၄ ရာ 10:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ ယေဟုက “သူတို့ကို အရှင်ဖမ်းကြ”ဟု အမိန့်ပေး၍ သူတို့ကိုအရှင်ဖမ်းပြီး ဗက်အက်ကက်အရပ်ရှိရေတွင်းနားတွင် လူလေးဆယ့်နှစ်ယောက်ကို တစ်ယောက်မကျန် သတ်ပစ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ယေဟုက``ဤသူတို့အားလက်ရဖမ်းဆီး ကြလော့'' ဟုမိမိ၏လူတို့အားအမိန့်ပေး သည့်အတိုင်း ဖမ်းဆီး၍တွင်းတစ်ခုအနီး တွင်လူပေါင်းလေးဆယ့်နှစ်ယောက်တို့ကို ကွပ်မျက်လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible14 ယေ ဟု မင်း က၊ လက် ရ ဖမ်း ကြ လော့ ဟု မိန့် ဆို သည့် အ တိုင်း ဖမ်း၍ ထို စ ရပ် ရေ တွင်း အ နီး လေး ကျိပ် နှစ် ယောက် တို့ ကို တစ် ယောက် မ ကျန် သတ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ယေဟုကလည်း၊ အရှင်ဖမ်းကြဟု စီရင်သည်အတိုင်း၊ အရှင်ဖမ်း၍ သိုးမွေးဇရပ်တွင်းနားမှာ လေးကျိပ်နှစ်ယောက်တို့ကို တစ်ယောက်မျှမကျန်စေဘဲ သတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ယုဒဘုရင်အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများနှင့် ဆုံသဖြင့် ယေဟုက “သင်တို့သည် မည်သူများနည်း”ဟု မေးလျှင် သူတို့က “အကျွန်ုပ်တို့သည် အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများ ဖြစ်ပါ၏။ ရှင်ဘုရင်၏သားတော်များ၊ မယ်တော်မိဖုရား၏သားတော်များကို နှုတ်ဆက်ရန် လာကြပါသည်”ဟု ပြန်ဖြေ၏။
ထို့နောက် ထိုနေရာမှဆက်လက်ထွက်ခွာလာ၍ သူ့ကိုလာရောက်ကြိုဆိုသော ရေခပ်၏သားယောနဒပ်နှင့် တွေ့ဆုံနှုတ်ဆက်လျက် “သင်သည် ငါနှင့်စိတ်သဘောထားချင်းတူပါသလော”ဟုမေးလျှင် ယောနဒပ်က “တူပါ၏”ဟုပြန်ဖြေရာ ယေဟုက “သို့ဖြစ်လျှင် သင့်လက်ကို ကမ်းပေးလော့”ဟု ဆို၏။ ယောနဒပ် လက်ကမ်းပေးလျှင် ယေဟုသည် သူ့ကို ရထားပေါ်သို့ ဆွဲတင်လိုက်လေ၏။
ယေဟုကလည်း သူတို့ထံ ဒုတိယအကြိမ်စာရေးလိုက်ပြန်၏။ စာထဲ၌ “သင်တို့သည် ငါ့စကားကိုနားထောင်ပြီး ငါ့ဘက်၌နေမည်ဆိုလျှင် သင်တို့သခင်၏သားများ၏ခေါင်းကိုဖြတ်ပြီး မနက်ဖြန်ဤသို့သောအချိန်၌ ငါရှိရာယေဇရေလမြို့သို့ ယူဆောင်လာကြလော့”ဟု ရေးထား၏။ ဘုရင့်သားတော်အပါးခုနစ်ဆယ်တို့သည် အထိန်းတော်များဖြစ်သောမြို့မိမြို့ဖများနှင့်အတူ ရှိနေ၏။