ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
၄ ရာ 10:19 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဗာလဘုရား၏ပရောဖက်အားလုံး၊ ဗာလဘုရားကို ဝတ်ပြုသူအားလုံး၊ ဗာလဘုရား၏ယဇ်ပုရောဟိတ်အားလုံး တစ်ယောက်မျှမကျန် ခေါ်ခဲ့လော့။ အကြောင်းမှာ ငါသည် ဗာလဘုရားအဖို့ ယဇ်ပူဇော်ပွဲကြီးကို ကျင်းပမည်။ မလာရောက်သူများ အသက်ချမ်းသာရာရမည်မဟုတ်”ဟု ဆို၏။ စင်စစ် ယေဟုသည် ဗာလဘုရားအား ဝတ်ပြုသူများကိုသုတ်သင်ပစ်ရန် ပရိယာယ်ဆင်ခြင်းဖြစ်၏။ Common Language Bible ဗာလဘုရား၏ပရောဖက်များ၊ ထိုဘုရား ကိုကိုးကွယ်သူများနှင့် ဗာလယဇ်ပုရော ဟိတ်များကိုခေါ်ဖိတ်ကြလော့။ ငါသည် ဗာလဘုရားအားတစ်ခမ်းတစ်နားယဇ် ပူဇော်မည်ဖြစ်၍ ထိုသူတို့အားလုံးလာ ရောက်ကြရမည်။ မည်သူတစ်စုံတစ်ယောက် မျှမလာဘဲမနေရ'' ဟုဆို၏။ (ယင်းသို့ ဆိုရာ၌ယေဟုသည် ဗာလဘုရားကို ကိုးကွယ်သူအပေါင်းအားသတ်ဖြတ်နိုင်ရန် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပေသည်။-) Garrad Bible ထို ကြောင့် ဗာ လ၏ ပ ရော ဖက်၊ ပ ရော ဟိတ် များ မှ စ၍ ဝတ် ပြု သူ အ ပေါင်း တို့ ကို တစ် ယောက် မ ကျန် ခေါ် ဖိတ် ကြ လော့။ ငါ သည် ဗာ လ ဘု ရား အား တ ခမ်း တ နား ပူ ဇော် မည်။ မ လာ မ ရောက် သူ မှာ အ သက် မ ရှင် ရ ဟု ဗာ လ နတ် အား ကိုး ကွယ် သူ တို့ ကို ဖျက် ဆီး ရန် အ ကြံ နှင့် ပ ရိ ယာယ် ဖြင့် မိန့် ဆို၏။ Judson Bible သို့ဖြစ်၍ ဗာလဘုရား၏ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တစ်ယောက်မျှ မကြွင်းစေနှင့်။ ငါသည် ဗာလဘုရားအား ယဇ်ကြီးကိုပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟု ဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သောသူတို့ကို ဖျက်ဆီးမည်အကြံနှင့် ပရိယာယ်ပြု၍ဆို၏။ |
ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
ထိုအခါ အစ္စရေးဘုရင်သည် ပရောဖက်လေးရာခန့်ကိုစုရုံးစေပြီးလျှင် သူတို့အား “ရာမုတ်ဂိလဒ်မြို့ကို စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲနေရမည်လော”ဟု မေးလျှင် သူတို့က “စစ်ချီတော်မူပါ။ ဘုရားရှင်သည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ဆင့်ဆိုကြ၏။
ထို့နောက် ယေဟုသည် လူအပေါင်းတို့ကို စုရုံးပြီး “အာဟပ်မင်းကြီးသည် ဗာလဘုရားကို ပေါ့ပေါ့သာ ဝတ်ပြု၏။ ယေဟုမူကား အလေးအနက်ဝတ်ပြုမည်။
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
သင်တို့သည် ဘုရားသခင်ဘက်မှနေ၍ ကောက်ကျစ်သောစကား၊ လိမ်လည်လှည့်စားသောစကားတို့ကို ပြောဆိုကြမည်လော။
မိမိ၏အိမ်နီးချင်းကိုမြှောက်ပင့်ပြောဆိုသောသူသည် မိမိခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ဖြန့်ထားသောသူဖြစ်၏။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။
အကြောင်းမူကား ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်းနှင့် ပရိယာယ်တို့အားဖြင့် သင်တို့ကိုတိုက်တွန်းဟောပြောကြသည်မဟုတ်။