ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ဤအိမ်တော်ကို ပြီးစီးသည့်တိုင် ဆောက်လုပ်ခဲ့ခြင်းဖြစ်၏။
၃ ရာ 9:25 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။ Common Language Bible ရှောလမုန်သည်ထာဝရဘုရားအတွက် မိမိ တည်ဆောက်ထားသည့်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုတစ် နှစ်လျှင်သုံးကြိမ်ပူဇော်လေသည်။ ထာဝရ ဘုရားအားနံ့သာပေါင်းကိုလည်းမီးရှို့ပူ ဇော်တော်မူ၏။ သို့ဖြစ်၍သူသည်ဗိမာန် တော်တည်ဆောက်မှုကိုအပြီးသတ်တော်မူ သတည်း။ Garrad Bible ရှော လ မုန် မင်း လည်း ထာ ဝ ရ ဘု ရား အ ဖို့ တည် သော ရှေ့ တော် ရှိ ပ လ္လင် တော် ပေါ် တွင် နံ့ သာ ပေါင်း နှင့် တ ကွ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို တစ် နှစ် သုံး ကြိမ် ပူ ဇော် လေ့ ရှိ ၏။ ဗိ မာန် တော် တည် ဆောက် မှု အ ပြီး သတ် ပြီး လျှင် Judson Bible ထာဝရဘုရားအဖို့တည်သော ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို တစ်နှစ်တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၍၊ ထာ၀ရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကိုမီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။ |
ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ဤအိမ်တော်ကို ပြီးစီးသည့်တိုင် ဆောက်လုပ်ခဲ့ခြင်းဖြစ်၏။
တစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ဟုခေါ်သောအဋ္ဌမလတွင် ရေးဆွဲချမှတ်ထားသောအိမ်တော်ပုံစံအတိုင်း ဆောက်လုပ်ပြီးစီး၏။ အိမ်တော်ကို ခုနစ်နှစ်တိုင် ဆောက်လုပ်ခဲ့ရ၏။
ဤသို့ အိမ်တော်ကိုတည်ဆောက်ပြီးစီးပြီးမှ အိမ်တော်အမိုးမျက်နှာကြက်ကို သစ်ကတိုးသား ထုပ်တန်းများ၊ ပျဉ်ချပ်များဖြင့် ပြုလုပ်၏။
အာမရံ၏သားများမှာ အာရုန်နှင့်မောရှေ တို့ဖြစ်ကြ၏။ အာရုန်သည် အသန့်ရှင်းဆုံးဌာနကို သန့်ရှင်းစင်ကြယ်စေရန်၊ သူနှင့်သူ့သားမြေးတို့သည် ထာဝရဘုရားရှေ့တော်တွင် ယဇ်ပူဇော်ရသောအမှုကို အစဉ်ဆောင်ရွက်ရန်နှင့် နာမတော်ကို အစဉ်ချီးမွမ်းရန် ခန့်ထားခြင်းခံရသူများဖြစ်၏။
ငါ့သားတို့၊ ယခု မပေါ့ဆကြနှင့်။ ထာဝရဘုရားရှေ့တော်တွင် ရပ်၍အမှုတော်ထမ်းဆောင်ရန်နှင့် ရှေ့တော်တွင် အမှုတော်ဆောင်အဖြစ် နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် သင်တို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး အခြားဘုရားအများတို့ထံ နံ့သာပေါင်းမီးရှို့ပူဇော်လျက် သူတို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြ၏။ ထို့ကြောင့် ဤမြို့၌ ငါ့အမျက်မီး တောက်လောင်၍ ငြိမ်းလိမ့်မည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု မိန့်ဆို၏။
ထာဝရဘုရား၏အိမ်တော်အုတ်မြစ်ချသည့်နေ့မှစ၍ အားလုံးပြီးစီးသည်အထိ ရှောလမုန်မင်းကြီး လုပ်ဆောင်ရမည့်လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးလေ၏။ ဤသို့ဖြင့် ထာဝရဘုရား၏အိမ်တော်ဆောက်လုပ်ခြင်းအမှု ပြီးစီးလေ၏။
အာရုန်သည် နံနက်တိုင်းမီးခွက်များကိုပြင်ဆင်သောအခါ ထိုယဇ်ပလ္လင်ပေါ်၌ အမွှေးနံ့သာပေါင်းကို ရှို့ရမည်။
ယောက်ျားအပေါင်းတို့သည် အစ္စရေးလူမျိုး၏ဘုရားဖြစ်သော ထာဝရဘုရားသခင်ရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ် မျက်နှာလာပြရမည်။
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
ထိုနေ့မှစ၍ အစ္စရေးသမီးပျိုတို့သည် ဂိလဒ်အမျိုးသား၊ ယေဖသ၏သမီးအတွက် တစ်နှစ်လျှင်လေးရက် နှစ်စဉ်သတိရအောက်မေ့လေ့ရှိကြ၏။