၃ ရာ 20:33 - မြန်မာ့စံမီသမ္မာကျမ်း33 သူတို့က နိမိတ်ကောင်းဟုထင်မှတ်လျက် ထိုနိမိတ်ကိုအမိအရယူကာ “မှန်ပါ။ အရှင့်နောင်တော် ဗင်္ဟာဒဒ်မင်းကြီးပါ”ဟု ပြန်လျှောက်တင်ကြ၏။ ရှင်ဘုရင်ကလည်း “သူ့ကို သွားခေါ်လာလော့”ဟု မိန့်တော်မူပြီး ဗင်္ဟာဒဒ်မင်းကြီးရောက်လာလျှင် ရထားပေါ်တက်စေ၏။ အခန်းကိုကြည့်ပါ။Common Language Bible33 ဗင်္ဟာဒဒ်၏အမှုထမ်းတို့သည် အရိပ်အခြည် ကိုစောင့်၍ကြည့်နေရကြရာ၊ အာဟပ်က``နောင် တော်'' ဟုဆိုလိုက်သောအခါချက်ချင်းပင် ဆက်၍``အရှင်မိန့်တော်မူသည့်အတိုင်းဗင်္ဟာ ဒဒ်သည်အရှင်၏နောင်တော်ပါ'' ဟုလျှောက် ကြ၏။ ထိုအခါအာဟပ်က``သူအားငါ့ထံသို့ခေါ် ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။ ဗင်္ဟာဒဒ်ရောက်ရှိ လာသောအခါ အာဟပ်သည်သူ့အားမိမိ၏ ရထားပေါ်သို့တက်ရန်ဖိတ်ခေါ်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible33 နိ မိတ် ကောင်း စ ကား ဟု ရုတ် ခြည်း ထင် မှတ် လျက် အ ရှင့် နောင် တော် ဗ င်္ဟာ ဒဒ် ပါ တည်း ဟု လျှောက် တင် ကြ ၏။ သွား ၍ ခေါ် ကြ လော့ ဟူ သော အ မိန့် တော် နှင့် အ ညီ ဗ င်္ဟာ ဒဒ် မင်း ရောက် လျှင် ရ ထား တော် ထက် သို့ တက် ခွင့် ရ ပြီး နောက် အခန်းကိုကြည့်ပါ။Judson Bible33 ထိုသူတို့သည် အာဟပ်မင်း၏စကားကို စေ့စေ့နားထောင်၍၊ ချက်ချင်းစကားအရိပ်ကို ဖမ်းလျက်၊ ကိုယ်တော်အစ်ကိုဟူ၍ မိမိတို့သခင်ကို ခေါ်ကြ၏။ အာဟပ်ကလည်း သွား၍ ခေါ်ကြလော့ဟု စေလွှတ်သည်အတိုင်း ဗင်္ဟာဒဒ်သည် ထွက်လာ၍၊ အာဟပ်မင်းအခွင့်နှင့် ရထားတော်ပေါ်သို့ တက်ရ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ထိုနေရာမှဆက်လက်ထွက်ခွာလာ၍ သူ့ကိုလာရောက်ကြိုဆိုသော ရေခပ်၏သားယောနဒပ်နှင့် တွေ့ဆုံနှုတ်ဆက်လျက် “သင်သည် ငါနှင့်စိတ်သဘောထားချင်းတူပါသလော”ဟုမေးလျှင် ယောနဒပ်က “တူပါ၏”ဟုပြန်ဖြေရာ ယေဟုက “သို့ဖြစ်လျှင် သင့်လက်ကို ကမ်းပေးလော့”ဟု ဆို၏။ ယောနဒပ် လက်ကမ်းပေးလျှင် ယေဟုသည် သူ့ကို ရထားပေါ်သို့ ဆွဲတင်လိုက်လေ၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ဗင်္ဟာဒဒ်မင်းကြီးက အာဟပ်မင်းကြီးအား “သင့်ခမည်းတော်ထံမှ အကျွန်ုပ်ခမည်းတော်သိမ်းယူခဲ့သောမြို့များကို သင့်အား ပြန်ပေးပါမည်။ အကျွန်ုပ်ခမည်းတော်သည် ရှမာရိမြို့တွင် ဈေးတည်သကဲ့သို့ သင်လည်း ဒမတ်စကပ်မြို့တွင် ဈေးတည်ပါ”ဟု ဆို၏။ အာဟပ်မင်းကြီးကလည်း “ဤကတိသစ္စာကြောင့် သင့်ကို ငါလွှတ်ပေးမည်”ဟု ဆိုကာ ဗင်္ဟာဒဒ်မင်းကြီးနှင့် ကတိသစ္စာပြုပြီး သူ့ကို လွှတ်လိုက်လေ၏။