လာဗန်သည် နံနက်စောစောထ၍ မိမိမြေး၊ မိမိသမီးတို့ကိုနမ်းပြီးလျှင် သူတို့ကိုကောင်းချီးပေးလေ၏။ ထို့နောက် လာဗန်သည် ထွက်ခွာ၍ မိမိနေရပ်သို့ပြန်သွားလေ၏။
၄ ရာ 10:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုနေရာမှဆက်လက်ထွက်ခွာလာ၍ သူ့ကိုလာရောက်ကြိုဆိုသော ရေခပ်၏သားယောနဒပ်နှင့် တွေ့ဆုံနှုတ်ဆက်လျက် “သင်သည် ငါနှင့်စိတ်သဘောထားချင်းတူပါသလော”ဟုမေးလျှင် ယောနဒပ်က “တူပါ၏”ဟုပြန်ဖြေရာ ယေဟုက “သို့ဖြစ်လျှင် သင့်လက်ကို ကမ်းပေးလော့”ဟု ဆို၏။ ယောနဒပ် လက်ကမ်းပေးလျှင် ယေဟုသည် သူ့ကို ရထားပေါ်သို့ ဆွဲတင်လိုက်လေ၏။ Common Language Bible ယေဟုသည်တစ်ဖန်ထွက်ခွာသွားသောအခါ လမ်း၌ရေခပ်၏သားယောနဒပ်နှင့်တွေ့လေ၏။ ယေဟုသည်သူ့ကိုနှုတ်ဆက်ပြီးလျှင်``သင်သည် ငါနှင့်စိတ်နေသဘောထားချင်းတူပါ၏။ သို့ ဖြစ်၍ငါ့အားကူညီမည်လော'' ဟုမေး၏။ ယောနဒပ်က``ကူညီပါမည်'' ဟုဖြေ၏။ ယေဟုက``ယင်းသို့ဖြစ်ပါမူငါ့အားသင်၏ လက်ကိုကမ်းပေးလော့'' ဟုဆို၏။ ယောနဒပ် ကလက်ကိုကမ်းပေးလိုက်သောအခါ ယေဟု သည်လက်ကိုဆွဲ၍ယောနဒဒ်အားရထား ပေါ်တက်စေပြီးသော်၊- Garrad Bible ထို စ ရပ် မှ ထွက် သော အ ခါ ခ ရီး ဦး ကြို ဆို သော ရေ ခပ် သား ယော န ဒပ် ကို တွေ့ ဆုံ နှုတ် ဆက် လျက် ငါ့ စိတ် သည် သင့် စိတ် နှင့် ညီ မျှ သည့် နည်း တူ၊ သင့် စိတ် လည်း ညီ မျှ၏ လော ဟု မေး ရာ ညီ မျှ ပါ သည် ဟု ဝန် ခံ သော် ထို သို့ မှန် မူ လက် ကမ်း လော့ ဟု ဆို သည့် အ တိုင်း Judson Bible ထိုဇရပ်မှ ထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟုလာသော ရေခပ်သားယောနဒပ်ကို တွေ့၍ နှုတ်ဆက်သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့်သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့်သလောဟု မေးလျှင်၊ ဖြောင့်ပါသည်ဟု လျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟု ဆိုသည်အတိုင်း၊ လက်ကိုပေး၍ ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊ |
လာဗန်သည် နံနက်စောစောထ၍ မိမိမြေး၊ မိမိသမီးတို့ကိုနမ်းပြီးလျှင် သူတို့ကိုကောင်းချီးပေးလေ၏။ ထို့နောက် လာဗန်သည် ထွက်ခွာ၍ မိမိနေရပ်သို့ပြန်သွားလေ၏။
ထို့နောက် ယာကုပ်သည် ဖာရောမင်းကြီးကိုကောင်းချီးပေးပြီးလျှင် ဖာရောမင်းကြီး၏ရှေ့မှထွက်သွားလေ၏။
ထို့နောက် ယောသပ်သည် မိမိဖခင်ယာကုပ်ကိုခေါ်ဆောင်လာ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်စေ၏။ ယာကုပ်သည်လည်း ဖာရောမင်းကြီးကိုကောင်းချီးပေးလေ၏။
သူတို့က နိမိတ်ကောင်းဟုထင်မှတ်လျက် ထိုနိမိတ်ကိုအမိအရယူကာ “မှန်ပါ။ အရှင့်နောင်တော် ဗင်္ဟာဒဒ်မင်းကြီးပါ”ဟု ပြန်လျှောက်တင်ကြ၏။ ရှင်ဘုရင်ကလည်း “သူ့ကို သွားခေါ်လာလော့”ဟု မိန့်တော်မူပြီး ဗင်္ဟာဒဒ်မင်းကြီးရောက်လာလျှင် ရထားပေါ်တက်စေ၏။
ယုဒဘုရင်အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများနှင့် ဆုံသဖြင့် ယေဟုက “သင်တို့သည် မည်သူများနည်း”ဟု မေးလျှင် သူတို့က “အကျွန်ုပ်တို့သည် အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများ ဖြစ်ပါ၏။ ရှင်ဘုရင်၏သားတော်များ၊ မယ်တော်မိဖုရား၏သားတော်များကို နှုတ်ဆက်ရန် လာကြပါသည်”ဟု ပြန်ဖြေ၏။
ထိုအခါ ယေဟုက “သူတို့ကို အရှင်ဖမ်းကြ”ဟု အမိန့်ပေး၍ သူတို့ကိုအရှင်ဖမ်းပြီး ဗက်အက်ကက်အရပ်ရှိရေတွင်းနားတွင် လူလေးဆယ့်နှစ်ယောက်ကို တစ်ယောက်မကျန် သတ်ပစ်လိုက်လေ၏။
ထိုအခါ ယဟောရံမင်းကြီးက “အသင့်ပြင်ကြလော့”ဟု အမိန့်ပေးသဖြင့် သူ၏စစ်ရထားကို အသင့်ပြင်ပေးကြ၏။ ထိုအခါ အစ္စရေးဘုရင်ယဟောရံမင်းကြီးနှင့် ယုဒဘုရင်အာခဇိမင်းကြီးတို့သည် အသီးသီးစစ်ရထားစီး၍ ယေဟုနှင့် တွေ့ဆုံရန် ထွက်သွားရာ ယေဇရေလမြို့သားနာဗုတ်၏မြေကွက်တွင် ဆုံကြ၏။
ယာဗက်မြို့တွင်နေထိုင်သော စာရေးတော်ကြီးမျိုးနွယ်စုများ၊ တိရသိလူမျိုး၊ ရှိမသိလူမျိုး၊ စုခသိလူမျိုးတို့ ဖြစ်ကြ၏။ ဤသူတို့သည် ရေခပ်အမျိုးအနွယ်၏ဖခင်ဟမ္မတ်မှဆင်းသက်လာသော ကေနိလူမျိုးများဖြစ်၏။
သူတို့ကလည်း မိမိတို့မယားများကို ကွာမည်ဟု ဝန်ခံကြပြီး ကိုယ့်အပြစ်အတွက် သိုးအုပ်ထဲမှသိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
ဗေသက္ကရင်နယ်ကိုအုပ်ချုပ်ရသူ၊ ရေခပ်၏သားမာလခိယသည် နောက်ချေးပုံတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်၏။ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်တို့ကို တပ်ဆင်၏။
မည်သူသည် ဆိုးညစ်သောအမှုပြုသောသူတို့ကို ဆန့်ကျင်ပြီး ငါ့အတွက်ထမည်နည်း။ မည်သူသည် အပြစ်ဒုစရိုက်ပြုသောသူတို့ကို ဆန့်ကျင်ပြီး ငါ့အတွက် ရပ်တည်မည်နည်း။
“သင်သည် ရေခပ်အမျိုးသားတို့ထံ သွား၍စကားပြောလော့။ သူတို့ကို ထာဝရဘုရား၏အိမ်တော်အခန်းတစ်ခုသို့ ခေါ်လာ၍ စပျစ်ဝိုင်ကိုတိုက်လော့”ဟု မိန့်ဆို၏။
သူသည် ပဋိညာဉ်ကိုချိုးဖောက်ခြင်းဖြင့် ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြုလျက် တစ်ပါးသူကို အကူအညီတောင်း၏။ ထိုသို့ပြုသောကြောင့် သူသည် ဘေးလွတ်မည်မဟုတ်’ဟု မိန့်တော်မူ၏။
ထိုမှူးမတ်ကလည်း “အကျွန်ုပ်အား ရှင်းပြပေးသူမရှိလျှင် မည်သို့နားလည်နိုင်ပါမည်နည်း”ဟု ဆိုပြီးလျှင် ဖိလိပ္ပုအား ရထားပေါ်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။