​သို့ ကွဲလွင့်​သွား​ကြ​၏။


ရှောလု​သည် တစ်အိမ်​ပြီး​တစ်အိမ်​ဝင်​၍ ယောက်ျား​မိန်းမ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲသို့​ပို့​လျက် အသင်းတော်​ကို လိုက်​၍​ဖျက်ဆီး​လေ​၏။


အစ္စရေး​အမျိုးသား​တို့​သည် မောဘ​လွင်ပြင်​၌ မောရှေ​အတွက် ရက်​ပေါင်း​သုံးဆယ်​ငိုကြွေး​ကြ​၏​။ ဤသို့ဖြင့် မောရှေ​အတွက် ငိုကြွေး​မြည်တမ်း​သော​နေ့ရက်​များ​ပြီးဆုံး​လေ​၏​။


ရှမွေလ အနိစ္စ​ရောက်သွား​သဖြင့် အစ္စရေး​တစ်မျိုးသားလုံး ငိုကြွေးမြည်တမ်း​ကြ​ပြီး သူ့​ဇာတိမြို့​ဖြစ်​သော​ရာမ​မြို့​၌ပင် သင်္ဂြိုဟ်​ပြီး​ဖြစ်​၏​။ ရှောလု​မင်းကြီး​လည်း တစ်ပြည်လုံး​ရှိ နတ်ဝင်သည်​များ​၊ နတ်ထိန်းသည်​များ​ကို ဖယ်ရှား​ပြီး​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ