ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
၄ ရာ 10:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေဟုသည် လူအပေါင်းတို့ကို စုရုံးပြီး “အာဟပ်မင်းကြီးသည် ဗာလဘုရားကို ပေါ့ပေါ့သာ ဝတ်ပြု၏။ ယေဟုမူကား အလေးအနက်ဝတ်ပြုမည်။ Common Language Bible ယေဟုသည်ရှမာရိမြို့သားတို့အား စုဝေး စေပြီးသောအခါ``အာဟပ်မင်းသည်ဗာလ ဘုရားကိုအနည်းငယ်မျှသာကိုးကွယ်ခဲ့၏။ ငါသည်သူ့ထက်များစွာပို၍ထိုဘုရား ကိုကိုးကွယ်မည်။- Garrad Bible ထို နောက် မြို့ သူ မြို့ သား အ ပေါင်း တို့ ကို စု ဝေး စေ လျက် ယေ ဟု မင်း က၊ အာ ဟပ် မင်း သည် ဗာ လ ဘု ရား ကို ပေါ့ ပေါ့ သာ ဝတ် ပြု၏။ ငါ ယေ ဟု မူ ကား အား ကြီး စွာ ပြု မည်။ Judson Bible တစ်ဖန် ယေဟုသည် လူအပေါင်းတို့ကို စုဝေးစေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာဝတ်ပြု၏။ ငါယေဟုမူကား များစွာပြုမည်။ |
ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
ဧလိယက ဆက်၍လူတို့အား “ငါတစ်ဦးတည်းသာ ထာဝရဘုရား၏ပရောဖက်အဖြစ် ကျန်ခဲ့၏။ ဗာလဘုရား၏ပရောဖက်များမူကား အယောက်လေးရာ့ငါးဆယ်ရှိ၏။
ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။
သူတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသမျှသောပညတ်ချက်တို့ကို စွန့်ပစ်ပြီး နွားသငယ်ရုပ်တုနှစ်ရုပ်ကို သွန်းလုပ်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို စိုက်ထူကြ၏။ ကောင်းကင်တန်ဆာရှိသမျှကို ကိုးကွယ်ကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။
သူသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြု၏။ သို့သော် ခမည်းတော်၊ မယ်တော်တို့ကဲ့သို့ မဟုတ်။ အကြောင်းမူကား သူသည် ခမည်းတော်တည်ခဲ့သောဗာလဘုရားကျောက်တိုင်ကို ဖယ်ရှားပစ်၏။
သင်တို့သည် ဘုရားသခင်ဘက်မှနေ၍ ကောက်ကျစ်သောစကား၊ လိမ်လည်လှည့်စားသောစကားတို့ကို ပြောဆိုကြမည်လော။
“ကောင်းကျိုးသက်ရောက်စေရန် မကောင်းသောအမှုကို ပြုကြကုန်စို့”ဟု ဆို၍မရနိုင်သလော။ လူအချို့တို့က ထိုကဲ့သို့ငါတို့ပြောဆိုနေသည်ဟုဆိုလျက် ငါတို့ကို စော်ကားပြောဆိုကြ၏။ ထိုသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်ကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။